Wednesday, September 30, 2009

ထိုင်းနိုင်ငံမှာပဲ တွေ့ရတဲ့ရိုးရာဓလေ့များ

ထိုင်းနိုင်ငံမှာပဲ တွေ့ရတဲ့ရိုးရာဓလေ့များ

နည်းပညာတွေတိုးတက်နေတဲ့ ခေတ်ကြီးမှာ ယနေ့အထိ လူသားတွေအားလုံး စွဲစွဲမြဲမြဲ ယုံကြည်နေ ကြတာကတော့ ရိုးရာဓလေ့အစွဲတွေပဲ ဖြစ်ပါတယ် ။ အဲဒီဓလေ့တွေက လည်းထူးဆန်းအံ့သြ ဖွယ်ကောင်းလောက်အောင် တချို့ဒေသတွေမှာ အရိုးစွဲနေတုန်းပဲဖြစ်ပါတယ် ။ ကဲ ထိုင်းနိုင်ငံက ရိုးရာဓလေ့တွေကို ကြည့်ကြပါစို့ ။ ဆေးပညာ ရှုထောင့်ကနေကြည့်မယ်ဆိုရင် လက်ခံနိုင်စရာ အကြောင်းမရှိပါဘူး ။ လူတွေမှာ နာကျင်မှုကို ဖြစ်ပေါ်စေတဲ့ Pain pathway ဆိုတာရှိပါတယ်။ ဒီလူတွေက အသားတွေထဲ အချွန်တွေ ထိုးစိုက်နေတာဟာ တကယ်ပဲ မနာကျင်ကြဘူးလား ။ စောစောကပြောခဲ့တဲ့ Pain pathway ကိုဘယ်အရာတွေနဲ့ပိတ်ဆို့ထားကြသလည်း ။ ထူးတော့ထူးဆန်းပါတယ် ... ။ မီးနင်းပွဲတွေမှာ တွေ့ရလေ့ ရှိတဲ့ပုံစံမျိုးပါပဲ .... ။ နတ်ဘုရားတွေကပဲ သူတို့ကို မနာမကျင်အောင် ပြုလုပ်ထားတာလား ဆိုတာကိုတော့.........။


















စာရေးသူ....... သက်တန့်ချို......(၁၀း၃၃ မနက် ၃၀.၉.၀၉)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

11 comments:

  1. အောင်မလေး အပေါ်က နှစ်ပုံတွေ့ပြီး အောက်ကပုံတွေကိုဆက်မကြည့်ရဲတော့လို့ scroll down ဆွဲပြီး မန့်ခဲ့တယ်
    ကြောက်စရာကြီးလို့.... @^@

    ReplyDelete
  2. အမလေး ကျောကိုစိမ့်သွားတာပဲ

    ReplyDelete
  3. ဘယ်လိုလူတွေလဲသိပါဘူး။
    တော်တော်ရှူးကြတာဘဲနော်။
    ကျမထိုင်းမှာနေတာ၅နှစ်ရှိတော့မယ်။
    ခုမှမြင်ဘူးတယ်။ကျေးဇူးကြည့်ခွင့်ရလို့ပါ။

    ReplyDelete
  4. သိပ္ပံပညာနဲ့  မရှင်းပြနိုင်တဲ့ အရာတွေပေါ့ ...

    ReplyDelete
  5. ဟဲ့ မမတန့် နာလည်း မြင်ဘူးဖူးဟ

    ReplyDelete
  6. အစ်မ ထိုင်းမှာနေတာ ကြာပြီ တီဗွီထဲ တွေ့တွေ့ဖူးတယ်။ ရိုးရာက အတော်ကြောက်ဖို့ ကောင်းတယ်နော်။ ဒိခေတ်ထဲထိ ရှိနေတာ အံ့သြစရာပဲနော်။ မောင်လေး ကျေးဇူးတင်ပါတယ်။ (စိတ်ကူးပေါက်ပြီး လုပ်မကြည့်နေနဲ့ဦး)

    ReplyDelete
  7. ရှာလဲရှာတတ်ပါပေ့...

းဝ)

    ReplyDelete
  8. အ မ လေးးးးးးလေးးးးးးးး

    အူ ယား လိုက် တာ ...

    ReplyDelete
  9. စင်ကာပူမှာ လည်း တွေ့ ဖူးတယ်။ ဒါပေမဲ့ သွေးစီးတန်းကျ နေတာမြင်ရတာ အမြင်ဆိုးတာ။ ဒီပုံတွေမှာတော့ သွေးမထွက်လို့ ကြည့်လို့ ရသေးတယ်။

    ဆောင်း

    ReplyDelete
  10. ဖူးခက်မှာနှစ်တိုင်းကျင်းပတယ်၊ အကြီးအကျယ်ဘဲ၊ နိုင်ငံခြားသားတွေလဲအရမ်းကိုလာကြတယ်. အမှန်ကတရုပ်နတ်ပွဲတော်ပေါ့နော်.. အဲဒီအချိန်ဖူးထက်တမြို့ လုံးနီးပါး အကျီင်္အဖြူဘောင်းဘီအဖြူတွေဝတ်ကြတယ်.. သတ်သတ်လွတ်အစာတွေဘဲစားကြတယ်.. ၉ရက်လောက်ရှိမလားမပြောတတ်ဘူး ... ထိုင်းဘာသာနဲ့ ဆို ကင်ကျေ့ ပွဲတော်ခေါ်ကြတယ်..

    ReplyDelete
  11. အောင်မလေး..ကြောက်စရာကြီး... ရှားပါ့ဟယ်..မီးနင်းပွဲထက်ဆိုးတယ်

    ReplyDelete