Wednesday, February 1, 2012

အချိန်တိုလေးအတွင်းမှာအရာရာကိုတန်ဖိုးထားတတ်ပါစေ

အချိန်တိုလေးအတွင်းမှာအရာရာကိုတန်ဖိုးထားတတ်ပါစေ



ဆင်းရဲသားတစ်ယောက် သူဌေးသမီးတစ်ယောက်ကို ချစ်မိသွားတယ် ။ တစ်နေ့တော့ ဆင်းရဲသားလေးက သူမ ကို လက်ထပ်ခွင့်တောင်းတယ် ။ ဒီတော့ သူဌေးသမီးကပြန်ပြောတယ် ။

“ ဒီမယ် နားထောင် ရှင့်ရဲ့ တစ်လစာ ၀င်ငွေရဲ့ ကျွန်မရဲ့ တစ်နေ့စာ အသုံးစရိတ်ပဲရှိတယ် အဲဒီလိုလူမျိုးနဲ့ ကျွန်မ ပတ်သတ်ရမလား ရှင်ဘယ်လိုအတွေးမျိုးကိုတွေးနေတာလဲ ကျွန်မ ဘယ်တော့မှ ရှင့်ကိုမချစ်နိုင်ဘူး ဒါကြောင့် ကျွန်မ ကိုမေ့ပြီး ရှင်နဲ့အဆင့်အတန်းခြင်းတူတဲ့တစ်ယောက်ကိုရွေးချယ်လိုက်ပါ ” တဲ့ ။

အဲဒီလို ရင့်ရင့်သီးသီးပြောခဲ့ပေမယ့် ဆင်းရဲသားလေးက သူဌေးသမီးလေးကို လွယ်လွယ်နဲ့ မေ့မရနိုင်ခဲ့ဘူး ။

ဆယ်နှစ်ကြာပြီးနောက်-------

တစ်နေ့မှာ သူတို့ နှစ်ယောက် ရှော့ပင်းစင်တာကြီးတစ်ခုမှာ မျက်နှာချင်းဆိုင်ဆုံမိကြတယ် ။ သူဌေးသမီး ကပြောတယ် “ ဟေး...ရှင် အဆင်ပြေလား အခု ကျွန်မ အိမ်ထောင်ကျသွားပြီ ကျွန်မ အမျိုးသားလစာက တစ်လ ဘယ်လောက်ရတယ်လို့ ရှင်ထင်သလဲ ? တစ်လကို ၃ သိန်းတောင်ရတယ်ရှင့် ရှင်အံ့သြသွားသလား သူက အရမ်း စ မတ်ကျတယ် ”

ကောင်လေးရဲ့ မျက်ဝန်းမှာ အဲဒီလိုစကားတွေကြားပြီးတော့ မျက်ရည်တွေနဲ့စိုစွတ်သွားတယ် ။

နောက်မိနစ်အနည်း ငယ်မှာတော့ သူမရဲ့ ယောင်္ကျားထွက်လာပါတယ် ။ သူဌေးသမီးက ကောင်လေးကို ဘာမှ မပြောသေးခင် သူ့ခင်ပွန်းက နေပြီး ကောင်လေးကို စတင်နှုတ်ဆက်လိုက်တယ် ။

“ ရောက်နေပြီလားဆရာ ဒါကျွန်တော့်ဇနီးပါ ” တဆက်တည်းမှာပဲ ကောင်လေးက သူ့မိန်းမ ကိုလှည့်ပြော လိုက်တယ် ။ “ ငါက ဒီဆရာရဲ့ ပရောဂျက်မှာ အကူဝင်လုပ်နေတာပေါ့ ဆရာက ငါတို့ သူဌေးလေ သန်းပေါင်း များစွာ ချမ်း သာတယ် ဟိုးအရင်က ဆရာက ကောင်မလေးတစ်ဦးကို ချစ်ခဲ့တယ် ဒါပေမယ့် သူ မရခဲ့ဘူး အခုချိန် ထိ ဆရာက လူပျိုကြီးလေ လက်မထပ်ရသေးဘူး မဖြစ်နိုင်ဘူးမဟုတ်လားမိန်းမရ အခုလို ချိန်မှာ ဆရာ့လို ချစ်တတ် တဲ့သူ ရှိနိုင်ပါဦးမလား ”

############################################

ဘ၀ဆိုတာ တိုတောင်းလွန်းလှပါတယ် ။ ဒါကြောင့် သင့်ကိုယ်သင် အထင်မကြီးလွန်းပါနဲ့ တခြားသူတွေ အပေါ် နှိမ့် ချ မဆက်ဆံပါနဲ့ ။ အချိန်တိုင်းမှာ အရာရာဟာ အမြဲပြောင်းလဲနေတယ် ။ လူတိုင်းလူတိုင်းဟာ တ ဖက်သား က ကိုယ့်ကို ချစ်တဲ့အချစ်ကို တန်ဖိုးထားသင့်တယ် ။

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

7 comments:

  1. ဟုတ်တယ်မောင်သက်တန့်ရေ။ လူသားအချင်းချင်း
    မောက်မာ မော်ကြွား အထင်သေးတတ်သူတို့အတွက်
    သင်ခန်းစာယူသင့်တဲ့ ဆောင်းပါးလေးပါ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  2. ကောင်မလေးဂွမ်သွားတာပေါ့နော်
    ဖြစ်တတ်ပါတယ်မှတ်သားစရာလေးပါ

    ReplyDelete
  3. ဟုတ်ပ ကိုသက်တန့်ရေ...တစ်ချိန်က ကိုယ့်မျက်စိရှေ့မှာ ပေရေပွတပြီး ကစားပျော်ပါးနေတဲ့ ကလေးလေးတွေ ကိုယ့်ကိုကျော်တက်ပြီး ကြီးပွားနေကြတာတွေ ခုထိကို မြင်တွေ့နေရတုန်းပါပဲ...

    ReplyDelete
  4. အာဂျီးမားFebruary 2, 2012 at 5:24 PM

    လူတိုင်းလူတိုင်းဟာ တ ဖက်သား က ကိုယ့်ကို ချစ်တဲ့အချစ်ကို တန်ဖိုးထားသင့်တယ် ။
    အချစ်ကိုဂုဏ်ဒြပ်တွေနဲ့ နှိုင်းယှဉ်ပြီးမြင်ရင်တော့ မှားလိမ့်မယ်။

    ReplyDelete
  5. ကောင်းတယ်ကွာ ထိတယ် ကျေးဇူးဟေ

    ReplyDelete
  6. တချို့ ယောကျာ်းတွေက ကားတစ်စီးကနေ နှစ်စီးနှစ်စီးကနေသုံးစီး
    ရှိတဲ့ မိန်းမတွေ ပြောင်းကြိုက်တယ်တဲ့ ရှက်တတ်ရင်တော့သေလို့ 
    ရပြီ ပြောတော့ ငါယောကျာ်း ဆိုပြီ မဟုတ်တဲ့ မာန ကသုံးစားမရဘူး

    ReplyDelete
  7. အရာရာဟာ အချိန်နဲ့ တပြေးညီပြောင်းလဲနေပါတယ်
    ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီး သူများကို မနှိမ့်ချသင့်ပါဘူး

    ပိုစ့်လေးထဲက သင်ခန်းစာယူသွားပါတယ်ရှင်

    ReplyDelete