မုန်းသော်လည်း ကျွန်တော်နှင့်အတူရှိသော အရာတစ်ခု
(ပန်းရင့်ရောင်၏ တဂ်ကို ပြန်လည်ဖြေဆိုပါသည် ။ )
(အော် ပန်းရင့်... ပန်းရင့်.... နင်လုပ်တာနဲ့ နာတော့ ငယ်ကျိုးငယ်နာတွေ ပေါ်ကုန်တော့မှာပဲ ..ဟီး )
လောကကြီးတစ်ခုလုံးတွင် သူအမုန်ဆုံးအရာ တစ်ခုရှိ၏ ။ ထိုရာကား မထင်မှတ်သောအချိန်တွင် သူ့ဆီရောက်လာ၏ ။သူကြိုးစား၍ မောင်းထုတ်သော်လည်း တစ်ခါတစ်ရံပျောက်သွား၍ တစ်ခါတစ်ရံ ပေါ်လာတတ်၏ ။ ထိုအရာသည် သက်ရှိလူသားလည်းမဟုတ် ။ သက်မဲ့အရာဝထ္ထုလည်းမဟုတ် ။ ဖမ်းဆုပ်၍လည်း မရနိုင် ။ ဖယ်ရှား၍လည်း မရနိုင် ။ ထိုအရာကား ......................
မှတ်မှတ်ရရ ၃ တန်းကျောင်းသားဘ၀ ကဖြစ်၏ ။ သူ့မှာ ရန်နိုင်ဆိုသော သူငယ်ချင်းတစ်ယောက်ရှိ၏ ။ သူကအခြားကျောင်းမှ ပြောင်းလာသည် မှာမကြာသေးပေ။ အခြားကျောင်းမှာတော့ ရန်ဖြစ်သည့်နေရာမှာ နာမည်ကြီးသည်ဟု ဆို၏ ။ သူနှင့်တောင် သိသည်မှာ ၁ လ လောက်ပဲရှိသေး၏ ။ တစ်နေ့တွင်ရန်နိုင်က သူ့ဆီကခဲဖျက်ငှား၏ ။အဲဒီမချိန်က သူဝါသနာအပါဆုံးသောပုံဆွဲသည့်အလုပ်ကို လုပ်နေသည့်အချိန်ပင် ။ သူလည်းခဲဖျက်ကိုငှားလိုက် ၏ ။ ရန်နိုင်ကခဲဖျက်ကို သုံးပြီးဖျောက်ပစ်လိုက်၏ ။ သူက ပြောသည့်အခါ ရန်နိုင်ကသူ့ကို ရန်စ၏ ။ တစ်စတစ်စ စကားများလာသောအခါ ကလေးသဘာဝ လက်ကပါလာကြ၏ ။
ပထမတော့တွန်းလား ထိုးလားနှင့် ။ နောက်တော့ ရန်နိုင်က သူ့ကို ခဲတံနှင့် လက်မောင်းကိုထိုးချလိုက်၏ ။ သူ့မျက်လုံးထဲမှာ တစ်ချက်ပြာသွား၏ ။ မျက်စိထဲတွင်လည်းဘာမှ မမြင်မိတော့ ။ ရန်နိုင့်လက်ထဲက ခဲတံကိုလုယူပြီး သူ့လက်မောင်းကို ၂ ချက်ဆင့်ကာထိုးစိုက်လိုက်၏ ။ အကျိုးဆက်ကား ၂ ယောက်လုံးမိဘများခေါ်တွေ့ခံရကာ အရိုက်ခံလိုက်ရ၏ ။ သူ၏ ပထမဆုံးအကြိမ်ရန်ဖြစ်ဖူးခြင်းပင် ။ နောက်တော့ရန်နိုင်လည်း သူ့အနားမကပ်ရဲတော့ပေ ။
ဒုတိယအကြိမ်ကား အသက် ၁၄ နှစ်ကျော်ကျော်တွင်ဖြစ်၏ ။ သူတို့ကျောင်းတွင် သူတို့ထက် ၂ နှစ်ခန့်ကြီးသော ကျောင်းသားကြီး တစ်ဦးရှိ၏ ။ သူကနေရာတကာ ဗိုလ်ကျ အနိုင်ကျင့်တတ်၏ ။ ကျွန်တော်တို့ဆီက မုန့်များကိုလုစား သည်မှာလည်း အကြိမ်ကြိမ်ပင် ။ သူ့ကိုကြည့်မရသည်မှာ ကြာပေသည် ။ တစ်နေ့တော့ သူကကျောင်းသို့ကွမ်းစားလာ၏ ။ ဆရာမ၀င်တော့မည်ဟု သတင်းကြားသောအခါ ကွမ်းကို ကျွန်တော်ထိုင်နေရာ ဘက်သို့လှမ်း ထွေးလိုက်၏ ။ အလွန်မြတ်နိုးသော အင်္ကျီလေးမှာ ကွမ်းတံတွေးများ ပေစွန်းကုန်၏ ။သူ့စိတ်ထဲ ချက်ချင်းဆိုသလိုဘယ်လိုဖြစ်သွားမှန်း မသိပေ ။ ထိုကျောင်းသားကြီး၏ ရှေ့တည့်တည့်သို့သွားပြီး ကော်လံကိုဆွဲကာ မျက်နှာကို လက်သီးနှင့် တည့်တည့် ၂ ချက်ဆင့်ထိုးလိုက်၏ ။ အကျိုးဆက်ကား ကျောင်းအုပ်ဆရာမကြီး ရုံးခန်းသို့ရောက်ပြီး လက်မှတ်ထိုးလိုက်ရ၏ ။ ကျောင်းသားကြီးလည်း ထိုနေ့မှစ၍ ကွမ်းပြတ်သွား၏ ။
တတိယအကြိမ်ကား ၁၀ တန်းနှစ်မှာပင်ဖြစ်၏ ။ အမှန်အတိုင်းပြောရလျှင် သူက အခြားကျောင်းသားတွေထက် စာပိုတော်ခဲ့၏ ။ စာတော်၍ ၏ ဆရာမတွေက ချစ်ကြသောအခါ မနာလိုသူများရှိလာ၏ ။ တစ်ရက်တော့ သူမုန့်စားဆင်းပြီးပြန်လာစဉ် ကျောင်းကော်ရစ်တာ ကွေ့ချိုး၍ စကားသံအချို့ကို ကြားလိုက်ရ၏ ။
" သက်တန့်က အလကားကောင်ပါကွာ... ဆရာမတွေကို အမြဲဖားနေတဲ့ကောင် မိန်းမတွေလုပ်တဲ့ ဘုရားပန်းအိုး
လဲတာလည်း ဒီကောင်ဝင်လုပ်တာပဲ ငါနဲ့ထိပ်တိုက်မတွေ့သေးလို့ပေါ့ကွာ ဟင်း "
ထိုစကားသံတွေ ကြားလိုက်သော အခါ ကွယ်ရာမှာ မိန်းမလို မိန်းမရ အပုပ်ချတတ်သည့် လူကို ကြည့်မရသည့် သူ၏ ဥာဉ်အတိုင်း ထိုကျောင်းသား၏ ရှေ့တည့်တည့်သို့ရောက်သွားမိ၏ ။ ထိုကျောင်းသားလည်းရုတ်တရက် ဗြုန်းဆို သူရောက်လာသည့်အတွက် ကြောင်ပြီးကြည့်နေ၏ ။ သူလည်း ခပ်တည်တည်ကြည့်ပြီး ထိုကျောင်းသား၏ ခေါင်းကို သူ၏ ခေါင်းနှင့်ဆင့်က ခွပ်ကနဲ တိုက်ချလိုက်၏ ။ အကျိုးဆက်ကား ၂ ယောက်လုံး ခေါင်းကွဲသွား၏ ။ ထိုကျောင်းသားလည်း အတင်းပြောတတ်သည့်အကျင့်ပျောက်သွား၏ ။ နောက်တော့သူ့ကို လာပြီးတောင်းပန်၏ ။ သူကတော့ ဘ၀ တွင် ဒုတိယအကြိမ်မြောက် လက်မှတ်ထိုးလိုက်ရပြန်၏ ။
တစ်ခုဆိုလျှင် သည်းမခံတတ် သော ကလဲ့စားချေတတ်သော အငြိုးကြီးသော ထိုဥာဉ်သည် မကောင်းမှန်း အသုံးမ၀င်မှန်းသူသိ၏ ။ သိသောကြောင့်လည်း သူအကြိမ်ကြိမ် သတ်ဖို့ကြိုးစား၏ ။ သတ်တိုင်းလည်း မအောင်မြင်။ သူသာရှုံးနိမ့်သွား၏ ။ ယခုထိတိုင်လည်းသူ သတ်နေဆဲပင် ။ သို့သော်..... တခါတရံ ... သူမုန်းသော ရွံ့ရှာသော တရားမမျှတဟု ထင်သော အရာများနှင့် ကြုံတွေ့လာသောအခါ...ထိုအရာ ကား တဖန်ပြန်၍ ပေါ်လာတတ်ပြန်၏ ။
စာရေးသူ ..... သက်တန့်ချို .....( ၁၀း၄၅ ည ၃၁.၈.၀၉ )

သက်တန့်ရေ.........
ReplyDeleteစိတ်လျှော့စိတ်လျှော့.....ဟဲ....ဟဲ။
ဆရာဝန်ဆိုတာ စိတ်ရှည်ရတယ်။
ရေးပေးတာကျေးဇူး။
ငါ လာဖတ်သွားပြီနော်။
ဘ၀တူသူငယ်ချင်း သက်တန့်ရေ...
ReplyDelete( ပန်းရင့် နှိပ်စက်သမျှ တို့နှစ်ယောက်က ဒိုင်ခံ ဖြေရှင်းနေရလို့ ...းP ) ရေးထားတဲ့
အကြောင်းအရာလေးတောင် ခပ်ဆင်ဆင်ပဲနော် ...။
အင်း .....ဒါလဲ ဒေါသ ပဲ.... စိတ်အစဉ်မှာ ထကြွသောင်းကျန်းမှု အမြဲ ပြုတက်သော( ပရိယုဌါန ဒေါသ )လို့ခေါ်တယ်...။ ဟိးP ဆရာမကြီးလုပ်သွားပြီနော်...။
ခင်မင်စွာဖြင့်
နှင်း
ကဲ ကိုသက်တန့် အကြောင်းလာဖတ်သွားပါ
ReplyDeleteတယ် ...... ယောကျာ်းလေးတွေ ရဲ့ ရှိတတ်
တဲ့ စိတ်ကလေးပါ .... ဒါပေမယ့် ဘယ်လို
ဒေါသမျိုးမဆို ဖျက်ဆီးတဲ့ သဘောရှိလေတော့
.... အနည်းဆုံး ကိုယ် ပူလောင်ရ မယ်ထင်ပါတယ်.... (သည်းခံပြီးမေတ္တာထားဖို့  ဆိုတာ တကယ် မလွယ် ပါဘူး ..... :D လုပ်နိုင်ရင်တော့ အကောင်းဆုံးပေါ့ ... )
အေးမြသာယာပါစေ
ရန်ကုန်သား :D