Friday, February 17, 2012

ကမ္ဘာအကြီးဆုံးလက်ကြီး

ကမ္ဘာအကြီးဆုံးလက်ကြီး




တရုတ်ပြည်ဲ့ Jiangsu မှ အသက် ၂၄ နှစ်ရှိပြီဖြစ်တဲ့ Liu Hua ဟာ macrodactyly ဆိုတဲ့ရောဂါတစ်မျိုး ခံစားနေရ ပါတယ် ။ ၂၀၀၇ ခုနှစ်တုန်းက သူ့ကို ကမ္ဘာ့အကြီးဆုံးလက်ပိုင်ရှင်အဖြစ် သတ်မှတ်ခဲ့ကြတယ် ။ သူဟာမွေး ဖွားလာကတည်းက ဘယ်ဖက် လက်မ လက်ညှိုးနဲ့ လက်ခလယ်တို့ဟာ သာမန်ထက် ပိုကြီးထွား ပြီး မွေး လာတာဖြစ်ပါတယ် ။ သူအသက်ကြီးလာတဲ့အခါ အဲဒီလက်ချောင်းတွေဟာ အဆမ တန်ကြီးထွား လာတဲ့အ တွက် သူ့အလုပ်တွေနဲ့ နေ့စဉ်လူနေမှုဘ၀ကိုပါ ထိခိုက်ခဲ့ရတယ် ။

၂၀၀၇ ဂျူလိုင်မှာ Shanghai မှာ သူဆေးရုံတက်တဲ့အခါ သူ့လက်ဟာ ၂၆ စင်တီမီတာရှိနေခဲ့တယ် ။ လက်ညှိုး ကတော့ ၃၀ စင်တီမီတာရှိပြီး လက်ခလယ်ကတော့ ၁၅ စင်တီမီတာရှိပါတယ် ။ သူ့လက်ဝါးတစ်ခုလုံးရဲ့ စုစုပေါင်း အလေးချိန်ဟာ ၁၀ ကီလိုဂရမ်လေးပါတယ် ။ ခွဲစိတ်ဆရာဝန်တွေက သူ့ကို ၇ နာရီကြာ ခွဲစိတ်မှုပြုပြီး 5.1kg အလေးချိန် ရှိတဲ့ အရိုးနဲ့အသားတွေကို ဖယ်ထုတ်ပေးခဲ့ပါတယ် ။ အခုဆိုရင် အရင်ကထက်စာရင်တော့ နည်း နည်းသေးသွားပြီဖြစ်ပါတယ် ။

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment