တရုတ်နိုင်ငံ ဘေဂျင်းမြို့မှ ထူးဆန်းသော အစားအစာများ
သူငယ်ချင်းတို့ကို တရုတ်နိုင်ငံ ဘေဂျင်းမြို့က ထူးဆန်းတဲ့ စားသောက်ဆိုင်တွေဆီ အလည်ခေါ်သွားပေးပါ့မယ် ။
အစားအစာဆန်းတွေကို နှစ်သက်သူတွေ အတွက်ကတော့ အကြိုက်ပဲပေါ့ ။
ကြယ်ငါးကို ငါးမန်းဆီနဲ့ကြော်ထားတာတဲ့ ။
ငါးမန်းပေါက်လေးတွေ ကြယ်ငါးကြော်နဲ့ ပင်လယ်ကောင်(Urchin) -Echinodrem အနွယ်ဝင်ဖြစ်ပြီး သူ့ရဲ့ လှုပ်
ရှားနိုင်တဲ့ကျောရိုးကို လုံးဝန်းသော (သို့မဟုတ်) ပြားချပ်သော အကာနဲ့ ဖုံးအုပ်ထားလေ့ရှိပါတယ် ။ Echinoidea အုပ်စုဝင် ပင်လယ်ကောင်တွေ ဖြစ်ပါတယ် ။
မြွေကို တုတ်နဲ့ထိုး ပြီးကင်စားရတာပါ ။ အားပေးသွားကြပါဦး ။
ခွေးအသည်းနဲ့ဟင်းသီးဟင်းရွက်များ ။
ဆိတ်အဆုပ်နဲ့ အနီရောင် ငရုပ်ကောင်းပွ ။ အတော်လေးလည်း စပ်ပါတယ် ။ မိုးအေးအေးမှာ နှစ်သက်လိမ့်မယ်
ထင်ပါတယ် ။
ပြောင်းဖူးဖုတ်နဲ့ စားရတဲ့ ဂျင်းအချဉ် (ဆော့စ်)
ကြက်စတူးဝက်စတူးမဟုတ်ပါဘူး ။ နွားနဲ့ မြင်းစတူးကို ရောထားတာပါ ။
ပိုးချည်သံကောင် ၊ အမဲရောင် ကင်းမြီးကောက် ၊ ပိုးတောင်မာကင် ၊ ပုစဉ်းရင်ကွဲကင်များ ။
ခွေးဦးနှောက်စွပ်ပြုတ် ဟီး ကြိုက်ကြမယ်ထင်ပါတယ် နော့ ။
ကရုကမာကောင် ၊ ကင်းမွန်နဲ့ ဖွတ်ခြေထောက် တုတ်ထိုးများ ။
အထူးပြုလုပ်ထားသော ကင်းမြီးကောက် နဲ့ ပိုးတောင်မာတုတ်ထိုးများ ။
ကင်းမြီးကောက် ၊ ပုရစ် နှင့် ပိုးတောင်မာကင်များ ။
ရေနဂါးဟုခေါ်သော Seahorses ကင်များ ။
သယ်ရင်းတို့အားလုံး ခံတွင်းတွေ့ကြလိမ့်မယ်လို့ ထင်ပါတယ် ။ ကျနော်ကတော့ဒီနေ့ သတ်သတ်လွတ်ဖြစ်တဲ့
အတွက် မစားတော့ပါဘူး ။ ၀အောင်သာစားကြပါ .... ဟီး ။
စာရေးသူ......သက်တန့်ချို......(၁၂း၅၀ နေ့လည် ၃၀.၉.၀၉)
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................