Friday, September 25, 2009

အွန်လိုင်းကဗျာစာအုပ်...

အွန်လိုင်းကဗျာစာအုပ်...

ညကတော်တော်နဲ့ အိပ်မပျော်တာနဲ့ အတွေးနယ်ချဲ့မိတယ် ။ လတ်ဆတ်တဲ့ လေပြေလေးက ကျွန်တော့်ရင်ဘက်ထဲတိုးဝှေ့လာ ချိန်မှာ ရင်ထဲမှာ ဘာမှန်းမသိ နွေးထွေးလာသလိုခံစားလိုက်ရတယ် ။ တစ်ကယ်တော့ ကမ္ဘာကြီးကတရွေ့ရွေ့... အဲဒီလိုပဲ အချိန်တွေကလည်း တရွေ့ရွေ့ပေါ့... ။ ကျွန်တော်တို့ မရှိတော့တဲ့အချိန် ကမ္ဘာမြေပေါ်မှာ ဘယ်လိုခြေရာတွေများ ချန်ထားမိကြမှာပါလိမ့် ............ ။ ကျွန်တော်စဉ်းစားမိတာက အွန်လိုင်းမှာ ခင်မင်ခဲ့တဲ့သူငယ်ချင်းတွေနဲ့ အမှတ်တရလေးတစ်ခုခု ကမ္ဘာမြေပေါ်မှာ ချန်ထားခဲ့ချင်တာပါ... ။ အဲဒီတော့ ဘယ်လိုနည်းနဲ့ပါလိမ့်.....။ ကဗျာစာအုပ်လေးတစ်အုပ်လုပ်ချင်တယ်ဗျာ.... ။ အဲဒီကဗျာစာအုပ်လေးကို ကျွန်တော်က pdf နဲ့လုပ်ပေးပြီး Upload တင်ပေးထားမယ် ။ အမှတ်တရ သိမ်းထားချင်သူတွေ download ဆွဲထားကြပေါ့နော့... ။ အဲဒီတော့ ကဗျာစာအုပ်ထဲမှာ အွန်လိုင်းသူငယ်ချင်း မည်သူမဆိုပါဝင်နိုင်ပါတယ် ။ အဓိကကတော့ ကိုယ်ပိုင်ခံစားချက်နဲ့ ရေးထားတာဖြစ်ရပါ့မယ် ။ စာအုပ်မျက်နာဖုံးဒီဇိုင်းကိုလည်း designer နဲ့အပ်မှာပါ ။ အောက်ကအချက်လေးတွေကို ဖတ်ကြည့်ကြပါ ။

၁ ။ ဘလော့မရှိသူများလည်း ပေးပို့နိုင်ပါတယ် ။
၂ ။ ပို့ရမှာကတော့ thettantchocho@gmail.com ကိုပါ ။
၃ ။ ဇော်ဂျီဖောင့်နဲ့ ရေးပေးရမှာ ဖြစ်ပါတယ် ။ Microsoft word နှင့်ဆိုပိုကောင်းပါတယ် ။
၎ ။ ယနေ့ ၂၅.၉.၀၉ မှစပြီး ၂.၁၀.၀၉ ထိတစ်ပါတ်အတွင်းပို့ပေးရမှာပါ ။
၅ ။ အနည်းဆုံးကိုယ်ပိုင်ရေး ကဗျာ ၃ ပုဒ်
၆ ။ အများဆုံးကိုယ်ပိုင်ရေး ကဗျာ ၅ ပုဒ်
၇ ။ မိမိတို့ကလောင်နာမည်ပါ ထည့်သွင်းဖော်ပြရမှာ ဖြစ်ပါတယ် ။
၈ ။ ကဗျာများတွင်ထည့်လိုသော ပုံများကိုလည်း ပူးတွဲပေးပို့နိုင်ပါတယ် ။

၃ ရက် ၁၀ လပိုင်းမှစ၍ ကဗျာစာအုပ်ပြုလုပ်မှာ ဖြစ်ပါတယ် ။
ကဗျာစာအုပ်နာမည်ကိုတော့ ( ပန်းပျိုးသူတို့ ရဲ့ အလင်္ကာ...) လို့ပေးထားပါတယ် ။ အားလုံးပဲ ကဗျာလေးတွေ ပို့ပေးကြပါနော်....။ (နာမည်ကြီး ကဗျာဆရာများလည်း ပါဝင်အားဖြည့်ပေးကြပါလို့.....လေးစားစွာ ဖိတ်ခေါ်ပါ တယ်ခင်ဗျာ...) .....ခင်မင်လေးစားစွာဖြင့်...................

( အချိန်တွေအများကြီးပိုနေလို့ မဟုတ်ရပါ ... အမှတ်တရလေး တစ်ခုဖြစ်စေချင်တဲ့ ဆန္ဒနဲ့ပါ )

စာရေးသူ......သက်တန့်ချို......(၁း၂၆ နေ့လည် ၂၅.၉.၀၉)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

28 comments:

  1. ကိုသက်တန့် ၁ ပုဒ် ထဲရောပို့လို့မရဘူးလား?

    ReplyDelete
  2. အဲ သတင်းကောင်းလေးပဲ .... ကျနော်ကတော့ ကဗျာ မရေးတတ်ဘူးဗျ ... ကဗျာ ပိုင်ရှင် များ အတွက်တော့ အရမ်းဝမ်းသာမိတယ် ..... ကိုသက်တန့် ပျိုးတဲ့ ပန်းလေးတွေ အလင်္ကာ မြောက်စွာ ဖူးသစ်လာပါစေဗျာ
    ခင်တဲ့
    ရန်ကုန်သား :)

    ReplyDelete
  3. မောင်လေးပြောသလို မောင်နှမတွေ စုစည်းမိတဲ့ အစီအစဉ်လေးဆိုတော့ ကောင်းပါတယ် ...

    ReplyDelete
  4. ခရေညို..သယ်ရင်းရေ... ၃ပုဒ်လောက်တော့ပို့ပေးပါနော်...ဒါမှ စုစုစည်းစည်းလေးနဲ့ လုပ်လို့ရမှာမို့ပါ...ကျေးဇူးပါ..ပို့ပေးနော်..သယ်ရင်း..

    ReplyDelete
  5. သယ်ရင်း
    အရမ်းကောင်းတဲ့ အိုက်ဒီယာပဲ....
    ပြောပြီးသားနော် ...ထပ်မပြောတော့ဘူးးp
    အလွမ်းပန်းတွေပဲ ဆက်ပျိုးမယ်နော်......

    နှင်းဟေမာ

    ReplyDelete
  6. စိတ်ဝင်စားတယ်။ ကြိုးစားကြည့်မယ်နော်။ ၃ ပုဒ်တောင်ဆိုတော့ မလွယ်ဘူး။ ခရေညိုပြောသလို ၁ ပုဒ်လောက်ဆို အဆင်ပြေသား။ :)

    ReplyDelete
  7. အရမ်းကောင်းတဲ့စိတ်ကူးလေးပါလား။
    ပို့ ချင်ပါတယ်။ ဒါပေမယ့် ကဗျာကသေချာမရေးတတ် တာခက်နေတယ်။ ကာရံမညီ ကဗျာမပီဆိုတာမျိုး လောက်ပဲရေးတတ်တာဆိုတော့.... ဘယ်လိုလုပ်ရပါ့ ???

    ReplyDelete
  8. ညလေးလည်းပေးချင်လိုက်တာ...ဒါပေမဲ့သိပ်မရေးတက်ဘူးး(

    ReplyDelete
  9. ငှက်ငယ်လေး အနမ်းနဲ့ ပူးတေတို့ရေ...ကာရံမညီလည်း ရပါတယ် ...အမှတ်တရလေးပါ ...ခံစားချက်သာရှိမယ်ဆိုရင် ..ဖန်တီးသမျှဟာ ပြောင်မြောက်နေမှာပါသယ်ရင်း....ပို့ပေးပါနော်...ကျေးဇူးတင်ပါတယ်....သယ်ရင်းတို့ရေ....

    ReplyDelete
  10. သက်တန့်ရေ
    အားပေးပါတယ်
    အမှတ်တရလေးပေါ့နော်...
    ကဗျာလေးတွေပို့လိုက်မယ်နော်...


    နှင်း

    ReplyDelete
  11. မ၀ံ့ရဲပါကွယ်... ဟင့်... မကောင်းဘူးဆို ဒွတ်ခ..

    ReplyDelete
  12. အချိန်တွေ ပိုနေတယ်လို့ မောင်လေးကို ဘယ်သူပြောလဲကွယ်။ ဘလော့ဂ်ဆိုတာ ကိုယ်ရေးချင်တာ ကိုယ်မျှဝေချင်တာကို ရေးနိုင်သလောက်လေး ရေးဖို့ဖြစ်လာတာပဲ။ အကျိုးမဲ့ တခုမှ မဟုတ်လေသမျှ ရေးထားတာ တန်ဖိုးရှိပါတယ်။ တွေးတယ်ဆိုတာကလည်း ကိုယ်ပိုင်အချိန်လေးမှာပဲဟာ။ တွေးပဲတွေးတွေး ရေးပဲရေးရေး ပညာပါရမယ်လို့ မသတ်မှတ်ထားပါဘူး။ ( မန့်တာတခြား ဖြစ်နေတယ်) ကဗျာကို ကျုပ်က ပို့ကို ပို့ရမယ်ဆိုတာ သိနေတော့ မပြောတော့ဘူးနော်။ ဒါပေမယ့်နော် နည်းနည်း စောင့်ပေး။ အယ်ဒီတာကြီးရေ။

    ReplyDelete
  13. ကောင်းလိုက်တဲ့ စိတ်ကူး သုံးပုဒ်ဆိုတော့ ရေးပြီးသားထဲက တစ်ပုဒ်လောက် ထည့်ပို့လို့မရဘူးလား ဟင် အင်းဘာပဲဖြစ်ဖြစ် ပို့လိုက်မယ်ဗျာ မတောက်တခေါက်အရေး အသားလေးနဲ့ လက်တည့် ၀င်စမ်းလိုက်ဦးမယ် အဟီး

    ReplyDelete
  14. ၀ိုင်းလည်း ကဗျာသိပ်မရေးတတ်ဘူး ဒါပေမယ့် သူများရေးထားတာတွေတော့ ခံစားတတ်တယ် ၁ပုဒ်လောက်တော့ အတတ်နိုင်ဆုံး ရေးပြီး ပို့ပေးလိုက်မယ်နော်

    ReplyDelete
  15. ပို့ပေးမယ်လေ

    (၃) ပုဒ်ဆိုလည်း (၃) ပုဒ်ပေါ့...

းဝ)

    ReplyDelete
  16. စိတ်ကူးလေးကောင်းတယ်....သက်တန့်ရေ...
    ပို့လိုက်မယ်နော်...

    ReplyDelete
  17. စိတ်ကူးလေးကကောင်းပ
    စောင့်ဖတ်နေမယ်နော်
    ကဗျာဆိုအားကြီးစိတ်ဝင်စားတယ်
    ကိုယ်တော့မရေးတတ်လို့
    သူများရေးထားတာလေးတွေ
    လာငမ်းဖို့စောင့်နေမှာ

    ဒီကစောင့်နေသူပေါ့
    :)

    ReplyDelete
  18. အိုက်ဒီယာ တော်တော် ကောင်းပါတယ်ခင်ဗျာ..
    အမှတ်တရလေးဖြစ်သွားတာပေါ့..
    ကဗျာ ဆရာတွေရဲ့ ခံစားမှုစုံစုံ လေးတွေကို စောင့်ပြီး
    အားပေးနေပါ့မယ်နော..
    ပျော်ပါစေ...

    ReplyDelete
  19. ကိုလူထွေး ဘလော့ဂ်မှာ တွေ့လို့ သိရတယ်။ ကဗျာဆိုရင်တော့ သူများရေးတာကိုပဲ အရင် ဖတ်လိုက်ဦးမယ်။ အခုတော့ ရေးမတတ်သေးဘူး သင်လိုက်ဦးမယ် ပြီးတော့ နောက်တကြိမ်ထုတ်မှ ပါမယ်။

    ReplyDelete
  20. ပို့ပြီဗျာ.....။
    ခဏလေး ရွာခဲ့ပေမယ့် တစ်ဘ၀လုံး စိုသွားတယ် . . .။

    အဲဒီနေ့က . . .
    ကွန်ကရစ်လမ်းမကြီး တလျှောက်
    ငါတစ်ယောက်တည်း
    လမ်းလျှောက်လို့ လာခဲ့တယ်။
    အဖေါ်မပါ,ပါဘူး...။
    ကောင်းကင်မှာ ကြယ်တွေလင်း
    လမင်းက ၀င်းပပ. . .
    လမ်းနဘေး ကန်ရေပြင်ဆီက
    နွဲ့လျလျလေပြည်သွေး
    ငါ့ကိုလာပြီး
    ကလူကျီစယ် . . .
    ငါမပျော်ရွှင်ခဲ့ပါဘူး။


    လေပြည်သွေးနှင့် လမင်းငယ်
    အားနာလို့ ထင်ပါရဲ့ . . .
    ရှောင်ဖယ်လို့ တိမ်းကွယ်သွား
    ရုတ်ချည်းဆို မိုးမှောင်ကျ
    ငါ့မျက်ရည်တွေ ကာကွယ်ဖို့
    အမ္ဗုန်မောင် မိုးမင်းက
    သဲသဲမဲမဲ ရွာချလိုက်တယ်။

    ခဏလေးရွာခဲ့ပေမယ့်
    တစ်ဘ၀လုံးစိုသွားတယ် . . .။

    ကာရံမဲ့
    အချိန်တန် ရောက်လာမယ့် မ၀ရေစာကို
    မျှော်လင့်တမ်းတ နေမယ့်အစား
    ဆုံးဖြတ်လိုက်ရအောင်
    သေမြေကြီး ရှင်ရွှေထီးပေါ့
    ကယ်သူမဲ့တာ ညည်းနေတာထက်
    ဆက်လျှောက်နိုင်ဖို့ ယောနသံကို သတိရလိုက်ပါလား

    ကိုယ်လမ်းကိုယ်ဖေါက်ခွင့်ရတာ တော်သေးတာပေါ့
    တချို့ဆို ပုံစံခွက်ကြီးထဲမှာ
    ဇာတ်သိမ်းကို ကြိုသိနေမှတော့
    ဒီဘ၀မှာ ငါတို့ရှင်သန်ရတာ
    ကောက်ရိုးနွယ် တစ်ပင်လောက်တောင်
    မျှော်လင့်ခွင့် မရှိတော့ဘူးလေ။


    ငါရဲ့ခြေထောက်များ
    ငါ....ဒီခြေထောက်တွေနဲ့ မြစ်တစ်ဆင်းကို ခုန်ကျော်ဖို့ ကြိုးစားခဲ့ဘူးတယ်။

    ငါ....ဒီခြေထောက်တွေနဲ့ တောင်တွေ တစ်လုံးပြီး တစ်လုံး ကျော်ဖြတ် ခဲ့ဘူးတယ်။

    ငါ....ဒီခြေထောက်တွေနဲ့ အထပ်မြင့်တိုက်တွေကို ဓာတ်လှေကားမသုံးပဲ တက်ခဲ့ဘူးတယ်။

    ငါ....ဒီခြေထောက်တွေနဲ့ လမ်းကြိုလမ်းကြား လျှောက်သွားခဲ့ဘူးတယ်။

    ငါ....ဒီခြေထောက်တွေနဲ့ လူကြီးလူကောင်း ဆိုသူတွေရဲ့ ညစာစားပွဲ တွေကို သွားခဲ့ဘူးတယ်။

    ငါ....ဒီခြေထောက်တွေနဲ့ လမ်းပေါ်က ခဲတစ်လုံးကို အကြောင်းမဲ့ ကန်ခဲ့ဘူးတယ်။

    ငါခြေထောက်တွေနဲ့ ငါကိုယ်ငါ ပြန်ကန်ဖို့လည်း ကြိုးစားခဲ့ဘူးရဲ့. . . .

    ငါရဲ့ ဒီခြေထောက်တွေ.... တစ်ခါတစ်ရံ ၁၉လမ်းမှာ လမ်းသလားနေပြီး တစ်ခါတစ်ရံ ဘုရားရင်ပြင်တော် ပေါ်မှာ သိမ်မွေ့စွာ ပုဆစ်တုပ်လို့. . . . .

    ငါရဲ့ခြေထောက်တွေ မယဉ်ကျေးပေမယ့် မယုတ်မာခဲ့ပါဘူး။

    ငါ့ရဲ့ခြေထောက်တွေဟာ အင်္ဂလန် ဘောလုံးသမားတွေရဲ့ ခြေထောက်လို စတာလင်ပေါင် သန်းချီပြီး တန်ကြေးမရှိတာ သေချာပါတယ်။

    ဒါပေမယ့် ငါ့ခြေထောက်တွေကို ငါရောင်းစားဖို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့ပါဘူး။

    ငါရဲ့ခြေထောက်တွေ တစ်ခါတရံ ပျင်းရိစွာ ငိုက်မြည်းနေတတ်ပြီး တစ်ခါတရံ မာရသွန်ပြိုင်ပွဲ ၀င်ဖို့အသင့် ဖြစ်နေတတ်ပြန်တယ်။
    တစ်ခါတစ်ခါမှာ ငါကသူတို့ကို ဆုံးမပြီး တစ်ခါတစ်ခါမှာတော့ ငါခြေထောက်တွေက ငါ့ကိုပြန်ဆုံးမလေ့ရှိတယ်။
    တစ်ခါတစ်ခါမှာတော့ သူရောငါရော ပေါက်ကွဲနေတတ်ပြန်ရော...

    ဘယ်လိုပဲဖြစ်ဖြစ်ပါလေ... သူတို့နဲ့ငါ မိတ်ဆွေတွေဖြစ်ခဲ့တာ ကြာပါပြီ။

    အခုအချိန်ထိ ငါဒီခြေထောက်တွေနဲ့ မဆုံးသေးတဲ့ ခရီးလမ်းကို လျှောက်လှမ်းနေဆဲ. . . . . . .။

    ReplyDelete
  21. ကျွန်တော် ရင်တွင်းဖွဲ့ စစ်တွေပါ။ :)

    ReplyDelete
  22. ကိုသူရိန်ရဲ့ကဗျာတွေရပြီခင်ဗျ..စာအုပ်ထဲထည့်လိုက်ပါပြီ..သိုင်းကျူးပါ.....

    ReplyDelete
  23. ကိုသူရိန်ရဲ့ကဗျာတွေရပြီခင်ဗျ..စာအုပ်ထဲထည့်လိုက်ပါပြီ..သိုင်းကျူးပါ.....

    ReplyDelete
  24. သတင်းကောင်းလေးပေါ့နော်။ မရောင်က ကဗျာလေးတွေ ရေးပေမယ့် ကာရံတော့ မရှိဘူးလေ။ ခံစားချက်တွေကို ကဗျာ အဖြစ်ဖန်တီးထားခဲ့တာပါ။
    ဘယ်လောက် ပို့ပေးရမလဲ။ ပို့လိုက်မယ်နော်။

    ခင်မင်လျှက်
    မရောင်

    ReplyDelete
  25. ကိုသက်တန့် ချိုရဲ့ အတွေးလေး ကြိုက်ပါရဲ့..

    မေသူက ကဗျာမပီ စာမပီတွေ ဆိုတော့ ကြိုးစားရေးကြည့်ပြီး ပို့ ပေးပါ့မယ်... :P

    ၃ပိုဒ်တောင်ဆိုတော့..... အဟီးးးးးးး :D

    ReplyDelete
  26. Good idea for who loves the poem, carry on.
    like " achit kabyar, Luan tel.

    ReplyDelete
  27. ဘယ်တော့ပို့ ပို့ ရလားမသိဘူးနော်..ဟိဟိ..
    သိပ်လဲမရေးတတ်ဘူး..နက်မသုံးဖြစ်လို့ 
    အခုမှ သိလို့ လာရတာပါ..စိတ်ကူးလေးကောင်းပါတယ်..

    ReplyDelete
  28. ကျော်ကျော်အောင်January 3, 2013 at 3:36 PM

    မမျော်လင့်ဘဲပြိုတဲ့မိုး
    တဖွဲးဖွဲးနဲ့ပေါ့
    ရှေ့တိုးလို့မရနိုင်အောင်
    ချုပ်ကိုင်ထားတဲ့
    နှလုံးသားတစ်စုံရယ်
    ဖွင့်ဟခွင့်မရှိတဲ့
    ငါ့နှုတ်ခမ်းတွေရယ်
    အရာရာဟာနှုတ်ဆိတ်နေခဲ့ပြီ

    ReplyDelete