Monday, February 6, 2012

ဝိဥာဉ်တွေနေတဲ့မြို့ St.Elmo Colorado

ဝိဥာဉ်တွေနေတဲ့မြို့ St.Elmo Colorado



အဲဒီမြို့လေးဟာတချိန်တုန်းက ဗုန်းတွေအကြဲခံရပြီး မိုင်းတွေ အခွဲခံရတဲ့မြို့ကလေးဖြစ်တယ် ။ ရထား လမ်းတွေ အားလုံးဟာ Colorado ရဲ့ အလယ်တည့်တည့်ကို ဖြတ်သန်းသွားတယ် ။ ၁၉၂၂ ခုနှစ်မှာ ရထားလမ်းတွေကို ပိတ်ပစ်လိုက်တဲ့အခါ Colorado St. Elmo ဟာ ဆိတ်သုဉ်းခြောက်သွေ့ပြီး ကြောက်မက်ဖွယ်ကောင်းခဲ့တယ် ။ စတိုင်း ဆိုင်တွေ အိမ်တွေ ချာခ်ျ ဘုရားကျောင်းတွေနဲ့ အဆောက်အဦးများစွာ ဟာ လူသူကင်းမဲ့ပြီး အရင် လူတွေနေခဲ့တဲ့ အသုံးအဆောင်ပစ္စည်းတွေနဲ့ ပြည့်နေခဲ့တယ် ။

ဒါပေမယ့် St.Elmo ဟာ Gunnison National Forest မှာ တည်ရှိပါတယ် ။ မြို့ကလေးမှာ များစွာသော အပျော် ခရီးထွက်တဲ့လမ်းကြောင်းတွေ ရထားလမ်းပျက်တွေနဲ့ ပိတ်ဆို့နေတဲ့ လူသူအသုံးမပြုတော့တဲ့ လမ်းတွေ အများ အပြားမြင်တွေ့နိုင်တယ် ။ ကဲ ကျွန်တော်တို့အားလုံး ၀ိဥာဉ်တွေနဲ့ ပြည့်နေတဲ့မြို့ကလေးကို ခရီး ထွက် ကြည့် ကြရအောင် ။















သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

8 comments:

  1. ကြောက်စရာကြီးဘဲး(

    ReplyDelete
  2. အာဂျီးမားFebruary 6, 2012 at 7:53 PM

    လူတွေက မြို့ လေးကိုဘာလို့ စွန့် ခွာကုန်တာလဲ၊ ရထားလမ်းတွေပိတ်လိုက်လို့ လား... တချိန်ကတော့စည်စည်ကားကားနဲ့နေလှပတဲ့မြို့ လေးဖြစ်ခဲ့မှာပါပဲ။ ခုတော့....

    ReplyDelete
  3. အင်းနော် ..ည ဘက်ဆို ဘယ်လိုများ နေမလဲ မသိဘူး..:):)

    ReplyDelete
  4. လူမနေဘူးသာပြောတယ်...အောက်ဆုံးကပြတင်းပေါက်ကပန်းအိုးလေးကလန်းဆန်းနေသလားလို့.....no offend... :)

    ReplyDelete
  5. အဲဒါ ပလတ်စတစ်ပန်းတွေလေ.. :p

    ReplyDelete
  6. ရောက်ဖူးတယ်ရှိအောင် သွားအုံးမှ

    ReplyDelete
  7. လွှမ်းမိုးသူApril 19, 2013 at 7:49 AM

    သာယာတယ်နော်

    ReplyDelete
  8. ဟုတ်တယ်ကွှန်တော်လည်းရောက်ဖူးချင်လိုက်တာ

    ReplyDelete