Saturday, September 19, 2009

Dubai မှာရှိတဲ့ ရေပေါ်မြို့

Dubai မှာရှိတဲ့ ရေပေါ်မြို့









ကျွန်တော်တို့တွေဟာ ဒူဘိုင်းမှာရှိတဲ့ ရေပေါ်မြို့ကို ကြားဖူးပြီးသားဖြစ်ပါတယ် ။ ဒါပေမယ့် အတည်တကျနေထိုင်ဖို့ကိုတော့ အနုပညာရှင် Vincent Callebaut ကဖန်တီးပြသခဲ့ပါတယ် ။ သူ့ရဲ့ စီမံကိန်းဟာ ရေပေါ်မြို့ဖြစ်တဲ့အတွက် မြို့တည်ဆောက်ဖို့အတွက် ကုန်းမြေလိုအပ်မှုဆိုတဲ့ ပြသာနာကို ဘယ်တော့မှ ကြုံတွေ့ရမှာ မဟုတ်ပါဘူး ။

ဒီရေပေါ်သစ်ရွက်လေး (မြို့) ဟာ ယနေ့ခေတ်ရဲ့ အစိမ်းရောင်နည်းပညာရဲ့တိုးတက်မှုတစ်ခုလည်းဖြစ်ပါတယ် ။ ဒီထဲမှာ နေရောင်ခြည်မှ စွမ်းအင်ထုတ်လုပ်ခြင်း လေမှစွမ်းအင်ထုတ်လုပ်ခြင်း ရေမှ စွမ်းအင်ထုတ်လုပ်ခြင်း တွေပါဝင်မှာ ဖြစ်ပါတယ် ။အကယ်၍ လာမည့် ဆယ်စုနှစ်တစ်ခုအတွင်းမှာ ပင်လယ်ထဲသို့ အခက်အလက်သဖွယ်ထိုးထွက်နေတဲ့ Dubai ရဲ့ရေပေါ်မြို့တွေ ပေါ်ထွက်လာမယ်ဆိုရင်သင်မအံ့သြမိပါစေနှင့် ။

စာရေးသူ......သက်တန့်ချို......(၁၀း၃၈ ည ၁၈.၉.၀၉)

9 comments:

  1. ကိုသက်တန့်ချိုရေ..

    ဗဟုသုသူတ ကြွယ်ယသူပီပီ..
    မကြားဖူးဘူးဗျာ.. အခုမှ ကြားဖူး တွေ့ဖူးတာ..းP

    ပျော်ရွှင်ပါစေဗျာ..

    ReplyDelete
  2. တင်ထားတာ ထူးဆန်းအံ့ဖွယ်တွေချည်း ပါပဲလား။ တခါမှ မတွေ့ဖူး မကြားဖူးတာတွေကို တွေ့ရတာ သိရတာ ကျေးဇူးတင်ပါတယ်။

    ReplyDelete
  3. knowledge တွေ
    ဖြန့်ဝေတာ
    အရမ်းကောင်းတာပါပဲ ..>>>

    ReplyDelete
  4. ကျွန်တော် ကြိုပွိုင့်ပေးထားမယ်ဗျာ ခင်ဗျား ပွဲစား လုပ် :))))

    ReplyDelete
  5. ဟေ့အေး နေရဲဘူးဟ...
    နေလည်း နေနိုင်ပါဘူး မြို့ကသာရေပေါ်မှာ ဈေးက ဟိုး....အာကသထဲမှာ

    ReplyDelete
  6. အင်း ပတ်ဝန်းကျင်လေ့လာမှု ဇီးရိုးလို့ ပြောရင်လည်းခံရမှာပဲ တခါမှမကြားဖူးဘူးဗျ ပုံတွေကတော့ မိုက်တယ်ဗျ။ ငယ်ငယ်ကဖတ်ဖူးတဲ့ စံထောက်ကြီး ဦးစံရှားထဲက ရဲတိုက်တွေ ကျနေတာပဲ။ အဟိ။ ဗဟုသုတ မျှဝေတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်
    ခင်မင်လျှက်
    ညီမလေး ပါးလုံး

    ReplyDelete
  7. မနေဘူးနော် မောင်လေး တို့တွေက ရွှေတွေလေ။ ခြင်တောကို ကျင့်သားရနေပေမယ့် ကြောက်သေးတယ်။ ရေကြားထဲဆိုတော့ ခြင်များမှာပဲ ဟိဟိ။ နေအုံး ပိုက်ပိုက်စုလိုက်မယ်နော် ။

    ReplyDelete
  8. ငါပြန်လာတော့မှာလေဟ။
    ဒီကိစ္စနဲ့ ပတ်သက်ပြီး Vincent Callebaut နဲ့  အင်ဂျင်နီယာ တစ်ချို့ကို လိုအပ်သလို Training ပေးခဲ့ပြီးပါပြီ။ ကိုယ်မရှိလဲ သူတို့ စီစဉ်ပါလိမ့်မယ်။ ဟဲဟဲ
    မကြာမီ လာမည် မျှော် ပေါ့။ ဟီးးးးးးးးးးးးး

    ReplyDelete