Wednesday, September 30, 2009

တရုတ်နိုင်ငံ ဘေဂျင်းမြို့မှ ထူးဆန်းသော အစားအစာများ

တရုတ်နိုင်ငံ ဘေဂျင်းမြို့မှ ထူးဆန်းသော အစားအစာများ

သူငယ်ချင်းတို့ကို တရုတ်နိုင်ငံ ဘေဂျင်းမြို့က ထူးဆန်းတဲ့ စားသောက်ဆိုင်တွေဆီ အလည်ခေါ်သွားပေးပါ့မယ် ။
အစားအစာဆန်းတွေကို နှစ်သက်သူတွေ အတွက်ကတော့ အကြိုက်ပဲပေါ့ ။




ကြယ်ငါးကို ငါးမန်းဆီနဲ့ကြော်ထားတာတဲ့ ။



ငါးမန်းပေါက်လေးတွေ ကြယ်ငါးကြော်နဲ့ ပင်လယ်ကောင်(Urchin) -Echinodrem အနွယ်ဝင်ဖြစ်ပြီး သူ့ရဲ့ လှုပ်
ရှားနိုင်တဲ့ကျောရိုးကို လုံးဝန်းသော (သို့မဟုတ်) ပြားချပ်သော အကာနဲ့ ဖုံးအုပ်ထားလေ့ရှိပါတယ် ။ Echinoidea အုပ်စုဝင် ပင်လယ်ကောင်တွေ ဖြစ်ပါတယ် ။


မြွေကို တုတ်နဲ့ထိုး ပြီးကင်စားရတာပါ ။ အားပေးသွားကြပါဦး ။


ခွေးအသည်းနဲ့ဟင်းသီးဟင်းရွက်များ ။


ဆိတ်အဆုပ်နဲ့ အနီရောင် ငရုပ်ကောင်းပွ ။ အတော်လေးလည်း စပ်ပါတယ် ။ မိုးအေးအေးမှာ နှစ်သက်လိမ့်မယ်
ထင်ပါတယ် ။


ပြောင်းဖူးဖုတ်နဲ့ စားရတဲ့ ဂျင်းအချဉ် (ဆော့စ်)

ကြက်စတူးဝက်စတူးမဟုတ်ပါဘူး ။ နွားနဲ့ မြင်းစတူးကို ရောထားတာပါ ။


ပိုးချည်သံကောင် ၊ အမဲရောင် ကင်းမြီးကောက် ၊ ပိုးတောင်မာကင် ၊ ပုစဉ်းရင်ကွဲကင်များ ။


ခွေးဦးနှောက်စွပ်ပြုတ် ဟီး ကြိုက်ကြမယ်ထင်ပါတယ် နော့ ။


ကရုကမာကောင် ၊ ကင်းမွန်နဲ့ ဖွတ်ခြေထောက် တုတ်ထိုးများ ။



အထူးပြုလုပ်ထားသော ကင်းမြီးကောက် နဲ့ ပိုးတောင်မာတုတ်ထိုးများ ။


ကင်းမြီးကောက် ၊ ပုရစ် နှင့် ပိုးတောင်မာကင်များ ။



ရေနဂါးဟုခေါ်သော Seahorses ကင်များ ။

သယ်ရင်းတို့အားလုံး ခံတွင်းတွေ့ကြလိမ့်မယ်လို့ ထင်ပါတယ် ။ ကျနော်ကတော့ဒီနေ့ သတ်သတ်လွတ်ဖြစ်တဲ့
အတွက် မစားတော့ပါဘူး ။ ၀အောင်သာစားကြပါ .... ဟီး ။

စာရေးသူ......သက်တန့်ချို......(၁၂း၅၀ နေ့လည် ၃၀.၉.၀၉)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

24 comments:

  1. အမလေး.. ရှာရှာကြံကြံနော်.
    အဲဒါတွေ တကယ်ကြီးရောင်းတာလား.
    ကင်းမီးကောက်တွေရော၊ ခွေးဦးနှောက်တွေရော၊
    စိတ်ညစ်သွားတယ်. :D

    ReplyDelete
  2. ဘာတွေတုန်း... ဒွတ်ခပါပဲ....
    လူစားတာတွေလား ဘီလူးစားတာတွေလားလည်း မသိဘူး...

    ReplyDelete
  3. ခရေညို ကလူဆိုတော့ ဘီလူးစာတွေမစားဘူး
    ပြောင်းဖူးဖုတ်လေးပဲစားသွားမယ်နော်

    ReplyDelete
  4. စိတ်မပူနဲ့ ခင်ဗျားအတွက် ရေခဲသေတ္တာထဲ ထည့်ဖယ်ထားမယ် သက်သတ်လွတ် ထွက် မှ စားပေါ့ မြွေထုတ်ထိုးတို့  အာ .... ဘာတွေမှန်း ကို မသိဘူး အဲဒီ တရုတ်တွေ ကိုးရီးယားတွေစား လိုက်ရင် ..... ကျေးဇူးတင်ပါ တယ် ဗျာစားတော့မသွားဘူး အူယားလို့  .... ဟဟ :))

    ReplyDelete
  5. မောင်လေး မမြည်းကြည့်နေနဲ့ဦး။ အူယားစရာကွယ်။ မတော် အစာအိမ်ထဲ အကောင်လေးတွေ ထပ်ပွားနေမှဖြင့်။ ဒီလို အကောင်မျိုးတွေက တော်ရုံ သေနိုင်ခဲတာမျိုး။ တော်ပြီကွယ် စီလုပ်ပြည်ကို ပြန်ရင် ဝ စိလုပ်လူမျိုး မီလုပ်တော့ဘူး။

    ReplyDelete
  6. သက်တန့်ချိုရေ
    ထမင်းစားပြီး စာလာဖတ်မိတာ စားထားတဲ့ထမင်းတွေတောင် ကံကောင်းလို့ ပြန်မထွက်တာ။ ဒီလောက်တောင် အစားက်စက်ရတဲ့လူတွေနော့် မြန်မာပြည်မှာတောင် မတွေ့ဖူးဘူး။ ကြိုက်တဲ့ ပင်လယ်စားစရာ တချို့ပါပေမယ့် အဲဒါကြီးတွေနဲ့ အတူတွဲရောင်းနေတော့ စားဖို့မသတီတော့ဘူး။ ဘာမှ မစားပဲ ပြန်ပြီ။

    ReplyDelete
  7. ပေါက်တောက်ကရ အစာတွေပါဘဲဗျာ :D

    ReplyDelete
  8. ကြည့်ရတာနဲ့ တင်အူယားလိုက်တာ...

    ReplyDelete
  9. ဟီးဟီး.. စားရဲဘူး..အတွေ့တောင် တော်တော်မအီမလည်ပါ။

    ReplyDelete
  10. ဟီးဟီး.. စားရဲဘူး..အတွေ့တောင် တော်တော်မအီမလည်ပါ။

    ReplyDelete
  11. အောင်မြတ်လေး အကောင်မျိုးစုံပါလားးးးးးးးး သူတို့ မစားတာဘာကောင်များကျန်သေးပါလိမ့်..
    သက်တန့် ရေ..အမလည်းဒီလိုဆို သက်သတ်လွတ်တော့မယ်နော်။း)

    ReplyDelete
  12. အောင်မြတ်လေး အကောင်မျိုးစုံပါလားးးးးးးးး သူတို့ မစားတာဘာကောင်များကျန်သေးပါလိမ့်..
    သက်တန့် ရေ..အမလည်းဒီလိုဆို သက်သတ်လွတ်တော့မယ်နော်။း)

    ReplyDelete
  13. မစားဘူး နာလဲ သတ်သတ်လွတ်ပဲ ဟွင်းးး

    ReplyDelete
  14. ဘေကျင်းကိုသွားပြီး
    တစ်ခုစီသွားမြည်းကြည့်မှပဲ...
    ငါးမန်းပေါက်ကင်လေးရယ်...
    ကင်းမြှီးကောင်ဒုတ်ထိုးရယ်...
    ပုရစ်ကြော်ရယ်စားချင်တယ်

    ReplyDelete
  15. မိုက်၏ ပိုးကောင်လေးတွေ ကြော်ထားတာတော့ စားတယ်
    ကြိုက်လဲ ကြိုက်၏
    ကျန်တဲ့အကောင်တွေတော့ ကြည့်ငေးသွားမိတယ် စားတော့ မရဲဘူး :)

    ReplyDelete
  16. သူများတွေလို လိုက်ပြီး သတ်သတ်လွတ်လိုက်တာပဲ ကောင်းမယ်ထင်ပါတယ်...

    အဲဒါကြီးတွေ စားရမယ်ဆိုရင်တော့...

    ဝေါ့..................

းဝ)

    ReplyDelete
  17. သက်တန့်ရယ် နင်ဘဲရှာရှာကြံကြံ..

    ReplyDelete
  18. မစားတော့ဘူးးးး ..
    ကြည့်ရုံနဲ့ တင် အူယားတယ် ...
    တုံယန်း soup သောက်ရမှာတောင်
    မသောက်ချင်တော့ဘူးးးးး ..... :(

    အဲ့လို
    ကြံကြံဖန်ဖန် စားတဲ့ အတွက်
    china က
    ကိုကို ၊ မမ တရုတ် တွေ ၀ နေတာ ပဲ ဖြစ်ရမယ်..

    ReplyDelete
  19. အော့အော့အော့
    ကြည့်တာနဲ့ အန်ချင်လိုက်တာ ..း(((

    ReplyDelete
  20. ကြည့်ရုံနဲ့တင်အန်ချင်တာ
    အော့ ဝေါ့

    ReplyDelete
  21. လူတွေလဲဘယ်လိုဖြစ်လာကြတာလဲမသိဘူး ခွေးသားတောင်စားနေကြပြီ နောက်ဆိုလူသားအချင်းချင်းတောင်ပြန်စားလောက်တယ်
    စိတ်ပျက်စရာ ကြီးပါလား

    ReplyDelete
  22. ဘယ်လိုလူမျိုးတွေလဲ ခွေးသားတောင်စားကြတယ်
    နောက်ဆို လူအချင်းချင်းတောင်ပြန်စားကြတော့မလား
    မစားသင့်ပါဘူး

    ReplyDelete
  23. ခွေးသားတွေ ရေနဂါးသားတွေ မစားသင့်ပါဘူး
    ဘယ်လိုလူမျိုးတွေက စားကြတာလဲ

    ReplyDelete