Monday, February 27, 2012

နေပြည်တော် ရေပန်းဥယျာဉ်သို့ အလည်တစ်ခေါက်

နေပြည်တော် ရေပန်းဥယျာဉ်သို့ အလည်တစ်ခေါက်



ပေါင်းလောင်းမြစ်အရှေ့တွင် တပည့်များနှင့်အမှတ်တရ ။

ဖေဖော်ဝါရီလရဲ့ ပူပြင်းတဲ့အရှိန်က တမြေ့မြေ့ လောင်ကျွမ်းတောက်လောင်လျှက်ရှိပါတယ် ။ ဒီတစ်ခေါက် လည်း ကိုသက်တန့်တစ်ယောက် ထမ်စမ်းဂူသွားပြီးကတည်းက ခရီးမထွက်ဖြစ်လိုက်တာ အခုမှပဲ နေပြည်တော် ကို အလုပ်ကိစ္စနဲ့တစ်ခေါက်ရောက်သွားပြန်ပါတယ် ။ နေပြည်တော် ရုံးခွဲက တပည့်တွေရဲ့ကောင်း မှုနဲ့ ရောက် တဲ့အချိန် ၂ ရက် ၃ ရက်လောက်ကလေးမှာ ရေပန်းဥယျဉ်ကိုတစ်ခေါက် ၀င်လည်ခဲ့ပါတယ် ။ ရေပန်းဥယျာဉ် မသွား ခင် ညနေပိုင်းက နေပြည်တော် ရှိ ပေါင်းလောင်းမြစ်ကို ခဏသွားခဲ့ပါသေးတယ် ။



လှပလွမ်းမောဖွယ်ပေါင်းလောင်းမြစ်



ရေတောင်ဆင်းကူးလိုက်ချင်တာ ( အ၀တ်အစားအပိုမပါခဲ့လို့ :P)

နဂိုကတည်းက ဓါတ်ပုံရိုက်ဝါသနာထုံသူမို့ အတော်များများရိုက်ဖြစ်ခဲ့ပါတယ် ။ အ၀င်အ၀မှာပဲ ခမ်းနားတဲ့ မုဒ်ဦးကြီး က ဆီးလို့ကြိုနေပါတယ် ။ ၀င်ရတာ တောင်နည်းနည်းရှိန်တိန်တိန်မို့ အပေါက်တွေမှားကုန်ရော ဒါနဲ့ အထဲရောက်တော့ တီတီတီဆိုတဲ့ လုံခြုံလေးအချောင်းလေးနဲ့ စစ်ပါသေးတယ် ။ ကင်မရာကိုတွေ့သွားတော့ အခွန်ဆောင်ပါ ၁၀၀၀ ကျပ်ပါတဲ့ ။ အင်း ဓါတ်ပုံက မရိုက်လို့လည်းမဖြစ်တော့ အခွန် ဆောင်လိုက်ပါတယ် ။ ဒီလိုနဲ့ နေပြည်တော်ရဲ့ ခမ်းနားလှပတဲ့ ရေပန်းဥယျဉ်ကြီးထဲ တစ်ခေါက်ရောက်သွားခဲ့တယ်ဆိုပါတော့ ။









နည်းနည်းမှောင်သွားတယ် ကောင်းပါတယ်လေ မမြင်ရလေ ကောင်းလေးပဲ ဟီးဟီး















ဒီတံတားလေးလှတယ် ရေတံခွန်ကိုသွားရတဲ့တံတားလေးပေါ့ ညဖက်ဆိုတော့ Romantic ပဲ ဒါပေမယ့် အနီးကပ် အပြာတန်းလေးတွေ ကို ကြည့်လိုက်ရင် ပင့်ကူအိမ်တွေအများကြီးပဲ အဲဒါလေးတွေကို သက်ဆိုင်ရာက ရှင်းပေး ရင်ကောင်းမယ် ။







ဒါက ရေတံခွန်ကိုသွားတဲ့ လမ်းပါ ။





၃ ဆင့်ရေတံခွန်





ဂူအ၀င်အ၀ကို ၀င်တဲ့အပေါက် ။



View လေးကောင်းမယ်ထင်လို့ ရိုက်ခဲ့တယ် ။



ရေက တအားပက်လွန်းတော့ လုံးဝကို ဆက်ရိုက်လို့မရတာနဲ့ ပြန်ထွက်ခဲ့ရတယ် ။





ကျောက်လွှာတွေကနေစီးဆင်းနေတဲ့ ရေတံခွန်တွေ ။











ရေဘ၀ဲရုပ်ပါ မီးတော့မထွန်းထားပါဘူး ပိတ်ခါနီးမို့ထင်ပါတယ် ။



ခမ်းနာလှပတဲ့ ရေပန်းဥယျာဉ်ကြီးကို တစ်ခေါက် အလည်ရောက်သွားခဲ့ရတာ တစ်သက်မမေ့နိုင်စရာပါပဲ ။ နေပြည်တော် လို ခမ်းနားတဲ့နေရာမျိုးတွေ နေရာအနှံ့ မြန်မာပြည်တလွှားမှာလည်းပေါ်ထွန်းစေချင်ပါတယ်လို့ ဆုတောင်းပြုရင်း အဆုံးသတ်လိုက်ပါတယ် ခင်ဗျာ ။

သက်တန့်ချို
Feb 27-2012

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

15 comments:

  1. ကျွန်တော်က ပျဉ်းမနားကပါ။
    ပုံထဲကအမနှစ်ယောက်ကို သေချာ မြင်ဖူးသလိုပဲ

    ReplyDelete
  2. ပုံထဲက အမနှစ်ယောက်ကို သေချာ မြင်ဖူးသလိုပဲ....

    ReplyDelete
  3. ခေတ်လူ(ပျဉ်းမနား)February 27, 2012 at 6:11 PM

    ပုံထဲကအမနှစ်ယောက်ကို အသေချာ မြင်ဖူးသလိုပဲ.....

    ReplyDelete
  4. ပုံတွေ လာကြည့်သွားပါတယ်.. :)

    ReplyDelete
  5. ရေပန်းဥယျာဉ်က ခုလိုကျတော့လဲ လှသား.. နေပြည်တော်မှာနေတုန်းက ရုံးနဲ့နီးနီးလေးဆိုတာကိုတောင် မရောက်ဖြစ်ခဲ့ဘူး.. ခုတစ်ခေါက်ရောက်ဖြစ်ရင်တော့ သွားဦးမှပါ ဟဲဟဲ

    ReplyDelete
  6. ပျော်စရာကြီး..အဲလောက်လှမှန်းမသိဘူးရယ်...
    ဒီတစ်ခေါက်တော့သွားလည်အုံးမှ

    ReplyDelete
  7. မင်္ဂလာပါ
    အခုမှဘဲ ဆရာဝန်ကြီး ကိုမြင်ဖူးတော့တယ်။
    ကျန်းမာပါစေ
    လေးစားစွာဖြင့်
    ဂျစ်တူး(မုံရွာ)

    ReplyDelete
  8. ရောက်မှ သွားဦးမယ်အစ်ကိုရေ....အစ်ကို့စာတွေကို ဆက်ဆက်လာဖတ်နေပါတယ်......အားပေးလျှက်....

    ReplyDelete
  9. ဟုတ်တယ်ကွ သွားဦးမှ မရောက်တာကြာပြီ
    ဟိုတစ်နေ့ ကတော့ ရောက်ခဲ့ တယ်
    တပ်ကုန်း ကို.........အငီ

    ReplyDelete
  10. အဲဒါဆို ပြီးခဲ့တဲ့ဆန်းဒေးမှာ
    ပျဉ်းမနား ၇လမ်းထဲက နန်းစိန်ကဖေးဆိုင်မှာတွေ့တာ ကိုသက်တန့်များလားဗျာ့
    ကားပေါ်ကနေ ပုံးတွေသယ်ချနေတယ် လက်ဖွဲ့ပစ္စည်းတွေထင်တယ် အပေါ်ထပ်မှာက မင်္ဂလာဆောင်လားပဲ ကိုသက်တန့်နဲ့တူတယ်လို့ သူငယ်ချင်းနဲ့ပြောနေတာ မဖြစ်နိုင်ဖူး ကိုသက်တန့်က မဝဖူးလုပ်နေတာ ပုံမှာမြင်တိုင်းဆို အရင်ကထက်ဝလာတာပဲ အဲဆိုကျွန်တော်မြင်ခဲ့တာ ကိုသက်တန့်များလား ??

    ReplyDelete
  11. သေချာတာပေါ့ကိုဘကြိုင်ရယ် လက်ဖွဲ့ပစ္စည်မဟုတ်ပါဘူးကံစမ်းမဲဖောက်ပေးတာပါ အဲဒီနန်းစိန်အပေါ်ထပ်မှာ Product launch လုပ်တယ်လေအဲဒီနေ့ကအဲဒါကြောင့်ပါ အရင်ကထက် ၀လာတာပါ ဟီးဟီး ခေါ်လိုက်ပြီးရော ကျနော်ကမတွေ့မိလို့ လက်ဖက်ရည်တိုက်ပါတယ်း)))))

    ReplyDelete
  12. အစ်ကိုက..
    ခန့်စည်သူဘဲဗျး))

    ReplyDelete
  13. ဟာဗျာ တူပါတယ်တူပါတယ်လုပ်နေတာ သူငယ်ချင်းနဲ့ငြင်းပြီးခေါ်မလို့ပဲ ခင်ညားက ရှုတည်တည်ကြီးနဲ့ ဝနေတော့ လန့်ထှာာလေ တိန် နို့မို့ ကျွန်တော်လည်း ဧည့်ခံပါတယ် သိပါဖူးဗျာာာ နောက်တခါလာရင် မေးလ်လေးတော့ပို့ထားဗျာ့
    နေပြည်တော်က ကျွန်တော့်ဒုတိယအိမ်ဖြစ်နေထှား)း)


    မောင်ဘကြိုင်

    ReplyDelete
  14. ခန့်စည်သူမှတ်နေတား)

    ReplyDelete
  15. ရှုခင်းလေးတွေက လှလိုက်တာ

    ReplyDelete