Thursday, February 16, 2012

မျိုးတုန်းပျောက်ကွယ်တော့မယ့် ငါးမန်းတွေရဲ့ အန္တရာယ်

မျိုးတုန်းပျောက်ကွယ်တော့မယ့် ငါးမန်းတွေရဲ့ အန္တရာယ်




ငါးမန်းတွေဟာ နှစ်စဉ်နှစ်တိုင်း မှာ သူတို့ရဲ့ အတောင်တွေအတွက် သတ်ဖြတ်ခြင်းခံနေရပါတယ် ။ တ ကယ်တော့ ငါးမန်းတောင်ဟင်းချိုဆိုတာ ကမ္ဘာပေါ်မှာရှိတဲ့ နေရာအတော်များများမှာ ဥပမာ (တရုတ်ပြည် ) ထင်ရှားကျော်ကြားတဲ့အစားအစာတစ်ခုဖြစ်လို့နေပါတယ် ။ အဆိုးဆုံးကတော့ ငါးမန်းတွေကို သူတို့ အတောင်လေး တစ်ခုရရှိဖို့အတွက် ရက်စက်စွာ သတ်ဖြတ်ခြင်းတွေကြုံတွေ့နေရခြင်းဖြစ်ပါတယ် ။ ကျန်တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းကိုတော့ မြေကြီးပေါ်မှာပဲ ပုပ်သိုးအောင်ထားကြပြီး ပြီးတော့မှ ရေထဲမှာ တခြား သတ္တ၀ါတွေစားဖို့အတွက် ပြန်လည်စွန့်ပစ်ကြပါတယ် ။

ငါးမန်းအသားကိုလည်းတချို့ ဒေသတွေမှာ လည်းစားကြပါတယ် ။ သူတို့ကတော့ငါးမန်းတွေကို သတ်ဖြတ် ပြီးတကိုယ်လုံးကို အသုံးပြုကြပါတယ် ။ အသားကို အစာအဖြစ် အသုံးပြုပြီးအဆီကိုတော့ ငါးမန်းဆီ အဖြစ် အသုံး ပြုကြတယ် ။ အရေခွံကိုတောင် ကော်ဖတ်အပြင် တခြားအရာတွေအဖြစ်ပြုလုပ်ကြပါသေးတယ် ။ အခုဆို ရင် ကမ္ဘာပေါ်မှာ ငါးမန်းတွေ မျိုးသုဉ်းပျောက်ကွယ်တော့မယ့် အန္တရာယ်နဲ့ ဆိုးရွားစွာ ကြုံတွေ့နေရပါပြီ ။

####################################

ကျွန်တော်တို့အားလုံးဟာ အစားအသောက်စားသုံးပုံ စနစ်ကိုပြောင်းကြဖို့တော့လိုနေပါပြီ ။ မျိုးသုဉ်းပျောက် ကွယ်တော့မယ့် ငါးမန်းတွေကို ငါးမန်းတောင်ဟင်းချိုသောက်ရဖို့လေးအတွက်နဲ့ ရက်စက်စွာ သတ်ဖြတ်ခြင်း အား ရှောင် ကြဉ်ကြပြီး မျိုးတုန်းတော့မယ့် သတ္တ၀ါမျိုးစိတ်တွေကို ကာကွယ်စောင့်ရှောက်ကြပါစို့ ။

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment