Tuesday, February 14, 2012

အချစ်နှင့်အချိန် (ပုံပြင်)

အချစ်နှင့်အချိန် (ပုံပြင်)



ဟိုးရှေးရှေးတုန်းက စိတ်ခံစားချက်တွေနဲ့ ပြည့်နှက်နေတဲ့ ကျွန်းကလေးတစ်ကျွန်းရှိတယ် ။ အဲဒီကျွန်း ကလေး မှာ ပျော်ရွှင်ခြင်း ၊ ၀မ်းနည်းခြင်း ၊ အသိပညာ နဲ့ အချစ်အပါအ၀င် တခြားစိတ်ခံစားမှုအားလုံး တည်ရှိနေကြတယ် ။ တစ်နေ့မှာတော့ ကျွန်းကလေးပေါ်မှာ ကြေငြာချက်တစ်ခုထွက်လာတယ် ။ မကြာခင် အဲဒီကျွန်းကလေး မှာ ရေ မြုပ်တော့မည့်အကြောင်း အရေးပေါ် ထုတ်ပြန်ပြီးတဲ့အခါ စိတ်ခံစားမှုအား လုံးဟာ လှေတွေ တည်ဆောက် ပြီး ကျွန်းကလေးကို စွန့်စွာသွားခဲ့ကြတယ် ။ အချစ်ဆိုတဲ့ စိတ်ခံစားမှုက လွဲလို့ပေါ့ ။

ကျွန်းကလေးပေါ်မှာ အချစ်ဟာ တစ်ယောက်တည်း အထီးကျန်နေခဲ့ရတယ် ။ သူဟာ နောက်ဆုံး အချိန်ထိ တတ်နိုင် သရွှေ့ ကျွန်းကလေးကို မစွန့်ခွာချင်ခဲ့ဘူး ။ သူ့မှာလည်း ကျွန်းကလေးပေါ်ကနေ ထွက်ခွာဖို့ လှေ မရှိဘူး ဖြစ်နေခဲ့တယ် ။

ချမ်းသာကြွယ်ဝမှုဟာ အဲဒီအချိန်မှာ ကျွန်းကလေးပေါ်ကနေ လှေတစ်စီးနဲ့ထွက်ခွာဖို့ပြင်ခဲ့တယ် ။ အချစ် ကမေးတယ် “ ချမ်းသာမှုရေ ကျွန်တော့်ကို ခင်ဗျားနဲ့အတူခေါ်သွားပေးနိုင်မလား ”

ချမ်းသာမှုကပြန်ဖြေတယ် “ ဟင့်အင်းမခေါ်သွားပေးနိုင်ပါဘူး ဒီလှေပေါ် မှာ ရွေတွေနဲ့ငွေတွေ အပြည့်တင် ထားပါ တယ် ခင်ဗျားအတွက် ဒီလှေပေါ်မှာ နေရာမှမရှိပါဘူး ”

အချစ်က ဒီလိုနဲ့ သူ့ဘေးကနေ လှပတဲ့ လှေကလေးနဲ့ထွက်ခွာဖို့မာန ကိုမေးဖို့ ဆုံးဖြတ်လိုက်တယ် ။ “ မာန ခင်ဗျား ကျွန်တော့်ကို ကျေးဇူးပြုပြီးကူညီပါဗျာ ”

“ ဟင့်အင်း ခင်ဗျားကို မကူညီနိုင်ပါဘူး အချစ် ခင်ဗျားတကိုယ်လုံးရေတွေစိုနေပြီ ခင်ဗျားတက်လာရင် ကျွန်တော့်လှေ ကလေး ပျက်စီးသွားမှာစိုးတဲ့အတွက်ပါ ” လို့ မာနက ခပ်တင်းတင်းပဲ ပြန်ဖြေတယ် ။

အဲဒီအချိန်မှာ ၀မ်းနည်းမှုဟာ အချစ်ရဲ့နားကို ကပ်လာတဲ့အတွက် အချစ်ကမေးလိုက်တယ် ။ “ ၀မ်းနည်းမှု ခင်ဗျားနဲ့ ကျွန်တော်အတူသွားကြရအောင် ”

“ အိုး...အချစ်ရယ် ငါ့ကိုယ်ငါတောင်မကူညီနိုင်လို့ ငါတောင်ဝမ်းနည်းနေရပါတယ် ” လို့ ၀မ်းနည်းမှုက ပြန်ဖြေ တယ် ။

ပျော်ရွှင်မှုဟာလည်း အချစ်ရဲ့အနားကနေ ထွက်ခွာသွားခဲ့တယ် ။ ပျော်ရွှင်မှုဟာ အချစ်ရဲ့ အကူအညီတောင်း ခံသံကို မကြားလိုက်ရလို့ မျက်နှာမှာ ပြုံးရွှင်ပြီးထွက်ခွာသွားခဲ့တယ် ။

ရုတ်တရက်ချက်ချင်းပဲ အသံတစ်သံကိုကြားလိုက်ရတယ် ။ “ လာပါ အချစ် ငါမင်းကိုခေါ်သွားမယ် ” အဲဒီစကား ကို ပြောလိုက်သူက သူ့ထက်အသက်ကြီးတဲ့ အချစ်ကြီးပဲဖြစ်ပါတယ် ။ အချစ်ဟာ သူနဲ့မျိုးနွယ်တူ သူ့ထက် အကြီးကို မေးဖို့မေ့နေခဲ့တာတောင်မှ သူ့ထက်အသက်ကြီးတဲ့အချစ်ကြီးက သူ့ကို လှေနဲ့ခေါ်ဆောင် သွားခဲ့ တယ် ။ ဒီလိုနဲ့ ခြောက်သွေ့တဲ့ ကျွန်းတစ်ကျွန်းပေါ်ကို သူတို့ရောက်လာခဲ့ကြတယ် ။

သူ့ထက်အသက်အရွယ်ကြီးတဲ့ အချစ်ကြီး က သူ့ကို ထားခဲ့ပြီး သူ့လမ်းသူဆက်သွားခဲ့တယ် ။ အချစ်ဟာ သူ့ထက်အကြီးဖြစ်တဲ့ အသိပညာကို မေးလိုက်တယ် ။ “ ကျွန်တော့်ကို ဘယ်သူကူညီနိုင်ဦးမလဲ ” အသိပညာက ပြန်ဖြေတယ် “ အချိန်ကသာ သင့်ကိုကူညီနိုင်ပါလိမ့်မယ် ”

“ အချိန် !! ဟုတ်လား ” အချစ်က မေးတယ် ။ “ ဒါပေမယ့် အချိန်က ကျွန်တော့်ကို ဘယ်လိုကူညီနိုင်မှာလဲဗျ ”

ဥာဏ်ပညာကြွယ်ဝတဲ့ အသိပညာဟာ လေးနက်စွာ ပြုံးလိုက်ပြီး ပြန်ဖြေခဲ့တယ် ။

“ အချိန် ကသာလျှင် အချစ်ဆိုတာ ဘယ်လောက်တန်ဖိုးရှိသလဲ သိတဲ့ တစ်ခုတည်းသော အရာဖြစ်နေလို့ပေါ့ ”

####################################

ကျွန်တော်တို့ဟာ တစ်ဦးနဲ့တစ်ဦးနီးကပ်နေစဉ်မှာ တစ်ဦးရဲ့ အချစ်ကို တစ်ဦးက တန်ဖိုးမထားမိခဲ့ကြဘူး ။ အချစ်ဆိုတာဟာလည်း အချိန်ကြာလာတဲ့အခါမှ သွေးအေးသွားကြတယ်လို့ ထင်နေကြပေမယ့် တကယ်တော့ အချိန်ကြာလေလေ အချစ်ဟာ ပိုလေးနက်ပြီး ပို ခံစားရလေလေ ပိုတန်ဖိုးရှိလေလေပါပဲ ။ ဒါကြောင့် အချစ်ကို နားလည်တာဟာ အချိန်ပဲရှိပါတယ် ။ ကျန်တဲ့ ချမ်းသာကြွယ်ဝမှု ၊ ၀မ်းနည်းမှု ၊ ပျော်ရွှင်မှု ၊ အသိပညာတွေဟာ အချစ်ကို မကူညီနိုင်သလို ဘာမှ ဆုံးဖြတ်ချက်မပေးနိုင်ကြဘူး ။

အချိန်တွေကြာလာတာနဲ့အမျှ အချစ်ဆိုတာကိုလည်း သင်တို့ ပိုပြီးနားလည်လာနိုင်ကြပါလိမ့်မယ် ။

သက်တန့်ချို
Feb 14-2012

Love and time အား ဘာသာပြန်ခံစားသည် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

11 comments:

  1. အချိန် ကသာလျှင် အချစ်ဆိုတာ ဘယ်လောက်တန်ဖိုးရှိသလဲ သိတဲ့ တစ်ခုတည်းသော အရာဖြစ်နေလို့ပေါ့


    အချိန်ကို စောင့်....
း(((

    ReplyDelete
  2.့ုပိုစ့်လေးဖတ်ပြီ တခုခုကိုစဉ်းစားသွားပါတယ်

    ReplyDelete
  3. အချစ်ရဲ့တန်ဘိုးကိုနားလည်နိုင်သူဟာ အချိန်မှတစ်ပါး
    အခြားမရှိပြီ။ ဟုတ်ပေသားပဲမောင်သက်တန့်ရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  4. ဟုတ်တယ် အချိန်ကဘဲ အဖြေပေးသွားလိမ့်မယ်း)

    ReplyDelete
  5. အချိန်ကပဲ အချိန်ရဲ့ တန်ဖိုးကို သတ်မှတ်ပေးမှာပေါ့နော်....
    အချိန်သာလျှင် အဆုံးအဖြတ်ပေးနိုင်မှာပေါ့နော်.............

    ReplyDelete
  6. အာဂျီးမားFebruary 15, 2012 at 6:10 PM

    အချိန်ကိုစောင့်ရင်းနဲ့ ဘွားကြီးဖြစ်တော့မယ်..

    ReplyDelete
  7. ငယ်သွေးFebruary 16, 2012 at 1:37 PM

    ကိုသက်တန့်ရေ ညီမကို တခု ကူညီပါအုံးနော် မေးလ်ထဲကနေဖတ်မယ်ဆိုရင် ဆိုတဲ့ နေရာမှာ ညီမ ရဲ့ မေးလ်အကောင့် ကို ထည့်တာလဲ မရဘူးဖြစ်နေတယ် ဘယ်လိုဆက်လုပ်ရတာလဲမသိလို့ပါ ကူညီပါနော်ကျေးဇူးပါ

    ReplyDelete
  8. ငယ်သွေး> မေးလ်ထဲကနေဖတ်မယ်ဆိုတဲ့နေရာမှာ မေးလ်ကိုရိုက်ထည့်ပါ ပြီးရင် နှိပ်ရန် ဆိုတဲ့ခလုတ်လေးကိုနှိပ်လိုက်ပါ ။ အဲဒါပြီးသွားရင်တော့ ကိုယ့်မေလ်းထဲကိသွားပါ You have subscribed သက်တန့်ချို ဆိုပြီး မေလ်းအသစ်တစ်စောင်ဝင်လာပါလိမ့်မယ် အဲဒီမေးလမ်ထဲမှာ Click the following link to activate ဆိုပြီးလင့်တစ်ခုပါလာပါလိမ့်မယ် အဲဒါလေးကိုနှိပ်ပြီးရင်ရပါပြီ ။ပို့စ်အသစ်တင်တိုင်းမေးလ်ထဲရောက်နေပါလိမ့်မယ် ။

    ReplyDelete
  9. ငယ်သွေးFebruary 17, 2012 at 1:52 PM

    ကိုသက်တန့်ရေ အခု ကိုသက်တန့်ပြောသလို လုပ်တော့လဲ NW Error တဲ့ G mail တော့ဖွင့်လို့ရတယ် သိလား စိတ်ညစ်လာပြီနော် နောက်နေ့မှ ထပ်ကြိုးစားပြီး ဖွင့်ကြည့်မယ်နော် ညီမ ကို အကြောင်းပြန်ထားလို့ ကျေးဇူးပါ

    ReplyDelete
  10. လွှမ်းမိုးသူApril 19, 2013 at 7:34 AM

    အချိန်ဟာအကောင်းဆုံးသမားတော်ကောင်းတစ်ဦးဖြစ်ပါတယ်

    ReplyDelete
  11. အကို​ပြောတဲ့အတိုင်းဖြစ်​ပါ​စေလို့ဆု​တောင်းပါတယ်​ရှင်

    ReplyDelete