Wednesday, September 9, 2009

ငရဲပြည် တောင်ကုန်း

ငရဲပြည် တောင်ကုန်း



၁၉၆၂ မှာ Centralia ( Pennsylvania ) မှာ မီးလောင်မှုဖြစ်ပွား ပြီး အဲဒီမီးဟာ မြို့ အောက်ခြေမှာ ရှိတဲ့ ကျောက်မီးသွေးကြောကို ကူးစက်သွားခဲ့ပါတယ် ။ မျက်နှာပြင်ပေါ်ကို ထွက်ပေါ်လာတဲ့ မီးတောက်မီးညွှန့်တွေဟာ အရှိန်ပြင်းလှ ပြီး ကျောက်မီးသွေးတွေကတော့ နှစ်ပေါင်းများစွာ တိုင်အောင် ဆက်လက်လောင်ကျွမ်းနေဆဲ ဖြစ်ပါတယ် ။ ၁၉၈၄ ခုနှစ်မှာ ထိမ်းချုပ်လို့မရတော့လောက်အောင် မီးလောင်မှုက ပြင်းထန်လာပြီး မြို့မှလူတွေဟာ ဘေးကင်းရာအရပ်ကိုပြောင်းရွှေ့ပြီး မြို့ကို စွန့်ခွာခဲ့ရပါတယ် ။

ယခုအချိန်မှာတော့ Centralia ဟာ လူသူတိတ်ဆိတ်ကင်းမဲ့ပြီး ၀ိဥာဉ်ဆန်ဆန်နေရာ တစ်ခုဖြစ်ခဲ့ပါတယ် ။ မြို့ရဲ့ ဟိုးအောက်ခြေအတွင်းပိုင်းထိ မီးကဆက်လက်လောင်ကျွမ်းနေပြီး ဒီကျောက်မီးသွေး ကြောကြီးဟာ နောင်နှစ်ပေါင်း ၂၅၀ ထိဆက်လက်လောင်ကျွမ်းလောက်အောင် များပြားလှပါတယ် ။

စာရေးသူ....သက်တန့်ချို .... ( ၁၁း၀၀ ည ၈.၉.၀၉ )

7 comments:

  1. ကျော်ကျော်အောင်September 9, 2009 at 1:16 PM

    ကျောက်မီးသွေးတွေနှမြော
    စရာဘယ်လိုမှသူတို့ငြိမ်းသတ်
    လို့မရတော့ဘူးလားးး

    ReplyDelete
  2. ငရဲပြည်တောင်ကုန်းတဲ့လား
    သင့်မြတ်တဲ့နာမည်ပါပဲ

    ReplyDelete
  3. ငရဲတောင်ကုန်းတဲ့ မိုးရော အဲဒီနေရာမှာ မရွာဘူးလား။ ကမ္ဘာက ပူနွေးလာတာ ဒါတွေလည်းပါမယ်နော့်။

    ReplyDelete
  4. ဒါလည်းတော်တော် စိတ်ဝင်စားစရာ ကောင်းတယ် ငရဲပြည်တောင်ကုန်း
    ကျွန်တော်တို့ မမြင်နိုင်တဲ့ တကယ့် ငရဲ ပြည်ရယ် လို့ မဆိုနိုင်ဘူးဗျ
    ကျေးဇူး
    ရန်ကုန်သား
    အေးမြသာယာပါစေ

    ReplyDelete
  5. ခုထိလောင်နေတုန်းပေါ့ ဒါဆို...

    ReplyDelete
  6. သြော် ..ဒုက္ခ ဒုက္ခ ။ နှစ်ပေါင်း ၂၅၀ ကြာထိအောင် ဆက်လက်လောင်ကျွမ်းနိုင်တယ်ဆိုတော့

    ReplyDelete
  7.ှSilent Hill
    ရုပ်ရှင်ဇာတ်ကားကအဲဒီနေရာကိုမှီငြမ်းရိုက်ထားတာပါ.

    ReplyDelete