Saturday, September 26, 2009

အလှဆုံးဘောပင်လေးတွေ

အလှဆုံးဘောပင်လေးတွေ

Spy Pen Deluxe



ဈေးနှုန်း - $6.59
ဒီဘောပင်လေးနဲ့ရေးထားတဲ့ စာတွေကို သာမန်မျက်စိနဲ့မမြင် နိုင်ပါဘူး ။ သင့်ရဲ့ အရေးကြီးတဲ့ password တွေသိမ်းဆည်းချင်တဲ့အခါ အလွန်အသုံးဝင်ပါလိမ့်မယ် ။

Jack Pot Pen




ဈေးနှုန်း - $3.95

သင်ရုံးမှာ ပျင်းနေတဲ့အခါ ဒီဘောပင်လေးကို အသုံးပြုနိုင်ပါတယ် ။ လုပ်ရမှာကတော့ အပေါ်ဆုံး ခလုတ်လေးကို နှိပ်ယုံပါပဲ ။ ဒါဆို ဘီးတံခါးလေးပွင့်သွားပြီး သင်ဘယ်လောက်
ကံကောင်းတယ်ဆိုတာ ကြည့်နိုင်ပါတယ် ။

Ultimate Geek Pen



ဈေးနှုန်း - $8.95

Metal ထိပ်လေးကို လှည့်မယ်ဆိုရင် တစ်မျိုးဖြစ်ပြီး Ballpoint Pen ကိုသင်ရရှိမှာပါ ။ အခြားတစ်ဖက်ကိုလှည့်မယ်ဆိုရင် PDAs နဲ့ ဂိမ်းတွေမှာ အသုံးပြုနိုင်မယ့် stylus tip လေး ကိုရရှိမှာပါ ။ ခလုတ်လေးကို cycle လေးထဲဝင်သွားအောင်နှိပ်မယ်ဆိုရင်တော့ flashlight နဲ့ UV light တွေထွက်လာမှာပါ ။ ဒီ flashlight လေးကိုတော့ ကွေးနိုင်ဆန့်နိုင်တဲ့ အချောင်းလေးကနေ ထွက်လာနိုင်ပြီး ညွန်ပြဖို့အတွက် ရည်ရွယ်အသုံးပြုနိုင်ပါတယ် ။

Monopoly Pinball Pen




ဈေးနှုန်း - $5.99

မိုနိုပိုလီကစားလို့ရနိုင်တဲ့ ဘောပင်လေး ဖြစ်ပါတယ် ။

Astronaut Rocket Pen


ဈေးနှုန်း - $8.94
ဘောပင်ထည့်စရာ အိမ်ကလေးပါဝင်ပြီး control button လေးကိုနှိပ်လိုက်တာနဲ့ အပေါ်ကိုပျံတတ်သွားမှာ ဖြစ်ပါတယ် ။


Spike Cactus Pen



ဈေးနှုန်း - $6.99

Shocking Pen-Empire Edition



ဈေးနှုန်း - $0.90
သင်ဒီဘောပင်လေးကို မထိခင်အထိတော့ သာမန်ဘောပင်လေးလို့ထင်မိမှာပါ ။ ဒါပေမယ့် သတိထားပါ ..ဓါတ်လိုက်တတ်ပါတယ် ။

Lipstick Pens




ဈေးနှုန်း - $11.99

Cigarette Pen



မီးခိုးတွေပြာတွေပုံစံ နဲ့ ဆေးလိပ်ပုံစံပြုလုပ်ထားတာပါ ။

Pull My Finger Fart Finger Pen




ဈေးနှုန်း - $1.99

ဘောပင်အဖုံးကို ချွတ်လိုက်တာနဲ့ လေလည်တဲ့အသံထွက်လာမှာ ဖြစ်ပါတယ် ။


စာရေးသူ.....သက်တန့်ချို......(၁၀း၃၇ ည ၂၅.၉.၀၉)


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကိုအစဉ်လေးစားသောအားဖြင့်...................

6 comments:

  1. ဟားဟားနောက်ဆုံးဟာ မိုက်တယ် အဟိ ..

    ReplyDelete
  2. ဗွီဒီယိုကင်မရာပါတဲ့ ဘော်ပင်ရှာပေးပါ...
    မြန်မာပြည်ကို ပို့ချင်လို့...
    အမြန်ဆုံး...............

းဝ)

    ReplyDelete
  3. မေးလ်ကနေတစ်ချောင်းလောက် ပို့ ပေးလိုက် ဗျာ.... ဗမာဖြစ်လက်ဖက်ရည် လက်ဆောင် ပြန်တိုက်မယ်လေဗျာ ..... :)))

    ReplyDelete
  4. ဝက်ဝံလေးSeptember 26, 2009 at 3:22 PM

    ဟေ့ သက်ရေ တောင်းဆိုကုန်ကြပြီဟ ပို့ပေးလိုက် ပို့ပေးလိုက် ငါ့အတွက်လဲ ဘောလ်ပင် တချောင်း ဟိဟိ

    ReplyDelete
  5. မောင်လေး ကိုယ့်အစ်မကို ဝယ်ပေးကွယ်။ သေပြေးရှင်ပြေး ပြေးရတုန်းကတောင် ကိုယ့်လက်ထဲ အရယူသွားတာ ဘောလ်ပင်ပဲ။ ခု ပိုကောင်းတာတွေ့သွားတယ်၊ မရတော့ဘူး။ မြန်မြန်ပို့ပေးပါ။ ချစ်စရာလေးတွေကွာ

    ReplyDelete
  6. ကြိုက်တယ်ဗျာအားလုံးကို
    ဘောပင်ပြောတာနော်
    နောက်ဆုံးတချောင်းသာ
    လက်ထဲရှိရင်တော့
    လူတွေကြားထဲခနခန
    အဖုံးဖွင့်ဖြစ်မှာသေခြာတယ် ဟီးဟီး

    ReplyDelete