Friday, September 4, 2009

နှစ်သက်မိသော ဘလော့ ၅ ခု

နှစ်သက်မိသော ဘလော့ ၅ ခု

အင်း... ၀က်တို့ကတော့ တဂ်ချလိုက်ပုံများ နာလွတ်ပြီထင်နေတာ ..... ဘယ်ဟုတ်မလဲ ..... အောက်ဆုံးနားမှာ ကပ်ပြီးပါသွားသေးတယ် ။ ရေးမယ့်သာ ရေးရတယ် ဟီ ...... ။ ကိုယ်ကြိုက်တဲ့ ဘလော့တွေကလည်း အများသား ... ။...အင်း ဘယ်တတ်နိုင်ပါ့မလဲလေ ..... ကိုယ်ကလည်း စမိတာကိုး .... ( ကိုယ့်ရှူးကိုယ် ပြန်ပတ်တယ်ဆိုတာ ဒါမျိုး ထင်ပါရဲ့ ....) ဒီအထဲတွင် မပါဝင်သော အခြားဘလော့များလည်း စိတ်မဆိုးကုန်ကြပါနှင့် ။ လေးနက်စွားတောင်းပန် အပ်ပါသည်ခင်ဗျာ...ဟီး .... ခေါင်းတော့အကျိန်းသား....

ရင်ခွင်တစ်ခုဖန်ဆင်းခြင်း


နာမည်ကရန်ကုန်သားတဲ့.... သူ့ရဲ့ပြောင်မြောက်လှတဲ့ စကားလုံးတွေ နူးညုံကျွမ်းကျင်တဲ့ အရေးအသားတွေနဲ့ .... လူတွေကိုဟိုး အမှန်တရားတွေ ... ဘ၀အစစ်အမှန်တွေဆီ ... ဆွဲခေါ်သွားတတ်တယ် ။ သူက အခြား ဘလော့တွေက စာတွေကိုလည်း အလေးအနက်ထားပြီး ဖတ်လေ့ရှိသလို စိတ်ထဲမှာ ရှိတဲ့အတိုင်းလည်း မန့်တတ်ပါတယ် .. ။သူ့ရဲ့ စာအရေးအသား ကောင်းလိုက်ပုံများ.....တခါတခါ အချိန်တွေတောင် ပျောက်ဆုံးကုန်တယ် ။ ....စီးမျောသွားလွန်းလို့လေ......................။

နိုင်းနိုင်းစနေ


မနိုင်းတဲ့..... သူ့ရဲ့စာတွေကို google reader မှတဆင့် အရင်ရင်းနှီးခဲ့ရတယ် ။ တော်တော်လေးကြာမှ ဘလော့ရှိမှန်းသိရပြီး .... သွား လည်မိတယ် .... ။ သူ့မှာ သူများနဲ့မတူတဲ့ အမြင်တွေရှိတယ်......။ လူတွေရဲ့ စိတ်နှလုံးသားကို သန့်စင်ပေးပြီး....လောကရဲ့ အမှန်တရား တွေကို မြင်အောင် ပြတတ်တယ် .... ။သူရေးခဲ့တဲ့စာတွေ ဘာသာပြန်တွေက.... လူတွေကို ကြိုးစားချင်စိတ်တွေ..ဘ၀ကိုတိုးတက်အောင်မြင်အောင် ....လုပ်ဆောင်ချင်စိတ်တွေ... တဖွားဖွားပေါ်အောင်.... လုပ်ဆောင်နိုင်စွမ်းရှိတယ် .... ။ကျွန်တော်ပို့စ်တွေ တင်တဲ့အခါ စာလုံးတွေမညီတာကို ...ညီအောင်ဘယ်လိုညှိရမယ် ဆိုတာကို သူ့ရဲ့ စီဘောက်ကနေတဆင့် ဂရုတစိုက်သင် ပေးခဲ့တယ်.... ။သူ့ရဲ့ စီဘောက်လေး မှတဆင့်ရိုးသားလွန်းတဲ့သူငယ်ချင်းတွေ... အများကြီးရရှိခဲ့တယ်... ။ နောက်ဆုံး သူ့ရဲ့ကလောင်အစွမ်းတွေနဲ့ ... မသွားရမနေနိုင်အောင်ဖမ်းစားခဲ့ပါတယ် ။

နှင်းဟေမာ


ငြိမ်းချမ်းရာ နယ်မြေလေး ... တရား ဓမ္မတွေနဲ့ ဒီအိမ်လေးရောက်ရင် နှလုံးသားထဲကို စမ်းချောင်းလေးတစ်ခု စီးဆင်းသွားသလိုပင်.. ။ သူ့ရဲ့စာရေးပုံကလည်း တမူထူးခြားပြီး လူကိုဆွဲဆောင်နိုင်ပြန်ပါတယ် ... ။ သူ့ကို အမြဲမမန့်ဖြစ်ပေမယ့် နေ့စဉ်သွားနေကျ နေရာလေးဖြစ်ခဲ့တယ် ..နှင်းဟေမာ ဆိုတဲ့အတိုင်း လူတွေရဲ့ ရင်ခွင်ကို နှင်းပွင့်လေးတွေ ကျဲဖြန့်သလိုအေးချမ်းစေနိုင်တယ် ... ။

သားကြီး


သူ့ကိုစသိကတည်းက လောကကြီးကို အမှန်အတိုင်း မြင်တတ်သူ ဘက်မလိုက်တတ်သူဟု ကျွန်တော်ဘွဲ့ပေးထားတာပါ . ... ။ သူ့ရဲ့ ဟာသဥာဉ် စာရေးကောင်းပုံတွေက ၀ါရင့်စာရေးဆရာတစ်ဦးနှင့် မခြား ထက်မြက်လှပါတယ် ။ ကွန်းမန့်မရေးရမနေနိုင်လောက်အောင် ဟာသဥာဉ်ရှိပြီး .. တခြားဘလော့ကစာတွေ ကဗျာတွေကို တလေးတစားဖတ် ပေးသူတစ်ယောက်ဖြစ်ပါတယ် ။ သူ့ဘလော့လေးကလည်း အမောပြေစရာ နေရာလေးတစ်ခုဖြစ်တဲ့အတွက် နေ့စဉ်သွားနေကျ နှစ်သက်မိတဲ့ဘလော့လေးပါ ။

မေလေးရဲ့နားနေရာ



မေလေးတဲ့... သူနှစ်သက်တဲ့ ဘလော့ ၅ ခုထဲမှာ ကျွန်တော်ပါသလို ကျွန်တော်နှစ်သက်တဲ့ ဘလော့ ၅ ခုထဲမှာလည်း သူပါပါတယ် ။ သူ့ရဲ့ပို့စ်တွေကဗျာတွေက လက်ချိုးရေလို့ရအောင် ရှားပါးပေမယ့် ... အဲဒီကဗျာတွေကို ဂရုတစိုက်ဖတ်ကြည့်မယ်ဆိုရင် နွေးထွေးတဲ့ မေတ္တာတွေ ရင့်ကျက်တဲ့အသိဥာဏ်တွေနဲ့ ဘ၀ရဲ့ လောကဓံ အနိမ့်အမြင့် အားမာန်တွေကို အတိုင်းသားမြင်နိုင်ပါတယ် ။ လောကကြီးရဲ့ ရှုပ်ထွေးပွေလီမှုကို အလုံးစုံသိနှင့်တဲ့ ရင့်ကျက်သူမိန်းမသားတစ်ဦးပီပီ ... ကဗျာတစ်ပုဒ်တိုင်း တစ်ပုဒ်တိုင်းဟာ .. လှပသေသပ်လွန်းနေပြန်ပါတယ် ။ မောင်နှမဖွဲ့ထားသူပီပီ စာလုံးမှားတွေကို ပြင်ပေးတတ်သူ တိုင်ပင်တတ်သူ အစ်မအရင်းတစ်ယောက်ကဲ့သို့ ..မိန်းမသားတစ်ဦးဖြစ်ပါတယ် ။

ဟီး ... အထက်ပါ ၅ ခုတွင်မပါဝင် သူများထဲမှာလည်း နှစ်သက်မိတဲ့ ဘလော့တွေအများ ကြီးရှိပါသေးတယ် ။ မည်သို့မှ သဘောမထားပဲ ကောင်းနိုးရာရာဆိုက်များကို ညွှန်းဆိုပေးကြသည့် သဘောဟုသာ မှတ်ကြပါကုန် ။ ( မကျေနပ်သူများကိုလည်း ကဗျာတစ်ပုဒ်နှင့် ဘီယာတစ်ခွက်တိုက်ပါမည် ။ ကျေနပ်သူများကလည်း ပြန်လည်၍ တိုက်ကြပါကုန် .. ဟီးဟီး )

စာရေးသူ... သက်တန့်ချို ... ( ၁၀း၃၀ ည ၃.၉.၀၉ )

11 comments:

  1. ဟေးးးးးးးးးးးဒို့နံမည်လေးပါတယ်ဟေ့....းD
    ကျေးဇူးပဲ သက်တန့်ရေ.... နင်ရွေးချယ်ဖော်ပြမှုထဲမှာ ပါဝင်ခွင့်ရလို့....ခြေထောက် နဲ့ မြေကြီးတောင် မထိတော့ဘူး......( စက်ဘီးစီးနေလို့)...ဟီး .။
    သတ်တန့် ပြောသလိုမျိုး လူတွေရဲ့ရင်ကို အေးချမ်းမှုတွေ အမြဲတမ်းပေးစွမ်းနိုင်ဖို့ ကြိုးစားပါ့မယ်နော်.....။ခင်မင်မှု များစွာဖြင့်
    နှင်း

    ReplyDelete
  2. ဘလော့ငါးခုစာရင်းထဲ မေလေးပါဝင်တဲ့အတွက် ကျေးဇူးပါ မောင်လေး။ လူလည်း နည်းနည်း မြောက်သွားပါတယ်။ ဖတ်ပြီး ကိုယ့်ဘာကိုယ်ပြုံးနေတာ တော်တော်ကြာတယ်။ ပြီးတော့ မောင်လေးကိုရော တခြားသူတွေကိုပါ အားနာသလိုဖြစ်တယ်။ မေလေးက အဲလောက်မှ အဖြစ်မရှိသေးဘဲနော်။ ကျေးဇူးလည်းတင်၊ ဝမ်းလည်းသာပါတယ်နော် မောင်လေး

    ReplyDelete
  3. ပါလည်းပါဘူး။
    ဘီယာတော့သောက်ဘူး။
    ကြေအိုးတို့ ကော်ရည်တို့ တိုက်။

    ReplyDelete
  4. ကိုသက်တန့်ရေ ကျွန်တော်လည်း ရေးထားပြီးပြီဗျ၊ ၀က်ဝံလေး တက်ဂ်လို့လေ။ အဲ တစ်ခုခု ဆိုရင်တော့ ဒီပိုစ့်ကို အရင်ဆုံးစတက်ဂ်တဲ့ ကိုသက်တန့် လာရှင်းပေးပေတော့။ ကောင်းနိုးရာရာ ဘလော့လေးတွေ ညွှန်းပေးတာ ကျေးဇူးဗျို့၊ ကိုရန်ကုန်သား၊ မမနိုင်း နဲ့ ကိုသားကြီး တို့ဆီတော့ ရောက်ဖြစ်နေကျဗျ။ မနှင်းဟေမာ နဲ့ မမေလေး တို့ဆီလည်း သွားလည် လိုက်ပါ့မယ်။

    ခင်မင်လျက်

    ReplyDelete
  5. ကောင်းပါသည်..

    ReplyDelete
  6. မှတ်ပြီလား မိသက် ဟင် နင်ကျတော့ မရေးပဲ တဂ်ရတယ်လို့ မှတ်ထားနောက်ဆိုရင် တဂ်ချင်ရင် ကိုယ်တိုင်ရေးရတယ် ဟဲ့ ပြီးမှ သူများကို တဂ်ရတယ် နင့်ဟာက ခေါင်းစဉ်ကြီးချပေးပြီး နင်ကျတော့မရေးဘူး ငါ မကျေနပ်လို့ နင့် ပြန်တဂ်လိုက်တာ သိပြီလား ငွားငွားးးးးးး ဟဟဟဟဟဟ

    ကဲကိုယ့်ဟာကို တိုင်ပတ်ပေတော့ အဲဒီမှာ ဟိဟိ

    ReplyDelete
  7. အေး ကိုယ်ကြိုက်တာကို ကိုယ်လွတ်လပ်စွာ ပြောတာပဲကွာ ဘာဖြစ်တာမှတ်လို့

    ReplyDelete
  8. ကို သက်တန့် ကျေးဇူးတင်တယ်ဗျာ
    ခင်တဲ့
    ရန်ကုန်သား :D
    အေးမြသာယာပါစေ

    ReplyDelete
  9. ၅ခုမှာပါဝင်ခွင့်ရလို့ကျေးဇူးပါဗျာ
    ရေးချင်တာလျှောက်လျှောက်ရေးနေတဲ့ကျနော့
    ဘလော့လေးကို ကြိုက်တယ်ဆိုလို့
    အရမ်းဝမ်းသာပီတိဖြစ်ရပါတယ်
    လူတောင်မှမြောက်ချင်ချင်ပဲ ဟိ
    ပထမတော့ဒီtagကလွတ်ပြီဆိုပြီးပျော်နေတာ
    ဝက်ဝံကလေးက အားလုံးကိုသိမ်းကြုံးပြီး
    tagထားတာတွေ့မှ ရှင်ချင်စိတ်ကိုပေါက်ရော

    ReplyDelete
  10. သက်တန့်ရေ
    လာဖတ်သွားတယ်။
    စနစ်တကျ ဖော်ပြပေးတာကို သဘောကျတယ်။
    ကျွန်မအလှည့်တုန်းက မအားတာနဲ့ မြန်မြန်ရေးလိုက်လို့
    စနစ်မကျဘူးဖြစ်သွားတယ်။
    ခင်မင်လျက်
    ပန်းရင့်ရောင်
    မန္တလေးမှာ အဆင်ပြေပါစေ။

    ReplyDelete