Saturday, February 18, 2012

သင်သိပ်ချစ်ကြောင်းဖွင့်ပြောဖို့ နောက်မကျစေပါနဲ့

သင်သိပ်ချစ်ကြောင်းဖွင့်ပြောဖို့ နောက်မကျစေပါနဲ့



တစ်ခါတုန်းက သိပ်ချစ်ကြတဲ့ လိပ်ပြာလေး နှစ်ကောင်ရှိတယ် ။ တစ်နေ့မှာ သူတို့ဟာ တူတူပုန်းတမ်း ကစားဖို့ ဆုံးဖြတ် လိုက်ကြတယ် ။

လိပ်ပြာထီးလေး --- ငါတို့ ကစားပွဲ လေးကစားရအောင်
လိပ်ပြာမလေး --- ကောင်းပြီလေ ဘယ်လိုကစားမလဲ
လိပ်ပြာထီးလေး --- ဒီပန်းပွင့်လေးထဲမှာ နက်ဖြန်မနက်စောစော လာပြီး ထိုင်နိုင်တဲ့သူက ပိုချစ်တဲ့သူဖြစ်မယ်
လိပ်ပြာမလေး ---- ကောင်းပြီလေ

############################

ဒီလိုနဲ့ နောက်တစ်နေ့မနက်ခင်းမှာ လိပ်ပြာထီးလေးဟာ ပန်းကလေးပွင့်မယ့်အချိန်ကို အစောကြီး လာစောင့်နေ တယ် သူ လိပ်ပြာမလေးကို ဘယ်လောက်ချစ်ကြောင်းသက်သေပြဖို့အတွက်ပေါ့ ။

နောက်ဆုံးမှာ ------ ပန်းကလေးပွင့်သွားပါတယ်----

သူဘာတွေတွေ့သွားလဲ ??

လိပ်ပြာမလေးဟာ ပန်းပွင့်ကလေးထဲမှာ သေဆုံးလို့နေပါတယ် ။

လိပ်ပြာမလေးဟာ တစ်ညလုံး ပန်းပွင့်ကလေးထဲမှာနေခဲ့တယ် သူ လိပ်ပြာထီးလေးကို ဘယ်လောက် ချစ်ကြောင်း သက်သေပြဖို့အတွက်ပေါ့ သူ လိပ်ပြာထီးလေးကို တွေ့တွေ့ခြင်း သူ့ချစ်သူကို ဘယ်လောက် ချစ်ကြောင်းပြောပြဖို့အတွက်ပေါ့ ။

#########################

ပန်းပွင့်ကလေးဟာ ညဖက်မှာ ငုံပြီးမနက်မှ ပွင့်တတ်တဲ့ ပန်းအမျိုးအစားဖြစ်လို့နေခဲ့တယ် ။ လိပ်ပြာမလေး အထဲဝင်နေ စဉ်မှာ မွန်းကြပ် သေဆုံးသွားခဲ့ခြင်းဖြစ်တယ် သူ့ချစ်သူကို သူက ပိုချစ်ကြောင်း ပြသဖို့အတွက် --------

အချစ်ဆိုတာ အလွန်လှပတဲ့ စိတ်ဝိဥာဉ်လေးတစ်ခုဖြစ်တယ် ။ သင်တို့လည်း ကိုယ့်ချစ်သူကို ကိုယ့်အ သက် ထက်ပိုပြီး တန်ဖိုးထားနိုင်ကြပါစေ ။

စိတ်မကောင်းပါဘူး လိပ်ပြာမလေးရေး(((((((((((((

သက်တန့်ချို

မှတ်ချက် ။ ။ သင်ချစ်တဲ့ တစ်စုံတစ်ယောက်ကို သိပ်နောက်မကျသေးခင်မှာ သင်ဘယ်လောက် ချစ်ကြောင်း ပြောပြဖို့ ၀န်မလေးပါနဲ့ ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

5 comments:

  1. ရွှေဓနုလေးFebruary 18, 2012 at 11:31 PM

    အီးမေးလ် ချန်ထားခဲ့တာ တစ်ခါမှလည်း
    မေးလ်ထဲ ပို့ပေးဘူးနော် အစ်ကို .............

    ReplyDelete
  2. ဦးလေး တန့် တန့်  ရေ ...............မေးစရာရှိလို့  ဗျ.............ခါးနာတာ ခဏခဏ နာနေလို့  ...............တစ်ခါဖြစ်ပြီးရင် နောက်တစ်ခါ ပြန်ပြန်ဖြစ်တတ်တယ်တဲ့  .......ဟုတ်လား မသိ ...........အဲ့  ဒါဆို .တခါတည်း ပျောက်ချင်လို့  ဘယ်လို လုပ်ရမလဲ ခင်ဗျ.....

    ReplyDelete
  3. ဦးဦး တန့် တန့်  ရေ.............ခါးနာတာ တစ်ခါတည်း အမြစ်ပြတ်အောင် ဘယ်လို လုပ်ရလဲ ခင်ဗျ.............ကျွန်တော် ခဏခဏ နာနေလို့  ဗျာ.........

    ReplyDelete
  4. အမြစ်ပြတ်အောင် ခါးဖြတ်ထားလိုက်။တခါတည်းနာမယ်။ဘယ်တော့မှနာတော့ဝူး။
    စိတ်ဆိုးနဲ့နော်။နောက်တာ။

    ReplyDelete
  5. မငုံ ရဲ့ တစ်ဦးတည်းမောင်လေးဆုံးသွားပြီးချိန်မှစပြီး မငုံ သူ့အတွက် သူဖြစ်ချင်တာတွေ မလုပ်ပေးနိုင်လိုက်တာတွေကြောင့် မမျှော်လင့်ပဲ ထွက်သွားချိန်ကျ တအားခံစားရတယ်။ မငုံ ခိုင်မာတဲ့ဆုံးဖြတ်ချက်ချလိုက်တယ်။ ငါ အသက်ရှင်နေတုန်း မည်သူ့ကိုမဆို မထိခိုက်စေရဘူး. ကူညီနိုင်တာ လုပ်ပေးနိုင်တာရှိ အကုန်ကူညီမယ်လို့..အတူအသက်ရှင်ခွင့်ရချိန်လေး ဘ၀မှာနေရချိန်လေးမှာ တတ်နိုင်သမျှပေါ့လေ.သူတို့ကိုသိပ်ချစ်ကြောင်း မရှိတော့မှ ပြဖို့ဆိုတာ သိပ်နောက်ကျလွန်းသွားတယ်လို့။

    ReplyDelete