Friday, February 3, 2012

Facebook Fan Page ပြုလုပ်၍ ဘလော့ဂ်တွင်ထည့်သွင်းခြင်း

Facebook Fan Page ပြုလုပ်၍ ဘလော့ဂ်တွင်ထည့်သွင်းခြင်း



ဖေ့ဘုတ်သုံးသူတစ်ယောက်အတွက် ရိုးရိုး ပရိုဖိုင်းအကောင့်ဟာ အယောက်ငါးထောင်ပဲလက်ခံနိုင်တယ်ဆိုတာ ကျွန်တော် တို့ သိခဲ့ကြပြီးသားပါ ။ Fan Page ပြုလုပ်နည်းလေးမပြောခင် ရိုးရိုးပရိုဖိုင်းအကောင့်နဲ့ ဖန်ပေ့ခ်ျက ဘာ ကွဲ သလဲ နည်းနည်းလေး ရေးချင်ပါတယ် ။

၁ ။ ဖန်ပေ့ခ်ျသည် ကိုယ့်ကို like လာလုပ်သူတွေရဲ့ ပရိုဖိုင်းတွေထဲကို ဖရန့်လိုမျိုး ၀င်ကြည့်လို့မရပါဘူး ။
၂ ။ ကိုယ်တင်တဲ့စာမှန်သမျှကို like လုပ်ထားတဲ့သူတွေရဲ့ Home ကနေဖတ်လို့ရပြီး ကိုယ်ကတော့ သူများ ပရိုဖိုင်း ထဲကစာတွေဖတ်လို့မရပါ ။
၃ ။ အမှတ်တရ အနေနဲ့ ကိုယ့်ပရိတ်သတ် Fan စုထားပြီး စာတွေတင်ချင်တဲ့အခါ ဖန်ပေ့ခ်ျကို ပြုလုပ်နိုင်ပါတယ် ။
၎ ။ ဖန်ပေ့ခ်ျကို မက်ဆေ့ပို့လို့မရပါ ။ လိုအပ်လျှင် wall မှာ ရေးလို့ရပါတယ် ။ ရေးလို့မရအောင်လည်း ပိတ်လို့ရ ပါတယ် ။
၅ ။ like လုပ်ထားတဲ့သူတွေထဲကနေ ban ဖို့လိုအပ်ခဲ့လျှင်လည်း Ban user လုပ်လို့ရပါတယ် ။

ကဲ အပြောလေးတွေလျော့ အလုပ်လေးတွေလုပ်ကြရအောင် ။

၁ ။ http://www.facebook.com ကိုဖွင့်ပြီး မိမိ အကောင့်နှင့်ဝင်ပါ ။

၂ ။ ပြီးလျှင် အောက်ပါလင့်ကိုဖွင့်ပါ ။

http://www.facebook.com/pages/create.php?



ထိုအခါ ပုံပါအတိုင်းမြင်ရမည် ။



၃ ။ ပြီးရင် နှစ်သက်ရာ ခေါင်းစဉ်အား ကလစ်နှိပ်၍ နာမည်ရေး I agree to Facebook Pages Terms ကို အ မှန်ခြစ်ပြီး Get Started ကိုနှိပ်ပါ ။

၎ ။ ပြီးလျှင် Step 1 , 2 , 3 တွေ့ပါလိမ့်မည် ။

Step 1





Upload an image ကိုနှိပ်ပြီး ကွန်ပြူတာထဲက မိမိတင်ချင်သော ပရိုဖိုင်းပုံကိုရွေးတင်နိုင်ပါသည် ။ ၀ဘ်ဆိုက် တစ်ခုခုမှ ပုံကိုလည်း Import a photo လုပ်ပြီးတင်နိုင်ပါသည် ။ ပြီးလျှင် Continue လုပ်ပါ ။

Step 2



Invite friend ကိုနှိပ်ပြီး မိမိသူငယ်ချင်းများကို ဖိတ်နိုင်ပါသည် ။ Share your page တွင် မိမိတွင် contact list ရှိပါက Import contacts ကိုနှိပ်ပြီးထည့်နိုင်သည် ။ Share this page on my wall နှင့် Like this page ကိုအ မှန်ခြစ်ထားပါ ။ ပြီးလျှင် Continue ကိုနှိပ်ပါ ။

Step 3



Website အကွက်တွင် မိမိ ဘလော့လိပ်စာထည့်ပါ ။

About တွင် ယခုလုပ်သော ဖန်ပေ့ခ်ျနှင့်ပတ်သတ်၍ အတိုချုပ်ရေးပါ ။

ပြီးလျှင် Continue ကိုနှိပ်ပါ ။

၅ ။ ပုံပါအတိုင်း အမှတ်စဉ် လေးခုတွေ့ရပါမည် ။



1.Invite your friends ( သူငယ်ချင်းတွေဖိတ်ဖို့ )
2.Tell your fans ( နောက်ပိုင်းကိုယ့်ဆီမှာ like လုပ်သူများလာရင် သူတို့ကိုပြောဖို့ Import contacts ကိုနှိပ်ပြီးလည်း Contact ထည့်နိုင်ပါတယ်)
3.Post status updates ( Post Update ကိုနှိပ်ပြီး Welcome ကြိုဆိုပါတယ် ဘာညာ စရေးကြည့်ပါ ပြီးတော့ ပို့စ်တွေ စတင်လို့ရပါပြီ )
4.Promote this Page on your website ( အဲဒါအရေးကြီးဆုံးပဲ ကျန်တာတွေဘာ မှမလုပ်ပဲကျော် လာခဲ့လို့ရ တယ် ဒီနေရာမှာ ဘလော့မှာ ဖန်ပေ့ခ်ျဘယ်လိုထည့်သလဲဆိုတာ ပြောသွားပါ့မယ် )

Add like box ကိုမနှိပ်ခင် ပုံမှာပြထားတဲ့အတိုင်း ကိုယ့်ပေ့ခ်ျရဲ့လိပ်စာလေးကို ကော်ပီကူးထားပါ ။ ပုံမှာ အပြာခြယ် ထားတဲ့နေရာအထိ



ဥပမာ

http://www.facebook.com/pages/Blogger-Fan-Pag/103276963130048?skip_nax_wizard=true

ဆိုတဲ့ လိပ်စာမှာ ? ရှေ့အထိပဲ select လုပ်ပြီး ကော်ပီကူးရမှာပါ ။ http://www.facebook.com ကနေစပြီး question mark ရှေ့က ဂဏန်းတွေအထိ တောက်လျှောက်သည် ကိုယ့်ဖန်ပေ့ခ်ျရဲ့လိပ်စာဖြစ်ပါတယ် ။ အဲဒါ ကို ကော် ပီကူးထားပါ ။ Note pad ထဲမှာဖြစ်ဖြစ် ။

Add like box ဆိုတာကိုနှိပ်ပါ ။



ပုံမှာမြင်ရတဲ့အတိုင်းနမူနာ စာမျက်နှာတွေ့ပါလိမ့်မယ် ။ အဲဒီမှာ Facebook Page URL ဆိုတဲ့နေရာမှာ ခုန က ကော်ပီ ကူးထားတဲ့လိပ်စာလေးကို Paste လုပ်လိုက်ပါ ။

ပြီးရင် Width အကျယ်ကိုကိုယ့်ဘလော့နဲ့တိုင်းပြီးထည့်ရပါ့မယ် ။ ဒီနေရာမှာ ကိုယ်က ဘယ်နေရာ မှာထည့်မှာ လဲဆိုတဲ့အပေါ်မူတည်ပါတယ် ။ Side bar မှာထည့်မှာလား ဒါမှမဟုတ် ပို့စ်အပေါ်မှာထည့်မှာလား ။ ဆိုက်ဘားမှာ ဆိုရင်တော့အများစုက Width 220 ၀န်းကျင်လောက်ရှိပါတယ် ဒီထက်များတဲ့ ဘလော့တွေလည်းရှိပါတယ် ။ သင့်တော် သလိုထည့်ပါ ။

Height ကတော့ ကြိုက်သလောက်ထည့်ပါ ။ 350 , 400 လောက်ဆိုအတော်ပါပဲ ။ Color Scheme ကတော့ Dark နဲ့ Light နှစ်မျိုးရှိပါတယ် ။ ကိုယ့်ဘလော့နောက်ခံအရောင်နဲ့ ချိန်ပြီး နှစ်သက်ရာ ရွေးပါ ။

Show Faces ကို အမှန်ခြစ်ထားပါ ။

Border Color မှာ ဘာမှမထည့်လည်းရပါတယ် ။ အဖြူရောင်ကို default ပေးထား ပါတယ် နှစ်သက် ရာ အရောင် ထည့်နိုင်ပါတယ် ။

Stream ဆိုတာကတော့ ကိုယ်တင်လိုက်တဲ့ Update တွေပုံတွေစာတွေ တိုက်ရိုက်ပေါ်နေတာမျိုးပါ ။ နှစ်သက် ရင် လည်းအမှန်ခြစ်ထားပါ ။ ကျွန်တော်ကတော့ လူမျက်နှာလေးတွေပဲ ပေါ်စေချင်တဲ့အတွက် အဲဒီအကွက် ကိုဖြုတ်ထားပါတယ် ။ အဲဒါအမှန်ခြစ်ထားရင် Height က ရှည်သွားပါလိမ့်မယ် ။

Header မှာ Show header ကိုအမှန်ခြစ်ပါ ။ ပြီးရင် အောက်ပါအတိုင်းတွေ့ရပါလိမ့်မယ် ။



ပြီးရင် Get Code ဆိုတာကိုနှိပ်ပါ ။ ပုံမှာ ပြထားတဲ့အတိုင်း အဲဒီခါ ကုတ်သုံးမျိုးတွေ့ရပါလိမ့်မယ် ။



HTML5 ရယ် XFBML ရယ် IFRAME ရယ် သုံးခုရှိတဲ့နက် IFRAME ကိုနှိပ်ပါ ။



ပြီးရင်အကွက်ထဲက ကုတ် တွေအကုန်လုံးကော်ပီကူးလိုက်ပါ ။ ကော်ပီကူးပြီးရင် အဲဒီစာမျက်နှာကို ခဏထားပြီး Tab တစ်ခုအသစ်ဖွင့်ပြီး http://www.blogger.com ကို မိမိဘလော့အကောင့်ဖြင့် ၀င်လိုက်ပါ ။

ဘလော့ဂါတွေဖြစ်တဲ့အတွက် ဒီနေရာကိုအကျယ်မချဲ့တော့ပါဘူး ။ Design ကိုသွားပြီး Page Elements ကိုသွားပါ ။ ပြီးရင် မိမိထည့်လိုသောနေရာ ( ဥပမာ ဆိုက်ဘား သို့မဟုတ် ပို့စ်အပေါ်ဖက် တွင် ) Add a Gadget ကို ခေါ်ပြီး Html/Javascript အကွက်ထဲမှာ စောစောက ကူးခဲ့သော ကုတ်များအား Paste လုပ်ပါ ။



ပြီးလျှင် Save လုပ်ပြီးတဲ့အခါမှာတော့ အောက်ပါအတိုင်း မိမိဘလော့တွင် Fan Page အ ကွက်လေးပေါ်နေ မှာဖြစ်ပါကြောင်း ။



ကဲ Fan Page တော့ပေါ်နေပြီ ဘယ်လိုသုံးရမလဲ အဲဒါက အဓိကကျပါတယ် ။ တချို့က လုပ်တော့လုပ်ထားတယ် မသုံးတတ်တော့ အဲဒီပေ့ခ်ျက သေနေသလိုဖြစ်နေပြီး like ဦးရေက မတက်လာဘူး ။ ဖန်ပေ့ခ်ျသည် ဘလော့ ကစာတွေ တိုက်ရိုက် သူ့အလိုလို ဖေ့ဘုတ်မှာ သွားပေါ်နေခြင်းမဟုတ်ပါဘူး ။ ကိုယ်က တင်ပေးမှသာရပါတယ် ။ ဘယ်လိုတင်မလဲဆိုရင် ခုနကအတိုင်း ဖေ့ဘုတ်မှာ မိမိအကောင့်နဲ့ ၀င်လိုက်ပါ ။



ပြီးရင် Home ဘေးရှိ မျှားလေးအားနှိပ်လိုက်ပါက မိမိလုပ်ထားသော Fan Page ပေါ်လာလိမ့်မယ် ။ ထိုအခါ Use Facebook as အောက်မှ မိမိပေ့ခ်ျအားနှိပ်လိုက်ပါ ။ ထိုသို့နှိပ်လိုက်ပါက မိမိသည် ဖန်ပေ့ခ်ျအနေနှင့်ရောက် သွားပါ လိမ့်မည် ။



ပရိုဖိုင်းအကောင့်နှင့်မဟုတ်တော့ပါ ပုံအတိုင်းတွေ့ရပါလိမ့်မယ် ။ အဲဒီအခါ ဖန်ပေ့ခ်ျအနေနှင့် ပုံများတင်ခြင်း စာ များရေးခြင်း ပြုလုပ်နိုင်ပါတယ် ။ ဒီနေရာမှာ ပုံတင်တာကတော့လွယ်ပါတယ် ။ wall မှာ တင်သည်ဖြစ်စေ photo ထဲ သွားပြီး album တခုစီလုပ်ပြီး ခွဲတင်သည်ဖြစ်စေ တင်နိုင်ပါတယ် ။ ဒါကလွယ်တယ် note ဘယ်လိုရေး ရမလဲ ?? အိုကေ Home ကိုနှိပ်လိုက်ပါ ။



ဘယ်ဖက်ဘားရှိ Apps ဟူသောနေရာတွင် Notes , Photos , Questions , Links စသည်များကို ပုံပါအ တိုင်းတွေ့ရပါမည် ။ ထိုအထဲကမှ Notes ကိုရွေးပြီးတင်လျှင် ဖန်ပေ့ခ်ျတွင် note များပေါ်လာမှာဖြစ်ပါတယ် ။ သိထားဖို့က ဖန်ပေ့ခ်ျအနေနဲ့တင်တဲ့ note တွေ photo တွေဟာ မိမိ နဂို ပရိုဖိုင်းအကောင့် မှာ ပေါ်မှာမ ဟုတ်ပါဘူး ။ ဖန်ပေ့ခ်ျမှာသာ ပေါ်မှာဖြစ်တယ်ဆိုတာပါပဲ ။ နောက်ပိုင်းမှ Welcome Page ထည့်နည်းတွေနဲ့ တခြား apps တွေထည့်နည်းတွေပြောပေးသွားပါ့မယ် ။ အခုတော့ဒီလောက်ပါပဲ ။

မရှင်းလင်းခဲ့ရင်မေးသွားနိုင်ပါတယ် ။ ပြန်ဖြေပေးပါ့မယ် ။ (ဆရာကြီးလုပ်ခြင်းမဟုတ်ပါ မသိသေးသော ဘလော့ ပိုင်ရှင်များ မလုပ်တတ်သောသူများအတွက် ဖြစ်ပါသည် ။ )

သက်တန့်ချို
Feb-3-2012

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

16 comments:

  1. EEE....တိုင်းကျူး mr.Rainbow ရေ
    လုပ်ချင်တာကြာပီ။လုပ်မတတ်လို့တိုင်ပတ်နေတာ...

    ReplyDelete
  2. လုပ်ချင်နေတာ မလုပ်တတ်လို့..
    ခုလည်း ဖတ်ရင်း ဖတ်ရင်းနဲ့ ရှေ့ပိုင်းရှင်းလာပေမယ့် နောက်ပိုင်းစာတွေဖတ်ပြီး ဦးနှောက်ခြောက်သွားလို့ ပတ်စ်ဝပ်ကလေးပေးပြီး ဆရာ့လက်ကို အပြီးအပ်လိုက်တာပဲ ကောင်းမယ် ထင်ပါရဲ့.. :))

    ReplyDelete
  3. ဒီအတိုင်းလေးပဲသဘောကျလို့ လုပ်တော့ဖူးဗျား)း)

    ဒါပေမယ့် ကျေးဇူးကိုသက်တန့်
    နေကောင်းတယ်မဟုတ်လား
    မတွေ့တာကြာပီ


    မောင်ဘကြိုင်

    ReplyDelete
  4. ဒီအတိုင်းလေးပဲသဘောကျလို့ လုပ်တော့ဖူးဗျား)း)

    ဒါပေမယ့် ကျေးဇူးကိုသက်တန့်
    နေကောင်းတယ်မဟုတ်လား
    မတွေ့တာကြာပီ


    မောင်ဘကြိုင်

    ReplyDelete
  5. ကျေးဇူးပါ အကိုရေ..
    အဆင်ပြေသွားပြီ...
    ကျွန်တော် blog လေးကိုလည်းလာလည်ပေးပါဦး..

    ReplyDelete
  6. ဖတ်၇င်းနဲ.၇ှုတ်လာလို. P,W ပေးမယ်..Do ပေးမလား ကျေးဇူးပါ

    ReplyDelete
  7. လုပ်ရင်းလုပ်ရင်းနဲ့  ရှုပ်ကုန်ပြီ မလုပ်တတ်တော့ ဘူး :(

    ReplyDelete
  8. မ၀ါ > နောက်ပိုင်းဘယ်အဆင့်မှာ မရတော့တာလဲ စမ်းကြည့်ပါဦး နောက်ဆုံးမရရင်တော့ မ၀ါ အဆင်ပြေသလိုပြောပါ ကူညီပါ့မယ် ။

    ဆရာမရွှေစင် > ဘယ်နားမှာ ဖတ်ရင်းနဲ့ ရှုတ်သွားတာလဲဟင် ရှင်းပြပေးပါ့မယ် Do ပေးမလားဆိုတော့ Do ပေးပါ့မယ် မက်ဆေ့သာပို့လိုက်ပါ ။

    Sai naung naung> ဘယ်နားရှုပ်သွားတာလဲ

    ဘယ်အဆင့်မှာ မရတော့သလဲဆိုတာ သိရရင်ကောင်းမယ် ကျွန်တော်ပုံတွေနဲ့ပြထားပါတယ် လွယ်ပါတယ် ။

    ReplyDelete
  9. မမြသွေးတို့လို လူမျိုးတွေအတွက် ဒီပို့စ်လေးရေးဖြစ်တယ်ထင်ပါတယ်။ ဆရာ့ကောင်းမှုနဲ့ Fun Page လေး ဖြစ်ခဲ့ရတာ ကျေးဇူးတင်ပါတယ် ဆရာသက်တန့်ရေ..။

    ReplyDelete
  10. တီတင့်ဘလော့က Fun Page ကိုမြင်တိုင်း
    ကျေးဇူးတင်နေမိတယ် မောင်သက်တန့်ရေ။
    ဘလော့ဂါတွေဆုံနိုင်မည့်အစီအစဉ်လေးလုပ်အုံးနော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  11. ဆရာရေ..
    ကျွန်မ Fun Page မှာ
    ဆရာပြထားတဲ့ အဆင့်တွေမရှိတော့ဘူး။
    Get Started ဆိုတာရော...Add Like Box ဆိုတာရော မရှိတော့ဘူး။
    အဲဒါဘယ်လိုလုပ်ရမလဲဆိုတာ ဆရာအားရင် ရှင်းပြပါဦးနော်..

    ReplyDelete
  12. မဝေ ရေ မဝေရဲ့ဖန်ပေ့ခ်ျလင့်ကို အဆင့်ငါးအောက်ကအတိုင်းကူးလိုက်ပါပြီးရင်အောက်မှာပေးထားတဲ့လင့်ကိုဖွင့်လိုက်ပါ ။

    http://developers.facebook.com/docs/reference/plugins/like-box/

    ဒါဆိုရင်အဆင့် ငါး အောက်ကအဆင့်တွေကိုမြင်ရမှာပါ ရမယ်လို့ထင်ပါတယ် ခင်ဗျား)

    ReplyDelete
  13. ကျေးဇူးတင်ပါတယ် ဆရာရေ...
    စမ်းလုပ်ကြည့်တာ အဆင်ပြေသွားပါပြီ။

    ReplyDelete
  14. fun page ကလုပ်ပြီးသွားပြီ Blog မှာရေးသမျှ funpage မှာသွားပေါ်နေအောင်ဘယ်လိုလုပ်ကမလဲ ပြောပြပေးပါလား အားပေးလျှက်

    ReplyDelete
  15. Create fan page လုပ်တဲ့ Step 1 မှာ Upload an image ဆိုတာကို ရှာလို့မတွေ့ဘူး။ ပုံစံချင်းလည်းမတူဘူး ဖြစ်နေတယ်။ ဘာလိုလည်းမသိဘူးနော်။ ရှင်းပြပါအုံး။

    Rosy

    ReplyDelete
  16.်fun page လုပ်တာ step 1 က upload an image ကိုမတွေ့ဘူးဖြစ်နေတယ်။ ပုံစံချင်းလည်းမတူဘူး
    ဘာလိုလည်းမသိဘူးနော်။ကူညီပါအုံး၊
    နီနီ

    ReplyDelete