Tuesday, September 15, 2009
အိမ်ရောင်းရန်ရှိသည်
အိမ်ရောင်းရန်ရှိသည်
(၁) ရောင်းဈေး - ၆ ၈၈၈ ၀၀၀ ဒေါ်လာ
အတွင်းပိုင်းမှာ 10 000 sqft ကျယ်ဝန်းပြီး အဆင့် ငါးဆင့်ပါဝင်ပါတယ် ။ ဘယ်ပေါင်းစုံ ၃၆၀ ဒီဂရီ မြင်ကွင်းစုံ ကြည့်လို့ရပါတယ် ။
(၂) ရောင်းဈေး - ၁ ၈၈၈ ၀၀၀ ဒေါ်လာ
ကျွန်းကုန်းမြေပေါ်မှာ တည်ဆောက်ထားတာဖြစ်ပြီး လုံခြုံစိတ်ချရမှု အပြည့် ( Total privacy ) ရှိပါတယ် ။
(၃) ရောင်းဈေး - ၁၂၈၈ ၀၀၀ ဒေါ်လာ
ကျေက်တုံးတွေကြားထဲက အိမ်လေးဖြစ်ပြီး အပြင်ရှုခင်းတွေကို လွပ်လပ်စွာ ကြည့်ရှုနိုင်တဲ့ လေသာဆောင်တစ်ခု ပါရှိပါတယ် ။
(၄) ရောင်းဈေး - ၁၃၈၈ ၀၀၀ ဒေါ်လာ
အဆင့် ၃ ဆင့်ပါပါတယ် ။ တောင်နံရံတလျှောက်မှာ တည်ဆောက်ထားခြင်း ဖြစ်ပါတယ် ။ ( ဒီထဲကို ကားဘယ်လိုဝင်လည်းလို့ ကျွန်တော့်ကို မမေးပါနဲ့ ဟီး )
(၅) ရောင်းဈေး - ၁၉၈၈ ၀၀၀ ဒေါ်လာ
အဆင့်မြင့် အဆင့် ၃ ဆင့်အိမ်လေး ဖြစ်ပါတယ် ။ တွဲလောင်းချထားတဲ့ လှေကားတစ်ခုလည်း ပါဝင်ပါတယ် ။
(၆) ရောင်းဈေး - ၁၂၈၈ ၀၀၀ ဒေါ်လာ
သစ်ပင်ထိပ်ဖျားမှာ တည်ဆောက်ထားတဲ့ penthouse ဖြစ်ပါတယ် ။
(၇) ရောင်းဈေး - ၄၈၈၈ ၀၀၀ ဒေါ်လာ
အိမ်နှစ်လုံးကိုမှ ဒီဈေးတစ်မျိုးတည်း ပေးရတာပါ ။ မျှော်စင် တစ်ခုလည်း ပါဝင်ပါတယ် ။
(၈) ရောင်းဈေး - ၁၆၈၈ ၀၀၀ ဒေါ်လာ
နွေရာသီမှာ အပန်းဖြေဖို့ တည်ဆောက်ထားတဲ့ တစ်ထပ်တိုက်ကလေး ဖြစ်ပါတယ် ။
(၉) ရောင်းဈေး - ၁၈၈၈ ၀၀၀ ဒေါ်လာ
အဆင့် ၃ ဆင့်ပါရှိတဲ့ sol i d ကျောက်တုံးတွေပေါ်မှာ တည်ဆောက်ထားတဲ့ အိမ်လေးဖြစ်ပါတယ် ။
မှတ်ချက် ။ ။ ၀ယ်လိုသူများ ဦးရာလူစနစ်ဖြစ်၍ အမြန်ဆုံးဆက်သွယ်ကြပါရန် ။
စာရေးသူ......သက်တန့်ချို......( ၁၀း၅၇ ည ၁၄.၉.၀၉ )
18 comments:
  1. လက်စသပ်တော့ နာ့မောင်လေးက ပွဲစားကြီးပဲ ..ကြိုက်
    တာတော့ တွေ့တယ် .. ၀ယ်နိုင်သေးဘူး .. ဟဟ ..း)))
    (ပိုက်ဆံ ရှိဘူး ..)
    ReplyDelete
  2. ၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁
    အိမ်ရောင်းရန်ရှိသည်ဆိုတာ တွေ့လို့
    ပျော်ရွှင်ပါစေ
    ခင်လျက်
    ReplyDelete
  3. စာရိုက်တုန်း ၁ကို ဦးသွားတာပဲ ဆောရီး ၂ကွ
    ReplyDelete
  4. သက်တန့်ရေ ..
    ခပ်မြင့်မြင့်တက်နေမလားလို့ ပထမဆုံးအိမ်ကလေးကို
    ကြည့်နေတာ .. ဒါပေမဲ့ ဆူနာမီနဲ့ တွေ့ရင် မချောင်ဘူး
    ထင်တယ် ...
    ReplyDelete
  5. ဒုက္ခပဲ...တောက်တီးတောက်တဲ့တွေ ... မတော်ရေကြီးလို့ ၊ နံပါတ် ၃ ပုံကလို့ သစ်ပင်မှာချိတ်ထားတဲ့ ကြိုးပြတ်ကျလို့၊ ဟိုရေခဲတောင်ကြီးကို တိုက်တန်းနစ်ကြီးဝင်တိုက်လို့ဆို ကိုယ်ကျိုးနည်းဦးမယ် ... မဖြစ်ချေဘူး.. ဟိ ... တော်ပြီ တစ်လ စလုံး ၃၀၀ နဲ့ပဲ ဒီမှာဘေးကင်းရန်ကင်းနေတော့မယ်... :P
    ReplyDelete
  6. သက်တန့်တို့ မန္တလေးသွားတာ ဂလိုလုပ်ပီး အိမ်ပွဲစားဖြစ်သွားပါလိမ့်လို့ ...... ဟီး.....။
    နှင်း
    ReplyDelete
  7. ဟင့်အင်း သက်ရေ ဝယ်နိုင်သေးဘူးဟယ် ဟိဟိ
    ReplyDelete
  8. တစ်လုံးလောက် ၀ယ်ပေးပါလား။
    ReplyDelete
  9. အလိုဗျာ အိမ်ဈေးကလဲ ကြီးကြီးပါဘိနဲ့ .... အိမ် ဝယ်တာ မဟုတ်ပဲ ခြောက်ပေ လေးပေ မြေကွက် ဝယ်သလို ဖြစ်နေမှဖြင့် ဟဟ ဂွကျနေ မယ် အဲလူတွေများ ရှာရှာကြံကြံ .... နေပါစေ မီးလေးမှန်ရင်တော်ပါပြီ ....
    ကျေးဇူး ကိုသက်တန့် :)))
    ReplyDelete
  10. ထူထူးဆန်းဆန်းတွေပါဘဲဗျာ
    ReplyDelete
  11. ကွန်မကောင်းလို့ ကြည့်လို့ မရသေးဘူးဗျာ
    ReplyDelete
  12. မိုင်မောင်လေး။ အစ်မကိုတော့ အဲလိုအိမ်လေး လက်ဆောင် မပေးပါနဲ့ကွယ်။ အိမ်ပွဲစားလုပ်တာ ဒီလိုအိမ်တွေကို လုပ်စရာလား။ မတော် ကိုယ်က ဝယ်သူကို လိုက်ပြတုန်း ဆူနာမီတွေ နာဂစ်တွေနဲ့တိုးနေရင်ရော။ စားဖို့မရှိ လျော်ဖို့လည်းမရှိဘူးနော်။ ပြိး ကိုယ်တိုင်ဝယ်နိုင်တာလည်း မဟုတ်။ (ဝယ်တော့ဝယ်ချင်သား အိမ်ပွဲစားမောင်လေးဆီကပဲ လက်ဆောင်ပေးတာ စောင့်တော့မယ်)maylay
    ReplyDelete
  13. ဟာ.. ကိုသက်တန့်ချိုရေ..
    နောက်ကျနေပြီး ရောင်းစရာရော ကျန်သေးလားဗျ..
    အခုမှပဲ.. မမြင်ဖူးတာတွေ မြင်ဖူးတော့တယ်..
    ReplyDelete
  14. အိမ်လေးတွေက မဆိုးပါဘူး။
    ဈေးညှိလို့ မရဘူးလား ...
    ဟိဟိ...
    ReplyDelete
  15. သားကြီးနဲ့တော့မဖြစ်ဘူးထင်တယ်
    မူးမူးနဲ့ပြုတ်ကျနေဦးမယ်
    ReplyDelete
  16. ဖလားးး ဖလားးး
    မတော်တဆ ပြုတ် ကျ နေမှ ဖြင့်နော် ...>>>
    ReplyDelete
  17. snwchitthu88@gmail.comMarch 20, 2012 at 1:31 PM
    ကိုသက်တန့်စရံငွေအရင်ပေးထားရမှာလား
    တစ်ခါတည်းအပြီးပေးရမှာလားကိုကိုကအော်စီကနေပြန်လာတော့မှာဆိုတော့မြန်မာပြည်မှာ
    မနေနိုင်ဘူးလေအဲဒါနွေရာသီရောက်တိုင်းအဲဒီ
    မှာပဲသွားနေလို့ရအောင်ဝယ်ထားချင်လို့လေ
    ရောင်းဈေးက(1688000ပဲလား)ပွဲခကရောဘယ်သူကိုပေးရမှာလဲကိုသက်တန့်ကိုလားသူများ
    အိမ်တက်လုပ်ရင်လည်းကိုသက်တန့်တို့ကိုဖိတ်မယ်လေအဲဒိအခါကျရင်အိမ်စရိတ်အ၇င်းကျေ
    အောင်လည်းလက်ဖွဲ့ပြန်ပေးကျအုံးနော်အမလေးသူ့ကိုပြောရတာမောလိုက်တာပြန်လိုက်ဦးမယ်
    ReplyDelete
  18. အိမ်ကလေးတွေကစိတ်ကူးယဉ်စရာကောင်းပြီး နောက်ဆက်တွဲ ရင်ထိတ်စ၇ာတွေနဲ့ဆိုတော့စဉ်းစားလိုက်ဦးမယ်လေအိမ်ဝယ်မယ်ဆိုလဲမီးကပိုက်ဆံခုမှစပြီးစုရမှာဟိဟိ)----
    ReplyDelete