Thursday, September 10, 2009

ပင့်ကူသဖွယ် အမျှင်များထုတ်တဲ့ ထူးဆန်းသော အကောင်များ

ပင့်ကူသဖွယ် အမျှင်များထုတ်တဲ့ ထူးဆန်းသော အကောင်များ
















ဒီကောင်လေးတွေဟာ ပင့်ကူတွေမဟုတ်ကြပါဘူး ။ ဒါပေမယ် သူတို့ဟာ ပင့်ကူကဲ့သို့ အရာဝထ္ထု တစ်ခုကို အချိန်
အနည်းငယ် အတွင်းမှာပဲ သူတို့ရဲ့ အမျှင်တွေနဲ့ ရစ်ပတ်တတ်ကြပါတယ် ။ သူတို့ဟာ ဘာအကောင်တွေဖြစ်ကြတယ် ဆိုတာ ဘယ်သူမှ တိတိကျကျ မသိကြပါဘူး ။ ဒါပေမယ့် ဒီနေရာလေး အတွင်းမှာပဲ ဒီအကောင်တွေ စုပုံနေတာဟာ ထူးဆန်းအံ့သြဖွယ် ကောင်းလှပါတယ် ။ မည်သည့်အရပ်က ရောက်ရှိလာ ပြီး အန္တရာယ် ရှိမရှိဆိုတာကတော့ ဆက်လက်လေ့လာနေဆဲ ဖြစ်ပါတယ် ။ ဒီကောင်တွေဟာ အကောင်ပေါင်း သန်းချီပြီး အုပ်စုဖွဲ့နေတတ်ကြပါတယ် ။

စာရေးသူ.....သက်တန့်ချို.....( ၉း၀၀ ည ၉.၉.၀၉)

6 comments:

  1. ကျော်ကျော်အောင်September 10, 2009 at 1:12 PM

    ဘာဘဲဖြစ်ဖြစ်အထိအကောင်
    တွေမြင်ရတာအရမ်းအသဲယား
    ဖို့ကောင်းတယ်လောက်တွေနဲ့
    တောင်ခပ်ဆင်ဆင်နော်

    ReplyDelete
  2. ပင့်ကူမျှင်နဲ့တော့ နည်းနည်းကွဲတယ်ထင်တယ်
    သူ့အမျှင်တွေက ဇာပါးလေးလိုဖြစ်နေတယ်
    တော်တော်ဆန်းကြယ်တဲ့လောကကြီးပါပဲ
    လေ့လာနေဆဲဆိုတော့ နောက်ဆက်တွဲသတင်းရရင် ဖေါ်ပြစေချင်ပါတယ်

    ReplyDelete
  3. မေမြို့ ရောက်တုန်းက အဲဒီလို အကောင်မျိုးတွေ တွေ့ ခဲ့ဖူးတယ် တူမတူတော့ မပြောတတ်ဘူးဗျ ချယ်ရီပင်တွေမှာ တွယ်တဲ့ ပိုးမျိုးပါ ခူးယား အသေးစားနဲ့ ဆင်တူတယ် အဲလို အမျှင်တန်းတွေ လလည်း ထုတ်တယ် အပင်ပေါ်မှာ တွဲလောင်းတွဲလောင်းနဲ့  ကိုသက် တန့် ဓါတ်ပုံထဲကကောင်တွေလို့ ပွစိတက်နေ တာမျိုးတော့ တွေ့ ဖူးဘူး အတော်ထူးဆန်းတယ် နော် .... ပိုးမင်းသား ဖြစ်အောင် သူတို့ အမျှင် တွေ အရစ်ပတ်ခံကြည့်ပါလား ပိုးမျှင်သိုင်းတွေ ဘာတွေ တတ်ချင်တတ်သွားမှာပေါ့ဟဟ
    ပိုးမင်းသားရေ ကျေးဇူး အဲ ကိုသက်တန့် ရေ ကျေးဇူး
    ရန်ကုန်သား
    အေးမြသာယာပါစေ

    ReplyDelete
  4. ကြက်သီးတွေ တောင် ထလာတယ် ... သက်တန့်ရေ.... တော်တော်ထူဆန်းတဲ့ သတ္တ၀ါတွေပဲနော် .... မျှဝေပေးတာကျေးဇူးနော် သယ်ရင်း ....
    ခင်မင်မှုများဖြင့်
    နှင်း

    ReplyDelete
  5. နာ ပြောစရာမလိုတော့ဘူး ။သူတို့ပြောသွားပြီ ။ နောက်ကျမှ မန့်တာ စိတ်မရှိနဲ့နော်။ စက်က မောင်လေးပိုစ့်ထဲက အကောင်တွေလို ဘာတွေနဲ့ သိုင်းထားခံရလဲမသိအောင် နှေးနေလို့လေ။။အကောင်လေးတွေက အူယားစရာနော်။ ကျေးဇူးမောင်လေး

    ReplyDelete
  6. ဟုတ်ပါ့ဗျာ...
    မမြင်ဖူးဘူး ကိုသက်တန့်ချိုရေ..
    အခုမှတွေ့ဖူးတာပါ..
    ထူးးတော့ ထူးဆန်းတယ်ဗျ..
    အချိန်ခနလေးအတွင်းမှာ.. အဲလိုတွေဖြစ်သွား တယ်ဆိုတော့လေ..

    ကျေးဇူးပါ ကိုသက်တန့်ချိုရေ..

    ခင်မင်စွာဖြင့်
    စည်သူ။

    ReplyDelete