Saturday, February 18, 2012

အသိပညာ ရဲ့ တန်ဖိုး

အသိပညာ ရဲ့ တန်ဖိုး



တခါတုန်းက အလွန်ကြီးမားတဲ့ သဘောင်္ကြီးတစ်စင်းရဲ့ အင်ဂျင်ဟာ ပျက်သွားတယ် ။ သဘောင်္ပိုင်ရှင်ဟာ စက်ပြင်သမားတွေ တစ်ယောက်ပြီးတစ်ယောက် ပြောင်းပြီးပြပေမယ့် ဘယ်သူကမှ အင်ဂျင်ပြန်ကောင်းအောင် ဘယ်လိုလုပ်ရမလဲဆိုတာ အဖြေ ရှာမတွေ့ခဲ့ကြဘူး ။ တစ်နေ့မှာ စက်ပြင်သမားတွေက သင်္ဘောအင် ဂျင်နဲ့ပတ်သတ်လို့ ငယ်ငယ်ကတည်းကတတ်ကျွမ်းခဲ့တဲ့ အဖိုးအိုတစ်ဦးကိုခေါ်လာတယ် ။ အဖိုးအိုက အိတ်ကြီး တစ်လုံးကိုလွယ်ထားတယ် ။ ရောက်ရောက်ခြင်းပဲ သူဟာ အင်ဂျင်ဆီကိုသွားပြီးအလုပ်လုပ်ဖို့ စတင်ပါတယ် ။ အဖိုးအိုဟာ အင်ဂျင်ကို ဂရုတစိုက်နဲ့ သေချာကြည့်တယ် အပေါ် ကနေ အောက်ခြေ အထိ သေသေ ချာချာစစ်ဆေးတယ် ။

အဲဒီနေရာမှာ သင်္ဘောပိုင်ရှင်ကလည်း ကြည့်နေတယ် ။ အဖိုးအို ဘာလုပ်မလဲဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့ ။ အကုန်လုံးကြည့်ပြီးတဲ့အခါ အဖိုးအိုဟာ အိတ်ထဲကို လက်နှိုက်လိုက်ပြီး တူသေးသေးလေး တစ်ချောင်း ကိုထုတ်လိုက်တယ် ။ ပြီးတော့ တစ်နေရာကို ညှင်သာစွာ ခေါက်လိုက်တယ် ။ ရုတ်တရက်ပဲ အင်ဂျင်က စက်နှိုးသွားပါတယ် ။ အဖိုးအိုဟာ သူ့ တူလေးကို ဂရုတစိုက်အိတ်ထဲထည့်ပြီး ထွက်ခွာသွားတယ် ။ ခဏလေးပါပဲ --- အင်ဂျင်ပြင်တာပြီးသွားပါပြီ ။

တစ်ပတ်ကြာပြီးနောက်မှာ သဘောင်္ပိုင်ရှင်ဟာ အဖိုးအိုဆီက ငွေတောင်းခံလွှာကို လက်ခံရရှိခဲ့တယ် ။ ဒေါ်လာ ၁၀၀၀၀ ဖြစ်ပါသတဲ့ ။

“ ဘာ ” သဘောင်္ပိုင်ရှင် ထိတ်လန့်သွားတယ် ။ “ သူက ဘာများ ခက်ခဲစွာ လုပ်ရလို့လဲ ”

ဒီလိုနဲ့ သဘောင်္ပိုင်ရှင်က အဖိုးအိုကို ပစ္စည်းတန်ဖိုးနဲ့တကွ ကုန်ကျစရိတ်ကိုတောင်းခံလွှာပို့လိုက်တယ် ။ အဖိုးအို က စာပြန်ပို့လိုက်တယ် ။

“ တူ နှင့် ထု ခ --- ၂ ဒေါ်လာ
မည်သည့်နေရာကို ထု ရမလဲ သိသည့် အသိပညာခ - ၉၉၉၈ ဒေါ်လာ ”

####################################

လောကကြီးမှာ အသိပညာ အတတ်ပညာဟာ အရာအားလုံးကို ဖြေရှင်းပေးနိုင်သလို ဘ၀ရဲ့ အောင်မြင် ခြင်းသော့ ချက်လည်းဖြစ်တယ် ။ ဒါကြောင့် ကျွန်တော်တို့အားလုံးလည်း အသိပညာတစ်ခုခုကို စူးစိုက်လေ့ လာသင်ကြားကြဖို့လိုတယ် ။ ဘယ်နေရာလေး (Key point ) ကို အားစိုက်ပြုပြင်ရမလဲဆိုတာ သိခြင်း ဟာ လော က မှာ အရေးကြီးဆုံး အရာတစ်ခုပါပဲ ။

သက်တန့်ချို
Feb 18-2012


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

6 comments:

  1. စာတစ်ပုဒ် တင်ပြီးတိုင်း ဘယ်က ယူလာသလဲ ဆိုတဲ့ Source ကို ခရက်ဒစ် ပေးပါ။

    ReplyDelete
  2. တခါတခါတော့ ခက်တော့ခက်တယ် ကိုစိုးထက်ရဲ့ ကျွန်တော်တစ်ခုပြောပြမယ်နော် ကျွန်တော်ဟာ ကိုယ့်စာတွေကိုသူများယူသုံးရင်သာ ခရက်ဒစ်ကိစ္စကို စိတ်မ၀င်စားပေမယ့် သူများဆီက ကူးဖို့လိုပြီဆိုရင်တော့ သေသေချာချာ လေးလေးစားစား ခရက်ဒစ်ပေးတယ် Source and reference link တွေကို ဖော်ပြပေးတယ်ဆိုတာ ကျွန်တော်ရေးထားတဲ့စာတွေအကုန်လုံးကို နောက်ကြောင်းလှန်ကြည့်ရင် ကိုယ့်လူသိမှာပါ ။ ခက်တယ်ဆိုတာ ဒီလိုဗျ အခုပုံပြင်တွေ သာဓကတွေအကုန်လုံးက Chicken soup for the soul မှာလည်းတွေ့ရတယ် တခြား ဘလော့တွေ တရုတ် နိုင်ငံက ၀ဘ်ဆိုက်တွေနဲ့ Inspirational and moral blog အတော်များများမှာ တွေ့ရတယ် မူရင်းရေးသားသူ ရှာဖို့ ကျွန်တော့်အနေနဲ့ တခါတခါ အတော်ခက်တယ်ဗျ ဒီတော့ ကျွန်တော် ပြောချင်တာကတော့ I credit to those who should credit to ပေါ့ဗျာ ကိုယ်ဘာသာပြန်တဲ့ ဆိုက်တိုင်းလင့်တိုင်းက မူရင်းရေးသားသူမဟုတ်ဘူးဗျို့ ဒါကြောင့် ကျွန်တော် ရမ်းပြီး မဖော်ပြနိုင်ပါဘူး ။ ဆောရီးပါ ။

    နောက်တစ်ချက်က ကျွန်တော် “ ယူလာခဲ့တယ် ” ဆိုတဲ့စကာေးလး သတိထားစေချင်တယ် ကျွန်တော် က ဘလော့မှာ သူများရေးပြီးသားစာတွေကို ကူးတင်လေ့မရှိပါဘူး ။ ဘာသာပြန်နဲ့ ကိုယ်ပိုင်ရေးတွေပဲတင်ပါတယ် ။ ဒီတော့ ကိုစိုးထက်ပြောသင့်တာက ဘာသာပြန်တဲ့ လင့်လေးဖော်ပြပေးပါလို့ပဲ ပြောရမှာဖြစ်တယ် ။

    သက်တန့်ချို

    ReplyDelete
  3. မောင်စိုးထက်ရေ.ဘုမတိုက်ချင်စမ်းနဲ့ ကွာ..ကိုသန့် တန့် credit မတင်တော့ ရော မင်း က ဘာ များထိခိုက်သွားလို့ လဲကွာ... ငါကတော့ သူ့ ဘလော့  တွေ ဖတ်ပြီး အပျင်းဖြေနေရတာပဲ ဟေ့

    ReplyDelete
  4. မောင်စိုးထက်ရေ.ဘုမတိုက်ချင်စမ်းနဲ့ ကွာ..ကိုသန့် တန့် credit မတင်တော့ ရော မင်း က ဘာ များထိခိုက်သွားလို့ လဲကွာ... ငါကတော့ သူ့ ဘလော့  တွေ ဖတ်ပြီး အပျင်းဖြေနေရတာပဲ ဟေ့

    ReplyDelete
  5. ကိုသက်တန့်သည်းခံလိုက်ပါဗျာ။အားပေးသူထောင်သောင်းရှိပြီးမလိုသူတယောက်နှစ်ယောက်လောက်တော့ရှိမှသဘာဝကျမှာပေါ့။ဟုတ်ဖူးလား

    ReplyDelete
  6. လူ တချို ကတော်တော် ခက်တယ်နော် ဘယ်လိုနားလည်ရမှန်းကိုမသိဘူး ကျွန်တော်ကတော့ ကိုသက်တန့် ဘယ်ကပဲ့ကူးယူ ယူ ဘယ်လိုပဲ့ရေရေပေါ့နော် ကျွန်တော်တို့ တွေအားလုံးကိုသက်တန်ဆိုဒ်မှာ ဗဟုသုတရမဲ့စာတွေဖက်ခွင့်ရတဲ့အတွက် ဖက်ခွင်ရအောင် မအားလပ်တဲ့ကြားက စီစဉ်ပေးတယ်အတွက် တကယ်ကိုကျေးဇူးကြီးပါတယ် ကိုသက်တန့် စိတ်ဓါတ်ခွန်အားတွေလည်းရရှိခဲ့ပါတယ် အကိုစာတွေကို စဖက်ကတည်းက လေးစားမိတာအမှန်ပါ အကိုစာတွေကို ဖက်ပြီး အကိုရင်ထဲက မေတ္တာ စေတနာတွေကိုနားလည်ပါတယ် ကိုသက်တန့်ရေ ကောင်းကင်မှာလမင်ကြီးကတော့သာနေတာပေါ့နော် ဒါပေ့မဲ့လည်း

    ReplyDelete