Saturday, February 11, 2012

ဘုရားသခင်ပေးသော ထိုင်ခုံလေး

ဘုရားသခင်ပေးသော ထိုင်ခုံလေး



တစ်နေ့မှာ ဘုရားသခင်က စုံတွဲတစ်တွဲဆီကို ထိုင်ခုံတစ်လုံးပို့လိုက်တယ် ။ ထိုင်ခုံလေးရဲ့ထူးခြားချက်ကတော့ ထိုင်ခုံမှာ ထိုင်နေတဲ့သူဟာ “ အမှန် ” ကိုပြောမယ်ဆိုရင် အစိမ်းရောင်လေးလင်းလာပြီး ထိုင်ခုံမှာ ထိုင်နေ တဲ့သူက “ အမှား ”ကိုပြောမယ်ဆိုရင် အနီရောင်လေးလင်းလာမှာဖြစ်ပါတယ် ။

ကောင်လေးဟာ ထိုင်ခုံပေါ်ထိုင်လိုက်တယ် ။

ကောင်မလေး > နင်ငါ့ကိုချစ်လား ?
ကောင်လေး > အင်းချစ်တာပေါ့ ... ( အနီရောင်လေးလင်းသွားတယ် ) :(

ကောင်မလေး > စိတ်မကောင်းမဖြစ်ပါနဲ့ ဘုရားသခင်ဖန်ဆင်းပေးတာ မှားတာဖြစ်မှာပါ
ငါနင့်ကိုထပ်မေးမယ်လေ ဒီအခါ ဘာအရောင်လင်းမလဲကြည့်ကြတာပေါ့

ကောင်မလေး > နင်ငါ့ကိုချစ်သလား ?
ကောင်လေး > အင်းချစ်ပါတယ် ( အစိမ်းရောင်လေးလင်းသွားတယ် ) :)

ပထမအကြိမ်ကောင်မလေးမေးတဲ့အချိန်မှာ ဘာဖြစ်သွားသလဲဆိုတာ သင်သိပါသလား ။ ကောင်လေး ဟာ ကောင် မလေးကို တကယ်မချစ်ပါဘူး သူလိမ်နေတာပါ ။

ဒါပေမယ့်-----ကောင်မလေးက ကောင်လေးအပေါ်မှာ “ ယုံကြည်မှု ” ပေးလိုက်တဲ့ တခဏလေးအတွင်းမှာ --- အဲဒီတခဏလေးအတွင်းမှာပဲ ကောင်လေးဟာ ကောင်မလေးကို စပြီးချစ်သွားခဲ့တယ် ။

အဲဒါအချစ်ပါပဲ ။ ယုံကြည်မှုတစ်ခုက အချစ်ဆိုတဲ့အရာကို တခဏအတွင်းတည်ဆောက်နိုင်တယ် ။

“ သင်သာ သူ့ကို ယုံကြည်မှု ပေးနိုင်ခဲ့ရင် တစ်ဖတ်သက်ဖြစ်ခဲ့လည်း သင်အနိုင်ရမှာပါ ”

သက်တန့်ချို
Feb 10-2012

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

6 comments:

  1. " သူ့ကို ယုံကြည်မှု ပေးနိုင်ခဲ့ရင် တစ်ဖတ်သက်ဖြစ်ခဲ့လည်း သင်အနိုင်ရမှာပါ "
    ကိုယ်ကိုယ်တိုင်ကရော တဖက်သားကိုယုံကြည်မှုပေးနိုင်ပါရဲ့ လား..? ..

    ReplyDelete
  2. ယုံကြည်ခြင်း ခံလိုက်ရတာနဲ့ တစ်ပြိုင်နက်...
    :)

    ReplyDelete
  3. အချစ်ဆိုတာ
    ယုံကြည်မှု့နဲ့ တည်ဆောက်ထားရင်အကောင်းဆုံးလို့
    ထင်ပါတယ်
    " သူ့ကို ယုံကြည်မှု ပေးနိုင်ခဲ့ရင် တစ်ဖတ်သက်ဖြစ်ခဲ့လည်း သင်အနိုင်ရမှာပါ "ဆိုတဲ့ စကားလေးကိုနှစ်သက်တယ်

    Layeikch@
    Mdy

    ReplyDelete
  4. ကိုယ်ပေးထားတဲ့ ယုံကြည်မှုကို သူက ဖျက်ဆီးလိုက်ရင်ကော ????

    ReplyDelete
  5. ယုံကြည်မှုကို အလွဲသုံးစားလုပ်ရင် သူ့ထိုက်နဲ့ သူ့ကံပဲပေါ့.......

    ReplyDelete
  6. အင်း ဒါဆိုခင်ဗျားကိုကျွန်တော်ချစ်တယ်....ကျွန်တော့်ကိုပြန်ချစ်မယ်လို့ယုံကြည်တယ်....

    ReplyDelete