Saturday, September 12, 2009
ရွှေမန္တလာမြေသို့ ခရီးတစ်ခေါက်
ရွှေမန္တလာမြေသို့ ခရီးတစ်ခေါက်
မန္တလေးမြို့ကို ရန်ကုန် Traders Hotel မှာ လုပ်တဲ့ပွဲပြီးပြီးချင်း နောက်တစ်နေ့မှာ ညနေပိုင်းကားနဲ့ထွက် ဖြစ်ခဲ့ပါတယ် ။ ညကမှောင်မှောင် မိုးကအေးအေးနဲ့ တညိမ့်ညိမ့်လေးနဲ့လိုက်ပါ ခဲ့ပါတယ် ။ မိုးကလည်းအပြင်မှာ တဖွဲဖွဲ... ။ အပြင်မှာ ကျန် ခဲ့တဲ့ မဟူရာပိတ်ကားတွေက တရိပ်ရိပ် .... .....။ ည ၁၀ နာရီ လောက်ရောက်တော့ Pioneer မှာကားရပ်ပြီး နားပါတယ် ။ ရှမ်းခေါက်ဆွဲစားပြီး ဆက်လက်ခရီးဆက်ခဲ့ပါတယ် ။ လူကအိပ်ငိုက်လာပေမယ့် ကားပေါ်မှာ အိပ်လေ့မရှိတဲ့အကျင့်ကြောင့် တစ်ကားလုံးမှာ ကားဆရာကြီးနဲ့ ကိုယ်နဲ့နှစ်ယောက်တည်း ခေါင်းထောင်နေပါတယ်(အိပ်မပျော်တာကို ပြောတာပါ ) ။ ဒီလိုနဲ့ပဲ ....မန္တလေးကို မနက် ၆နာရီ ကျော်ကျော်မှာ ရောက်ရှိသွားပါတယ် ။ အဲဒီမှာရှိတဲ့ Swam ဟော်တယ်မှာ တည်းဖြစ်ပါတယ် ။ ဒါနဲ့ရေမိုးချိုးပြီး ရုံးကိုတန်းသွားရတာပေါ့....။
မန္တလေးမှာ အနှစ်သက်ဆုံးအရာကတော့ မနက်စောစော ရှမ်းခေါက်ဆွဲ ဆန်စီး တို့ဟူးနွေးရော စားရတဲ့ အရသာပါပဲ...။ ဘယ်အရာနဲ့ မှ မတူလောက်အောင် ကောင်းမွန်လှပါတယ် ။ သယ်ရင်းတို့အားလုံးကို သတိရတဲ့စိတ်နဲ့ ပိုစားခဲ့ပါတယ် ။ နေ့လည်နဲ့ မနက်ပိုင်းကတော့ Training ကိစ္စနဲ့ပဲ ဘယ်မှမသွားဖြစ်ပါဘူး...။ ညနေပိုင်းတွေတော့ Moblie Team က တပည့် (သို့မဟုတ်) သူငယ်ချင်းတွေက သွားချင်တဲ့နေရာ လေးတွေလိုက်ပို့ ပေးပါတယ် ။ အရင်ဆုံးရောက်ခဲ့တာကတော့ မန္တလေးတောင်ပါပဲ....။ ဟော်တယ်ရှေ့ ကနေလှမ်းမြင်ရတဲ့ မန္တလေး တောင်ကြီးရဲ့ အလှအပက စာဖွဲ့လို့ မှီနိုင်မယ် မထင်ပါဘူး ... ။ ဆိုင်ကယ်တွေနဲ့ပဲ အုပ်စုလိုက် တောင်ပေါ်တက်ခဲ့ကြပါတယ် ။ လမ်းတလျှောက် ဆိုင်ကယ်ပေါင်း မြောက်များစွာ ... ရှူခင်းပေါင်းမြောက်များစွာ... မိုးရေလေးတွေတဖွဲဖွဲနဲ့ ...ခံစားရတဲ့ အရသာကဘယ်အရာနဲ့မှ မတူပါဘူး..။မန္တလေးသားတွေက ဆိုင်ကယ်စီးကျွမ်းတဲ့ အပြင် မောင်းတာလည်း ကြမ်းတဲ့အတွက် ကိုယ်ကတော့ ရင်တထိတ်ထိတ်နဲ့ လက်ကိုကော်နဲ့ ကပ်ထားသလို သဘောထားပြီး လိုက်ခဲ့ရပါတယ် ။ ဒါကတော့မန္တလေးတောင်နဲ့ သက်တန့်ချို ရဲ့ အမှတ်တရ ပုံလေးတွေပါ..။
မန္တလေးတောင်ကိုတက်တဲ့လမ်းကို ရိုက်ထားတာပါ ။
တောင်ကိုတက်တဲ့လမ်း အကွေ့တစ်နေရာမှာ ပါ ။
ဘုရားပေါ်မှာရိုက်ထားတဲ့ သက်တန့်ချိုရဲ့ ပုံတွေပါ ။
မြွေကြီး နှစ်ကောင် ဘုရားမှာ ရိုက်ထားတာပါ ။
သူငယ်ချင်း တပည့် ၂ ယောက်နှင့် အတူ.....ဘယ်ဘက်က စောသံလွင် ညာဘက်က ကိုအောင်မျိုးဟိန်း အလယ်က သက်တန့်ချိုပါ ။
တောင်ပေါ်ရဲ့ အနောက်တောင် ဘက်မှာ ရိုက်ထားတာပါ ။
တောင်ပေါ်မှာရှိတဲ့ ဆုတောင်းပြည့် ဘုရားမှာ ရိုက်ထားတာပါ ။
နေ၀င်ရီတရော အချိန် တောင်ပေါ်ကရိုက်ထားတဲ့ ရှုခင်းပုံလေးတွေပါ ။
Mandalay golf ကွင်းနဲ့ Mandalay Hill Resort ကို တောင်ပေါ်ကနေရိုက်ထားတာပါ ။
Mandalay Hill Resort ပါ ။
မတ္တရာသို့ သွားရာလမ်းကို တောင်ပေါ်ကနေရိုက်ထားတာပါ ။
မန္တလေး အရှေ့ဘက်က ရှမ်းတောင်တန်းကြီးကို ရိုက်ထားတာပါ ။
Golf ကွင်းနှင့် စစ်ကိုင်းတောင်ရဲ့ ရှုခင်းပါ ။
ဧရာဝတီ မြစ်နှင့် မင်းဝံတောင်တန်းကြီးကို တောင်ပေါ်ကနေကြည့်ရတာ အလွန်ကိုပြောက်မြောက် လှပလွန်းပါတယ်။
ပြီးပြည့်စုံတဲ့ သဘာဝ အလှအပတွေနဲ့ ... ကမ္ဘာမြေရဲ့ အလှတရားကို ငြိမ်းအေးစွာ ခံစားလို့ရတဲ့ နေရာလေးတစ်ခုပါ ။
နောက်တစ်နေ့ညနေမှာတော့မိုးကတော်တော်လေးကိုသည်းပါတယ်။ ထူးဆန်းတာက ဒီမြို့လေးမှာ ရေတက်ရေကျမြန်တာပါပဲ ။ရေက ဆိုင်ကယ် အိပ်ဇောတွေ မြုပ်လောက်အောင်ကို တက်လာပါတယ် ။ ကိုယ်ကလည်း အပြင်မှာ ထွက်စားနေကျဆိုတော့ မိုးရွာထဲပဲဆိုင်ကယ်နဲ့ သူငယ်ချင်းနဲ့အတူ ထွက်ခဲ့ပါတယ် ။ တစ်ချို့နေရာတွေဆို ရေကအတော်လေးကိုနက်ပါတယ် ။ မိုးရွာထဲ ရေတောထဲ ဆိုင်ကယ်ကိုလီဗာ တဗျင်းဗျင်းဆွဲပြီး သွားရတဲံ့အရသာကို မြည်းစမ်းကြည့်ခဲ့ပါတယ် ။ တစ်နိုင်ငံလုံးမှာ မန္တလေးက အစားအသောက်အစုံ ဈေးလည်းအရမ်းပေါတဲ့နေရာလေးပါ ။ ရှမ်းဆိုင်တွေမှာဆို တစ်ခါပြင် အသားဟင်း ၂ မျိုး အရွက်ဟင်း ၂ မျိုး မှ မြန်မာငွေ ၇၀၀ ကျပ်ပဲကျပါတယ် ။ နောက်နှစ်သက်မိတဲ့ဆိုင်ကတော့ ဇလုံကြီးဆိုတဲ့ဆိုင်ပါ ။ နာမည်နဲ့လိုက်အောင်စတီးဇလုံတွေနဲ့ ထည့်ကျွေးတာပါ ။ သူလည်း တစ်ခါပြင် အသားဟင်း၂မျိုးပါပါတယ် ။ ကြက်သားပါရင် ဇွန်း ခက်ရင်းနဲ့ပေးပြီး ၈၀၀ ကျပ်ကျပါတယ် ။ အခြားအသားတွေဆိုရင်တော့ ရိုးရိုးစတီးဇွန်းနဲ့ပေးပြီး ၇၀၀ ကျပ်ကျပါတယ် ။ အဲဒီမှာ အကြိုက်ဆုံးကတော့ ၀က်သားနဲ့ ပုန်းရည်ကြီးနဲ့ချက်တဲ့ ၀က်ပုန်းဟင်းပါ ...။ အဲဒီဟင်းနဲ့ဆိုရင် ၃ ပန်းကန်လောက်တော့အသာလေး စားမိပါတယ် ။ ....
နောက်တစ်နေ့ညနေသွားတဲ့နေရာကတော့ မြန်မာမှာရော ကမ္ဘာပေါ်မှာပါ ကျော်ကြားလှတဲ့ ရာဇ၀င်ထဲက ဦးပိန်တံတားပါ။ ဓါတ်ပုံထဲမှာထက်အပြင်မှာက အရမ်းကို လွမ်းမောလှိုက်ဖွယ် ပြောင်မြောက်လွန်းလှပါတယ် ။ နေညိုညို ဦးပိန်တံတားမှာ ဘီယာလေးမြည်းပြီး လေညှင်းခံရတဲ့အရသာကတော့ ......တစ်သက်မမေ့နိုင်စရာပါ ။။။ ဒါကတော့ ဦးပိန်တံတားနဲ့ ... သက်တန့်ချိုရဲ့ ...အမှတ်တရလေးတွေပါ...။
တောင်သမန်အင်းနဲ့ ငှက်ကိုရိုက်ထားတာပါ ။ (ငှက်ဆိုတာက တောင်သမန်မှာ လှော်ခတ်တဲ့ လှေတွေကို ပြောတာပါ )
တောင်သမန်အင်း ဦးပိန်တံတား နှင့် သက်တန့်ချို
တောင်သမန်အင်းမှ ငါးဖမ်းသမားများ ( သူတို့ငါးမျှားတာက တစ်မျိုးဗျ.... ငါးများချိတ် ၂ ခု နဲ့ တစ်ပြိုင်တည်းမျှားတာပါ )
နေ၀င်ချိန် ဦးပိန်တံတားရဲ့ အလှနှင့် ငါးဖမ်းသမားများ
နေ၀င်ချိန်လေးမှာ သက်တန့်လေးပေါ်လာတဲ့အတွက် အမှတ်တရ ရိုက်ထားတာပါ ။
ဆက်သားခြောက်အစပ်သုပ် ပြောင်းဖူးကြော် ဗူးသီးကြော် ပုဇွန်ဆိတ် နှင့် ငါးကလေးကြော် ဘီယာ ( တောင်သမန်အင်းမှာ စားသောက်ခဲ့တာပါ .. သယ်ရင်းတို့အတွက်လည်း ပိုစားခဲ့တယ် )
ဘဲတစ်အုပ် အိမ်ပြန်ချိန်
ဦးပိန်တံတား ပေါ်မှ နေ၀င်ချိန်ဆည်းဆာ
တောင်သမန်အင်းတွင် ရေကူးနေသူများ ( သူတို့ဟာ ရေလည်ခေါင်မှာ ငါးဖမ်းပြီး ကမ်းစပ်ကို ပုံးတွေကိုင်ပြီး ဒီတိုင်းကူးလာတာပါ )
သူငယ်ချင်း တပည့်များနှင့်အတူ ဦးပိန်တံတားပေါ်တွင် အမှတ်တရ...
ဦးပိန်တံတားပေါ်မှာ သက်တန့်ချို....ရဲ့ပုံတွေပါ
တိမ်တောက်နေ၀င်ချိန်မှာ ဦးပိန်တံတားပေါ်မှ လှမ်းရိုက်ထားတဲ့ ရှုခင်းပုံလေးတွေပါ..
ရွှေမန်တလာမြေကို တစ်ခေါက်လောက် အလည်လာရောက်ကြဖို့ ဖိတ်ခေါ်ပါတယ် ....မြန်မာနိုင်ငံရဲ့ ရာဇ၀င်နယ်မြေဖြစ်သလို သဘာဝ အလှတွေမပျက်ဆီးသေးတဲ့ ရှူကွင်းတွေနဲ့ ဆိုင်ကယ်တ၀ီဝီ မြို့လေးကို အားလုံးရဲ့ ရင်ထဲမှာ ထာဝရ သိမ်းဆည်းထားနိုင်ပါစေ ။
စာရေးသူ...သက်တန့်ချို....( ၁၂း၄၀ နေ့လည် ၁၁.၉.၀၉ )
20 comments:
  1. မန္တလေးကို လာလည်သွားပါသည်။
    နန်းငွေ.နန်းသက်တွေနဲ့ ရွှေမြို့တော်ကိုတော့
    ဘယ်တော့ သွားသွားမရိုးနိုင်ပါဘူးဗျာ
    ReplyDelete
  2. အင်းဗျ ခင်ဗျားတော့ မပြောတတ်ဘူး ကျွန်တော် ကနည်းနည်းကြောင်တယ် ..ဟဟကျုံးဘေးနားထိုင်ပြီး အမှတ်တရ ဖတ် ချင်ခဲ့တာ တကယ်ရောက်တော့လည်း လုပ်ဖြစ်ပါ ဘူးဗျာ ..... စိတ်ကူးသာပါ သတင်း မသေးတဲ့ ရွှေမန္တလေးပါ သိပ်ပျော်စရာကောင်း ပါတယ် ဓါတ်ပုံတွေလည်း အင်မတန် လှပါတယ် ဦးပိန်တံတားနဲ့ တောင်သမန်အင်းကတော့ အင်မ တန် လှတဲ့ နေရာတွေပါ .... ကျေးဇူး ကိုသက်တန့် ရေ အကြွေးဆပ်ပြီးပြီဗျ ခင်ဗျား ရောက်ပြီးရင် ကျွန်တော် အသစ်တင်တော့မယ် ဒီနေ့ တော့ လာကြည့် လှည့်ဦးနော ....
    အဆင်ပြေပါစေဗျာ
    ရန်ကုန်သား :))
    ReplyDelete
  3. ကိုသက်တန့်ချိုရဲ့စာတွေ ပုံတွေ တွေ့လိုက်တော့ တစ်ကယ်ကို ပိုပြီးတော်တော်လေး သတိရသွားတယ်ဗျာ။
    ဆက်လက်အားပေးလျက်
    ReplyDelete
  4. မန္တလာကို လာသွားတယ်နော် ဦးပိန်တံတား။ တောင်သမန်အင်း ငှက်လေးတွေ၊ အားလုံးပဲ ကြည့်သွားတယ်။ မရောက်ဖူးပေမယ့် ခု ရောက်သွားတာပေါ့ ကျေးဇူးမောင်လေးရေ
    ReplyDelete
  5. ကျေးဇူးပါ ... မြန်မာပြည် အလွမ်းပြေ ကြည့်ရတာပေါ့ ...
    ReplyDelete
  6. ကျော်ကျော်အောင်September 12, 2009 at 2:28 PM
    တောင်သမန်အင်းးးအလှနဲ့ဘီယာခွက်ကလေး
    ကိုလာမျော်သွားတယ်..မန်းသလာမှာတော်တော်
    ပျော်ခဲ့တယ်ပေါ့..
    ReplyDelete
  7. ကိုသက်တန့်ရေ
    မန္တလေးကို လွမ်းသွားပြီဗျာ
    ခင်မင်စွာဖြင့်
    သီဟသစ်
    ReplyDelete
  8. သက်ရေ နင့် ဓာတ်ပုံတွေကို နိုင် မှာကြည့်တာနဲ့(ဘွဲ့ယူတဲ့ပုံတွေကိုပြောတာ) အခု ဒီမှာ ကြည့်တာ သိပ်မတူသလိုပဲ သက်ရေ ဟိဟိ ဒီပုံလေးတွေ ပိုကြည့်ကောင်း၏ ဟိုဘွဲ့ယူတဲ့ပုံတွေက နဲနဲ ပိန်း၏ သိလား နာ့ကို လာမအော်နဲ့နော် နာ ခင်လို့ ဂျစ်လို့ ပြောတာ သိလား ဟွင်းးးးး
    ReplyDelete
  9. မန္တလေးမြင်ကွင်းအလှဓါတ်ပုံများကိုလာရောက်ရှုစားသွားပါတယ်။ မန္တလေးကရှမ်းခေါက်ဆွဲ၊ ဆန်စီး၊ တိုဟူးနွေး တို့ ကိုသတိရမိတယ်။
    အဆင်ပြေပျော်ရွှင်ပါစေ။
    ReplyDelete
  10. ရေးချက်နဲ. ရိုက်ချက်တွေက လှတယ်ဗျာ ... မန္တလေး
    တောင်မရောက်တာ ကြာပါရောဗျာ ... ပုံလေးတွေပါ
    တင်ပေးလို. ကျေးဇူးပါဗျာ ... :)
    ReplyDelete
  11. ဓါတ်ပုံတွေကြည့်ရင် မန္တလေးမှာ ကဲခဲ့တဲ့ နှစ်တွေကို သတိရတယ်ဗျာ။ အင်း ကြခဲ့ပါပီလေ ... ကျွန်တော် မန္တလေးညတွေကို ချစ်တယ်ဗျ။
    ReplyDelete
  12. ကျနော်က မန်းတလေးကဗျ၊လွမ်းသွားရတယ် ပြန်လာမှဘဲ အတိုးချပြီး လည်ရတော့မယ် :P
    ReplyDelete
  13. မန္တလေးလိုက်လည်တယ်ဗျိုးးးးးးးးး
    ReplyDelete
  14. ငယ်ငယ်ကပဲ တခေါက်ရောက်ဖူးတယ်
    ခုနေပြန်စဉ်းစားရင် ဝိုင်ဝိုင်းသီချင်းထဲကလိုပဲ
    အရာရာမှုန်ဝါးဝါးဖြစ်နေတယ်
    သူငယ်ချင်းတွေအတွက်ပိုစားခဲ့တယ်ဆိုတော့
    ကျနော့အတွက်ရော ပိုစားခဲ့လားဗျ :P
    တယ်ဗျာ
    ရိုက်ထားတဲ့ရှုမျှော်ခင်းတွေကို အားပါးတရ
    ရှုစားသွားပါတယ်ခင်ဗျ
    ကိုသက်တန့်ချိုကို ခုမှပဲမြင်ဖူးတော့တယ်
    မြန်မာပြည်ပြန်ရောက်ရင်တော့ ဒီပိုစ်ထဲကနေရာတွေ တဝကြီးသွားပစ်မယ်ဗျာ
    ReplyDelete
  15. မြန်မာပြည်ပြန်ရောက်ရင်
    မန္တလေးနဲ့ မေမြို့ ကို အရင်ဆုံး သွားလည်မယ်...
    ReplyDelete
  16. ဟင်း..ရိုးရိုးမရေးဘူး....
    သွားရည်ယိုအောင်လုပ်သွားသေးတယ်...
    တွေ့မယ်...မြန်မာပြည်ပြန်ရောက်ရင်...
    အကုန်လုံးကို...စားပစ်အုံးမယ်...ဟွန်း
    ReplyDelete
  17. ရွှေမန်းတောင်နဲ့ရန်ကင်း(ငါးရံ့မင်းတောင်)
    နန်းတွင်းနဲ့ကျုံးရေပြင်
    ဈေးချိုတော်နာရီစင်နဲ့
    တောင်ပြင်ကမဟာမုနိ
    အနောက်ဆိုမြစ်ဧရာနဲ့
    လှပါဘိ ရွှေမင်းဝံ
    အရှေ့ဆို ရိုးမဆီးလို့ လှလွန်းနေသေး.......
    ဦးပိန်မှာအတူလျှောက်ပါလို့
    မယ်ဇယ်ပင်အရိပ်ခိုကာ
    ထန်းရည်ချိုအတူသောက်ကြမယ်
    ပူလာရင်အင်းရေမှာကွယ်
    ဆင်းစိမ်ကာ အပူဖြောက်ကြစို့
    တင်းတိမ်ကာမနေနိုင်ဘူးကွယ့်
    လွမ်းလွန်းလှသေး........။
    ကိုသက်တန့်လေးရေ မတတ်တတတ်နဲ့စပ်ဟပ်ပြီးရေးလိုက်ပါတယ်
    မန့်မတတ်လို့ မေးလ်ပို့လိုက်တာပါ ရွှေမန်းကိုလွမ်းလို့
    ReplyDelete
  18. အခုတော့မန့်လို့တတ်သွားပြီ
    မန်းတတ်အောင်
    ထပ်သင်အုံးမယ်...ဥုံဖွတ်
    ReplyDelete
  19. နောက်တစ်ခေါက် မန်းလေး ရောက် ဖြစ်ရင်တော့ ...
    ပြောပါဦး ကို သက်တန့် ရေ ... :)
    ReplyDelete
  20. ဓတ်ပုံတွေကြည့်ပြီး ..လွမ်းလိုက်တာနော်...မြန်မာပြည်ကို..
    ReplyDelete