Friday, February 3, 2012

သမိုင်းတလျှောက် အရပ်အရှည်ဆုံးအမျိုးသမီးများ

သမိုင်းတလျှောက် အရပ်အရှည်ဆုံးအမျိုးသမီးများ



Yao Defen ( 7ft 8in - 233 cm)

Yao Defen ဟာ အရပ် ၇ လေ ၈ လက်မ နဲ့ ကမ္ဘာ့အရပ်အရှည်ဆုံးအမျိုးသမီးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ် ။ သူမဟာ ကိုယ် အလေးချိန် ပေါင် ၄၄၀ ရှိပြီး ဒီလို မတန်တဆ ခန္ဓာကိုယ်ကြီးထွားရခြင်းဟာ သူမဦးနှောက်ထဲမှာ ရှိတဲ့ Pituitary gland မှာ Tumor လို့ခေါ်တဲ့ ကင်ဆာအလုံးကြောင့်ဖြစ်ပါတယ် ။



Sandy Allen (7ft 7¼in - 232 cm)

Sandy Allern ဆိုသူ အမျိုးသမီးဟာ ၁၉၇၆ ခုနှစ်ကတည်းက ဂင်းနစ်မှတ်တမ်းစာအုပ်မှာ အရပ်အရှည် ဆုံးအမျိုး သမီးအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ၂၀၀၈ ခုနှစ်အထိ သူမ အရှည်ဆုံးပါပဲ ။ သူမ သေဆုံးသွားတဲ့အချိန်အထိ ကမ္ဘာ့အ ရှည်ဆုံးအဖြစ် မှတ်တမ်းဝင်နေဆဲပါပဲ ။



Malgorzata Dydek (7ft 2in - 218 cm)

ဘတ်စကတ်ဘော ကစားသူ အမျိုးသမီး Malgorzata Dydek ဟာ အမေရိကန်နိုင်ငံသူဖြစ်ပြီး အရပ် ၇ ပေ ၂ လက် မ ရှိပါတယ် ။



Zainab Bibi (7ft 2in - 218 cm)

Zainab Bibi ဆိုသူအမျိုးသမီးဟာလည်း အရပ် ၇ ပေ ၂ လက်မရှိပြီး ဗြိတိန်မှာ အမြဲတမ်းနေ ထိုင်ခွင့်ရရှိ ခဲ့သူဖြစ် ပါတယ် ။ ယခင်က သူမဟာ Pakistan မှာ နေထိုင်သူတစ်ဦးလည်းဖြစ်ပါတယ် ။



Uljana Semjonova (7ft - 213 cm)

Uljana Semjonova ဟာ ၁၉၇၀ ကနေ ၁၉၈၀ အထိ အမျိုးသမီး ဦးဆောင် ဘတ်စကတ်ဘော သမားတစ် ဦးဖြစ်ပြီး အရပ် ၇ ပေမြင့်မားပါတယ် ။



Gitika Srivastava (6ft 11in - 211 cm)

အိန္ဒိယနိုင်ငံမှ ဘတ်စကတ်ဘောအမျိုးသမီး Gitika Srivastava ဟာ အရပ် ၆ ပေ ၁၁ လက်မ ရှိပါတယ် ။



Malee Duangdee (6ft 10in - 208 cm)

ထိုင်းနိုင်ငံမှ Malee Duangdee ဟာလည်း ထိုင်းနိုင်ငံမှာ အရပ်အမြင့်ဆုံးဖြစ်ပြီး ၆ ပေ ၁၀ လက်မရှိပါတယ် ။



Caroline Welz (6ft 9in - 206 cm)

ဂျာမနီနိုင်ငံမှ အရပ်အရှည်ဆုံးမိန်းကလေး Caroline Welz ဟာ အသက် ၂၀ အရွယ်ရှိပြီး အရပ် ၆ ပေ ၉ လက်မ ရှည်ပါတယ် ။



Rita Miniva Besa is 6' 8" (203 cm)



Heather Greene (6ft 5½in - 196 cm)

Heather Greene ကတော့ ၆ ပေ ငါးလက်မခွဲရှိပြီး Las Vegas မှာနေထိုင်ပါတယ် ။

မြန်မာအမျိုးသမီးတွေလည်း ဟိုးအရင်က အတော်အရပ်ရှည်ကြတယ်လို့ တွေ့ရပါတယ် ။ အခုဆိုရင် အရပ် အမောင်းကောင်းသူ ရှားပါးသလောက်ဖြစ်သွားပြီး ပုပုလေးတွေပဲတွေ့နေရတော့တယ် ။ အရပ်ရှည်သူမြန်မာ အမျိုး သမီးများ မျိုးရိုးဆက်လက်ပြန့်ပွားနိုင်ကြပါစေ :)

သက်တန့်ချို
Feb 3-2012

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

5 comments:

  1. ဂလိုလန်းဘားကြီးတွေ...နဲ့ ဆိုရင်တော့.... ဟီဟိ

    မြန်မာအမျိုးသမီးတွေ အရပ်ရှည်ဖို့ကျတော့..အမျိုးသား စီမံကိန်းလိုလိုဟာတွေနဲ့..မွေးလာကတည်းက အာဟာရဖွံ့ဖြိုးအောင်ကျွေးနိုင်ဖို့... အားကစားတစ်ရပ်ကို ကျောင်းတွေမှာ စနစ်တကျ ကြပ်မတ်ဖို့နဲ့...အစားအသောက် လူနေမှုစရိုက်တွေကိုပါ...စီမံကိန်းချပြီးလုပ်မှဖြစ်မယ်ထင်တယ်..ဂျပန်ငပုတွေတောင် လောရှည်တွေဖြစ်သေးတာပဲ...မြန်မာ ဒန့်ကျွဲပင်တွေ ကျွန်းပင်လိုဖြစ်ဖို့ လိုလျှင်ကြံဆ နည်းလမ်းရကြမှာပါ။ အဲဒီ စီမံကိန်းကို ဆရာသက်တန့်မှ ငွေအားလူအား တစ်ဦးတည်း ကိုယ်စားလှယ်ယူစေရန်....ဒန်တန်တန်။

    ReplyDelete
  2. အာဂျီးမားFebruary 3, 2012 at 2:17 PM

    အရပ်ရှည်လွန်းတော့လဲကြည့်မကောင်းပါဘူး။ ပုတာကမှတော်ဦးမယ်....:)

    ReplyDelete
  3. အရင်က မြန်မာပြည် ပုံဂံညောင်ဦးမှာ ရွှေဇီးကွက်ဆိုတဲ့ အမျိုးသမီးတဦးလဲ မြန်မာပြည်မှာ အရပ်အရှည်ဆုံး ရှိခဲ့ဖူးတယ်လို့  သိခဲ့ဖူးပါတယ်။ သူ့ အကြောင်းပါ ဖော်ပြပေးနိုင်ရင် မြန်မာပြည်သူတွေ ဗဟုသုတ တိုးစေလိမ့်မယ်ထင်ပါတယ်။

    ReplyDelete
  4. မြန်မာပြည်မှာ အရင် က ပုဂံညောင်ဦးမှာ မေ၇ွှဇီးကွက် ဆိုတဲ့ အမျိုးသမီးတဦး ရှိခဲ့ဖူးပါတယ်။ အဲဒီ သတင်းလေးပါ တင်နိုင်ရင် မြန်မာတွေ ပိုပီး ဗဟုသုတရကြမယ်လို့ မျှော်လင့်ပါတယ်။

    ReplyDelete
  5. ကျွန်မတော့ အဲသည်လောက် အရပ်ရှည်နေရင် တစ်ခါတစ်ရံ စိတ်အနှောင့်အယှက် နည်းနည်း ဖြစ်မိမှာပါ။

    ခင်မင်စွာဖြင့်
    မြတ်ပန်းနွယ်

    ReplyDelete