Tuesday, September 8, 2009

အကြီးမားဆုံး Jellyfish

အကြီးမားဆုံး Jellyfish





ယခုအချိန်မှာတော့ ဂျပန် researcher တွေဟာ တရုတ်ပြည်ရဲ့ ရေပြင်မှာတွေ့ရှိခဲ့တဲ့ အလွန်ကြီးမားတဲ့ Jellyfish နဲ့ပါတ်သတ်ပြီး သုတေသနတွေ ပြုလုပ်နေပြီ ဖြစ်ပါတယ် ။ သူတို့ဟာ နောက် အချိန်အနည်းငယ်အတွင်းမှာ ဂျပန် ရေပြင်ဆီကို ရောက်ရှိလာနိုင်တယ်လို့ မှတ်ချက်ပေးခဲ့ကြပါတယ် ။ ဒီအဖြစ်မျိုးက ၂၀၀၅ ခုနှစ်ကလည်း တစ်ကြိမ် ဖြစ်ပျက်ခဲ့ ဖူးပါတယ် ။ ဂျပန် ရေပြင် researcher တွေပြောပြချက်အရ သူတို့လာ ဒီကောင်တွေ အရေအတွက်များလာမှာကို စိုးရိမ်နေကြရပါတယ် တဲ့ ။ ဘာကြောင့်လည်းဆိုတော့ သူတို့ဟာ တစ်ကောင်ကို brediameter 2 metre နဲ့ အလေးချိန် ၂၂၀ ကီလိုဂရမ်လေး လို့ပါပဲ ။ သူတို့ရဲ့ ပြောပြချက်အရ ဒီ jellyfish တွေဟာ ရေစီးကြောင်းမှ တဆင့် ဂျပန်ရေပိုင်နက်ထဲကို ရောက်ရှိလာနိုင်တယ်လို့ ဆိုပါတယ် ။ ဒီကောင်တွေ ဂျပန်ရေပိုင်နက်ထဲကို ၀င်ရောက်လာ ခြင်းဟာ ဂျပန်ငါးဖမ်းစက်ရုံတွေကို ပျက်ဆီးစေမှာ ဖြစ်ပါတယ် ။ ဘာကြောင့်လည်းဆိုတော့ ဒီ jellyfish တွေဟာ အဆိပ်တွေကို ထုတ်လွှတ်ပေးပြီး အဲဒီအဆိပ်တွေက ဖမ်းမိထားတဲ့ ငါးတွေကို သေစေနိုင်တဲ့အတွက် ကြောင့်ပါပဲ ။

ဒီ လေ့လာမှုကြီးကို Shinichi Ue ကဦးဆောင်ပြီး ပြုလုပ်ပါတယ် ။ သူကတော့ Hiroshima University မှာရှိတဲ့ marinebiology ရဲ့ professor တစ်ဦးဖြစ်ပါတယ် ။ သူတို့ဟာ အသင်းဖွဲ့စည်း ပြီး ဒီကောင်တွေရဲ့ ကြီးထွားမှုကို ဆက်ပြီးလေ့လာနေကြပါတယ် ။ Prof Ue က jellyfish တွေရဲ့ မျိုးပွားပြီး အကောင်ရေများပြားလာမှုကို Kuning Sea နဲ့ South chinaSea မှာ ၂၀၀၆ ခုနှစ်ကတည်းက စတင်လေ့လာခဲ့တာ ဖြစ်ပါတယ် ။

စာရေးသူ......သက်တန့်ချို.....( ၁၀း၀၀ ည ၈.၉.၀၉ )

3 comments:

  1. ဒီလို ဂျယ်လီငါးတွေလည်း ရှိသေးတာကိုး။ သဘာဝကြောင့် လူကြောင့် အပျက်အစီးများလာနေတဲ့ ဒိကမ္ဘာမှာ ဒီလို အဆိပ်ထုတ်တတ်တဲ့ သတ္တဝါတွေလည်း ရှိနေပြန်သေးတော့ အင်း ကိုယ့်ထက်ကြီးတဲ့ ကမ္ဘာကြီးတွက် ရင်လေးပါတယ်။ မောင်လေးရေ ကျေးဇူးပါနော်။ ခရီးထွက်နေတဲ့ကြားက ရေးပေးတာကို ။

    ReplyDelete
  2. အားနဲတဲ့ ကောင်ကြီးတွေမှာ မဟုတ်ပဲ
    အဆိပ်ရှိတယ်ဆိုတာကြားဖူးရုံပဲခုတော့
    ကိုသက်တန့် ကျေးဇူးနဲ့ မျက်စိနဲ့ မြင်ရပြီ
    ခင်တဲ့ 
    ရန်ကုန်သား

    ReplyDelete
  3. မှိုပွင့်ကြီးနဲ့တောင် တူနေသေးတော့
    သတ္တလောကဟာ တော်တော်ဆန်းကြယ်တာပဲဗျာ
    အဲဒီjellyfishရဲ့videoကြည့်ရရင်တော့ကောင်း
    မယ်
    ခုလောလောဆည်တော့ အပုံပဲကြည့်ပြီးကျေနပ်လိုက်တယ်

    ReplyDelete