Saturday, February 25, 2012

အရုပ်တစ်ရုပ် နှင်းဆီဖြူတစ်ပွင့် နဲ့ စိတ်ထိခိုက်ဖွယ်အဖြစ်လေးတစ်ခု

အရုပ်တစ်ရုပ် နှင်းဆီဖြူတစ်ပွင့် နဲ့ စိတ်ထိခိုက်ဖွယ်အဖြစ်လေးတစ်ခု



အရမ်းကို စိတ်ထိခိုက်ရတဲ့ အဖြစ်အပျက်လေးတစ်ခုပါပဲ - - - ။

ကျွန်တော် စတိုင်းဆိုင်တစ်ခုမှာ ဈေးဝယ်ထွက်ဖို့ လမ်းလျှောက်နေတဲ့အချိန်တုန်းကပေါ့ ။ အသက် ၅ နှစ်လောက်ပဲရှိတဲ့ ကောင်လေးတစ်ဦးကို အရောင်းစာရေးမလေးက ပြောနေတာကို မြင်ခဲ့တယ် ။ အရောင်းစာ ရေးမ လေးကပြောတယ် ။

“ စိတ်မကောင်းပါဘူးကလေးရယ် မင်းမှာ ဒီအရုပ်လေးကို ၀ယ်ဖို့ ငွေမလောက်ဘူးလေ ”

အဲဒီတော့ ကောင်လေးက ကျွန်တော့်ကြည့်နေတာကိုမြင်သွားပြီး ကျွန်တော့်ကို မေးတယ် ။ “ ဦးဦး ကျွန်တော့်မှာ ငွေမ လုံလောက်ဘူးဆိုတာ သေချာလားဟင် ”

ကျွန်တော်သူ့ငွေတွေကိုရေတွက်ကြည့်ပြီးပြန်ပြောခဲ့တယ် ။ “ အင်းဟုတ်တယ် ကောင်လေး မင်းမှာ ဒီအရုပ်လေး ၀ယ်ဖို့ ငွေမလုံလောက်ဘူးလေ ” ကောင်လေးဟာ သူ့လက်ထဲမှာ အရုပ်ကလေးကိုဆက်ပြီးကိုင်ထားတုန်းပါပဲ ။ နောက် ဆုံး ကျွန်တော်သူ့နားသွားပြီး သူ့ကိုမေးခဲ့တယ် ။ အဲဒီအရုပ်ကလေးက ဘယ်သူ့ကိုဝယ်ပြီးပေးမလို့လဲ ဆို တာကိုပေါ့ ။

“ ဒီအရုပ်ကလေးက ကျွန်တော့် အစ်မ သိပ်ကြိုက်ခဲ့တဲ့အရုပ်ကလေးပါ သူအရမ်းလိုချင်နေခဲ့တယ် သူ့မွေးနေ့ အတွက် ကျွန်တော်ဝယ်ပြီးသူ့ကိုပေးချင်လို့ပါ ဦးဦး”

“ ဒီအရုပ်ကလေးကို ၀ယ်ပြီး အမေ့ကို ပေးလိုက်မယ် အဲဒီအခါ အမေက နေ အစ်မဆီသွားတဲ့အခါ အဲဒီအ ရုပ်က လေးကို ပေးနိုင်မှာပါ ” သူ့မျက်လုံးထဲမှာ အလွန် ၀မ်းနည်းနေတဲ့အရိပ်အယောင်တွေနဲ့ စကားကိုဖြည်း ဖြည်းချင်း ပြောတယ် ။

“ တကယ်တော့ အစ်မ က ကောင်းကင်ဘုံမှာပါ အဖေက ကျွန်တော့်ကိုပြောတယ် အမေလည်း မကြာခင်မှာ ကောင်းကင်ဘုံမှာ အစ်မ ကိုသွားပြီး တွေ့လိမ့်မယ်တဲ့ ဒါကြောင့် အစ်မဆီကို အမေနဲ့အတူ ကျွန်တော် ဒီအရုပ်ကလေးကို လက်ဆောင်ပေးလိုက်ချင်လို့ပါ ”

ကျွန်တော့် နှလုံးခုန်သံဟာ ရပ်တန့်သွားမတတ်ပါပဲ ။ ဒီအသက် ၅ နှစ်အရွယ်ကောင်လေးက ကျွန်တော့် ကိုစိုက်ကြည့် ပြီးဆက်ပြောတယ် ။ “ ကျွန်တော်အဖေ့ကိုပြောပါတယ် အမေ့ကို မသွားဖို့ တားပေးဖို့အတွက်ပေါ့ ကျွန်တော်အခု အရုပ်ဝယ်ပြီးပြန်သွားတဲ့အချိန်ထိ အမေ့ကို စောင့်နေစေချင်တယ်လေ ” ပြီးတော့ ကောင် လေးက သူရယ်မောနေတဲ့ပုံလေးတစ်ပုံကို ကျွန်တော့်ကို ထုတ်ပြတယ် ။

“ ကျွန်တော် ဒီပုံလေးကို အမေနဲ့ထည့်ပေးလိုက်မယ် အမကျွန်တော့်ကို မမေ့သွားအောင်ပေါ့ ဒါပေမယ့် အဖေက ပြောတယ် သားမေမေဟာ သားမမ နဲ့ အမြန်ဆုံးသွားတွေ့ရတော့မယ်တဲ့ ” ကောင်လေးဟာ ရီေ၀၀မ်းနည်းနေတဲ့ မျက်လုံးတွေနဲ့ လက်ထဲက အရုပ်ကလေးကို စိုက်ကြည့်ရင်းပြောနေတယ် ။

ကျွန်တော် ပိုက်ဆံအိတ်ကိုချက်ချင်း ဆွဲထုတ်ပြီးကလေးကိုပြောလိုက်တယ် ။ “ ငါတို့နောက်တစ်ခါ ပြန်စစ်ရ အောင်အရုပ်အတွက် လုံလောက်တဲ့ ပိုက်ဆံ ရှိချင်ရှိနေမှာပေါ့ မဟုတ်ဘူးလားကလေးရဲ့ ”

“ ကောင်းပါပြီ ” လို့ ကောင်လေးကပြောတယ် ။ “ ငွေပြည့်ပါစေလို့ ကျွန်တော်ဆုတောင်းနေပါ့မယ် ” ကျွန်တော် သူမမြင် တွေ့ခင်မှာပဲ ပိုက်ဆံအိတ်ထဲကငွေအချို့ကို အမြန်ထုတ်ယူပြီးကောင်လေးငွေတွေကို စတင်ရေ တွက်ခဲ့ တယ် ။ အရုပ်အတွက် ငွေက လုံလောက်ယုံတင်မကပါဘူး ပိုတောင်ပိုလို့နေပါသေးတယ် ။

ကောင်လေးကပြောတယ် “ ကျွန်တော့်ကို လုံလောက်တဲ့ငွေတွေပေးတဲ့အတွက် ဘုရားသခင်ကို ကျေးဇူး တင်ပါ တယ် ” တဲ့ ။

“ ကျွန်တော်လွန်ခဲ့တဲ့ညက မအိပ်ခင် ဘုရားသခင်ကိုပြောခဲ့တယ် အမကို လက်ဆောင်ပေးလိုက်ဖို့အတွက် လုံလောက် တဲ့ ငွေလိုချင်ပါတယ်လို့ အခု သူကြားသွားသလားမသိဘူးနော် ! ”

“ ကျွန်တော် အမေ့အတွက်လည်း နှင်းဆီအဖြူလေးတစ်ပွင့်လောက် ၀ယ်ပေးချင်ပါတယ် -- ဘုရားသခင်ဆီမှာ ကျွန်တော်အ များကြီးမတောင်းရဲတော့ပါဘူး ဒါပေမယ့် သူက ကျွန်တော့်ကို အရုပ်တစ်ရုပ်နဲ့ နှင်းဆီအဖြူ တစ်ပွင့် အတွက် လုံလောက်တဲ့ငွေကိုပေးခဲ့တယ်လေ မေမေက နှင်းဆီဖြူလေးတွေကိုချစ်တယ် ”

########################################

ကျွန်တော်ဈေးဝယ်ပြီးတဲ့အခါ ကျွန်တော့်စိတ်အခြေအနေက လုံးဝကွဲပြားခြားနားသွားပါပြီ ကျွန်တော် ကောင်လေး ကို စိတ်ထဲကနေ လုံးဝမမေ့နိုင်ခဲ့ဘူး ။ အဲဒီနောက်မှာ ကျွန်တော် လွန်ခဲ့တဲ့ ၂ရက်လောက် က သတင်းစာထဲက သတင်းတစ်ပုဒ်ကိုသွားပြီးသတိရမိလိုက်တယ် ။ အရက်မူးသမား တစ်ဦး မောင်းလာ တဲ့ကားတစ် စီးက အမျိုးသမီးတစ်ဦးနဲ့ ကောင်မလေးငယ်တစ်ဦးကို တိုက်မိပြီး ကောင်မလေးကတော့ နေရာတင်ပဲ ပွဲချင်းပြီး သေဆုံးသွားတဲ့သတင်းပေါ့ ။ အမျိုးသမီးကတော့ အရေးပေါ်ကုသမှုနဲ့ ဆေးရုံမှာ ရောက်နေ တဲ့အကြောင်း ။ နောက်ဆုံးမတတ်နိုင်တော့တဲ့အဆုံး သူ့မိသားစုက အသက်ကို ဆွဲဆန့်ထား ရတဲ့အသက်ကယ်စက်တွေကို ဖြုတ်ပစ်ဖို့ သဘောတူဆုံးဖြတ်လိုက်ကြောင်း ဘာကြောင့်လည်းဆိုတော့ အမျိုးသမီးဟာ Coma လို့ခေါ်တဲ့ အချိန်ကြာကြာ သတိလစ်မေ့မျောခြင်းကနေ ပြန်လည် အသက်ရှင် သန်လာနိုင်မှု မရှိတော့တဲ့အတွက် ဖြစ်ပါတယ် ။ ဟင် ဒါဆို ဒီကောင်လေးဟာ အဲဒီမိသားစုက ကောင်လေး များဖြစ်နေမလား ?

ကောင်လေးနဲ့ ကျွန်တော်တွေ့ဆုံခဲ့ပြီးနောက် ၂ ရက်မြောက် နေ့မှာပေါ့ ။ ကျွန်တော် သတင်းစာမှာဖတ်လိုက်ရတဲ့ ။ ဆေးရုံပေါ်က အရေးပေါ်အခြေအနေရောက်နေတဲ့အမျိုးသမီးဟာ ကွယ်လွန်သွားပြီဖြစ်တဲ့အကြောင်း -----။ ကျွန်တော်ဘယ်လိုမှ မခံစားနိုင်တော့ပါဘူး ။ ကျွန်တော် နှင်းဆီ ဖြူ အစည်းတွေဝယ်ပြီး နာရေးအိမ်ကို လိုက်သွားခဲ့ တယ် ။ အဲဒီနေရာမှာ ကျွန်တော်တွေ့ခဲ့တဲ့ ကောင်လေးနဲ့ သူ့ဖခင်တို့ဟာ အမျိုးသမီးနဲ့ မိန်းကလေး ငယ်လေးတို့အတွက် မမြုပ်နှံခင် နောက်ဆုံးဆုတောင်းစကားတွေပေးဖို့ -- လူတွေကြည့်ဖို့ စောင့်နေပါတယ် ။ အမျိုးသမီးကိုထည့်ထားတဲ့ ခေါင်းတလားထဲမှာတော့ အမျိုးသမီးရင်ဘတ်ပေါ်မှာ နှင်းဆီပွင့်လေးတစ်ပွင့် နဲ့ ရယ်မောနေတဲ့ ကောင်လေးရဲ့ ဓါတ်ပုံကို တင်ထားပါတယ် ။ ဘေးနားက ကောင်မလေးရဲ့ ရင်ဘတ်ပေါ်မှာတော့ အရုပ်ကလေးတစ်ရုပ်တင်ထားပါတယ် ။ ကျွန်တော် ဆက်ပြီး ကြည့်ဖို့ ခွန်အားမရှိတော့ပါဘူး ။ မျက်ရည်တွေနဲ့ ကျွန်တော် အဲဒီနေရာကနေ ထွက်ခွာလာခဲ့တယ် ။ အဲဒီအချိန်ကစလို့ ကျွန်တော် ဘ၀ဟာ ပြောင်းလဲသွား ခဲ့ပါ တယ် ----။

ကောင်လေးရဲ့ သူ့အမေနဲ့သူ့အမ အပေါ်ထားတဲ့ချစ်ခြင်းမေတ္တာတရားဟာ ပုံဖော်ပြဖို့တောင် ခက်ခဲလွန်း လှပါတယ် ။ ဒါပေမယ့် အချိန်တစ်စက္ကန့်အတွင်းမှာပဲ အမူးသမားတစ်ဦးက သူ့ကို သူ့မိဘ ၊ သူ့အမ တွေနဲ့ ခွဲခွာစေ ပြီး အရာအားလုံးကို ဖျက်ဆီးပစ်လိုက်တယ် ။

#########################################

ကျေးဇူးပြုပြီး
ေ က် း ဇူ း ၿပ ဳ ၿပီ း - - - -
“ အရက်သောက်ပြီး ကားမမောင်းကြပါနဲ့ ”

အခု ခင်ဗျားမှာ ရွေးချယ်စရာ ၂ ခုရှိပါတယ် ။

- ဒီစာလေးနဲ့ မက်ဆေ့လေးကို သူငယ်ချင်းတွေဆီမျှဝေပေးပါ Share လုပ်တဲ့အခါမှာလည်း အရက် သောက်ပြီးကားမမောင်းကြပါနဲ့ လို့ ပြောဖြစ်အောင်ပြောပေးကြပါ ။
- သင့် နှလုံးသားကို ဒီအဖြစ်အပျက်လေးက မထိ စေခဲ့ဘူးဆိုရင်တော့ သင်မေ့လိုက်ပါ ။

“ ယောက်ျားတစ်ယောက် မိန်းမ တစ်ယောက်ရဲ့ တန်ဖိုးဟာ သူ/သူမ ဘာတွေ ပေးဆပ်နိုင် သလဲဆို တဲ့အပေါ်မူတည်တယ် -- သူ/သူမ ဘာတွေ လက်ခံနိုင်သလဲဆိုတဲ့အပေါ် မူတည်နေတာမဟုတ်ပါဘူး ”

သက်တန့်ချို
Feb 25-2012

Do not drink and drive အား ဘာသာပြန်ခံစားသည် ။

( ကျွန်တော်ဒီစာလေးဘာသာပြန်ပြီးတော့ စိတ်မကောင်းလွန်းလို့ အကြာကြီး ထိုင်နေမိတယ် -- စိတ်မကောင်း ပါဘူး ကောင်လေးရယ် -- ငါတို့လည်းတစ်နေ့ လိုက်သွားကြရမှာပါ အဲဒီအခါ မင်းရယ် မင်း အမေ ရယ် မင်း မမ ရယ် မင်းတို့မိသားစုလေး ပြန်လည်ဆုံတွေ့ကြပါစေလို့ ဦးဦး ဒီနေရာကနေ ဆုတောင်းပေးလိုက်ပါတယ်ကွာ ----)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

11 comments:

  1. ကိုသက်တန့်ကြီးရယ် ..ဖတ်ပီး မျက်ရည်ဝဲလာတုန်း
    အရက်သောက်ပြီးကားမကောင်းနဲ့ဆိုလို့ကြောင်သွားတယ်
    ကားကောင်းရင်အရက်သောက်လို့ရလား ဟီးးဟီးး

    ReplyDelete
  2. စိတ်မကောင်းလွန်းလို့ ..T_T

    ReplyDelete
  3. စိတ်မကောင်းစွာဖတ်ရှုခဲ့ပါတယ်ဗျာ....
    ခင်မင်စွာဖြင့် (လွမ်း) www.lwanpaishin.blogspot.com

    ReplyDelete
  4. မြန်မာဘလော့တွေကို အလည်ထွက်ရင်း မရောက်စဖူးရောက်လာရပါပြီ ကိုသက်တန့်ရေ.....

    ReplyDelete
  5. အလွန်တန်ဖိုးရှိတဲ့ပို့စ်လေးပါ။
    ...မေရီ

    ReplyDelete
  6. ကိုထူးဆန်းFebruary 26, 2012 at 3:40 PM

    ကိုသက်တန့်ရေ
    ဖတ်ရတာစိတ်မကောင်းပါဘူးဗျာ။
    အရက်သောက်ပြီမောင်းလို့ ကားတစ်စီးလုံး
    မှောက် တိုက် ပြီး ပါလာတဲ့ခရီးသည်တွေ တစ်ပြုံတစ်မကြီးသေဆုံးကြရတာတွေဆို ပိုဆိုးတာပေါ့ဗျာ။
    ဒီပြသနာကတော့ ဘယ်တော့မှပြီးမှာမဟုတ် ဘူးထင်တာပဲ။
    လူတွေရှိသမျှအရက်သောက်မယ်၊
    အရက်တွေရောင်းနေသမျှလူတွေသောက်မယ်။
    ညစာစားပွဲတွေရှိသမျှအရက်သောက်ပြီးမူးပြီးကြွပြီး
    မောင်းပြန်လာကြမယ်။
    စိတ်မကောင်းရုံကလွဲလို့ဘာမှမလည်းမတတ်နိုင်ကြပါ
    ဘူး။
    တကမ္ဘာလုံးမှာအရက်ထုတ်လုပ်မှုကိုရပ်ဆိုင်းသွား
    ရင်ရောတစ်ခြားမူးစရာတစ်ခုရှာမူးကြဦးမှာပါပဲ။
    တစ်ခါတုန်းကကျွန်တော်တူဝမ်းကွဲတစ်ယောက်ဆိုရင် အမေမုဆိုးမကြီးနဲ့ညီမဆေးကျောင်းသူကိုရှာကျွေးနေ
    တာ၊ဗီအိုင်ပီတွေနေတဲ့ရပ်ကွက်တစ်ခုထဲမှာ ပလက်ဖေါင်းပေါ်ကလျှောက်သွားနေတုန်းမူးပြီးမောင်းလာတဲ့ကားအကောင်းစားတစီးကပလက်ဖေါင်းပေါ်
    တက်တိုက်သွားတာ။ရက်ပိုင်းအတွင်းတစ်ခါပဲ သတိလည်ပြီးဦးဏှောက်သွေးယိုစီးမှုလိုအတွင်းဒဏ်ရာနဲ့ကွယ်လွန်သွားခဲ့ရပါတယ်။မျက်မြင်တွေအများကြီးရှိပေမယ့်သက်သေမခံရဲကြလို့တရားခံမပေါ်ခဲ့ပါဘူး။ဘာမှမတတ်နိုင်ခဲ့ပါဘူး။ဝဋ်ရှိသမျှ ကံပါလာသမျှခံကြရတာပါပဲ။

    ReplyDelete
  7. ကျွန်တော် ဖတ်ခွင့်ရတဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။အကို့ကို လည်းအများကြီး ကျေးဇူးတင်ပါတယ်။ကျွန်တော်ရဲ့ ဘလော့ဂ် တစ်ခုမှာ အကို့ရဲ့အမည်နဲ့ ရှာ်ယာ ထားလိုက်ပါတယ်ခင်မျာ......

    ReplyDelete
  8. ကျွန်တော် ဖတ်ခွင့်ရတဲံအတွက် အရမ်းကျေးဇူးတင်ပါတယ်ခမျာ...ခံစားရပါတယ်။
    အကိုနာမည်နဲ့ပဲ ကျွန်တော်ရဲ့ဘလောဂ့်မှာ ရှယ်ယာ ထားလိုက်ပါတယ်ခင်မျာ...

    ReplyDelete
  9. ဒီစာလေးကိုဖတ်ပြီးကောင်လေးအတွက်စိတ်မကောင်းဖြစ်ရပါတယ်။တချို့လူတွေကကားပေါ်ရောက်သွားရင်ကားအောက်ကလူကိုလူလို့ကိုမမြင်တော့ဘူး။မောင်းချင်သလိုမောင်းနေကြတော့တာပဲ။ဒီလိုအဖြစ်မျိုးတွေများများမဖြစ်ပါစေနဲ့လို့ဆုတောင်းနေရမှာပဲ

    ReplyDelete
  10. ကိုသန့်တန့် ချို ရယ် ဖတ်ပြီးစိတ်မကောင်းဘူးဗျာ သူတို့ရဲ့ကံကြမ္မာကိုပဲ ရိုးမယ်ဖွဲ့ ရမှာလား မူးပြီးမောင်းတဲ့အမူးသမားကိုပဲ အပြစ်တင်ရမှာလားနော်

    ReplyDelete
  11. ဒီလိုပါပဲ အရက်သောက်တဲ့သူတွေက နားလည်မှုမရှိကြဘူး
    မောင်းရင်းလည်း မူးကြတာပါပဲ အဲဒါက တစ်ချို့တစ်လေပါ
    မူးနေရင်းလည်း မောင်းကြတာပါပဲ
    ဒါပေမယ့် သူတို့ကြောင့် ဒိလိုအဖြစ်မျိုးကြုံရတာ စိတ်မကောင်းစရာပါပဲ

    ReplyDelete