Tuesday, September 29, 2009

တမ်းတတေး


တမ်းတတေး

ချစ်သူရေ.....
ပြုစားခဲ့ပါကွယ်
မင်းရဲ့ ဆယ့်နှစ်ကြိုးကဝေနဲ့
မင်း...စေညွှန်ရာ
ပြာဖြစ်စေလောက်တဲ့
နဂါးမလေးရေ....
ငါဆိုတဲ့ကောင်က
မျက်ဝန်းစောင်းလေးတစ်ခုကိုပဲ
အလိုရှိနေခဲ့တာ.....
ငါးပွက်ရာ....ငါးစာချပေမယ့်...
ငါ....မဟပ်မိခင်မှာပဲ
မင်းကရုတ်သိမ်းသွာခဲ့တယ်
ဒါဏ်ရာရမှာစိုးလို့လား
မိမဲ့အကောင်ပဲသေးလို့လား
တွေးနေဆဲမှာပဲ
ငါလည်းနစ်သွားပြန်တယ်....
ဝေးလွန်းပါတယ်ကွာ
ဇွဲမဲ့ခဲ့လို့မဟုတ်ဘူး
လျောက်ရမယ့် ခရီးကြမ်းမှာ....
ဆူးတွေပေါလွန်းတော့
မင်းကို မနာကျင်စေခဲ့ရက်ဘူး...
ဒါပါပဲကွယ်
ငါကတော့..အဲဒီလို
အေးအေးလေးပဲ
လွမ်းနေချင်တယ်...

(သက်တန့်ချို)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

13 comments:

  1. အေးအေးချမ်းချမ်းဘဲလွမ်းပါခင်ည

    ReplyDelete
  2. ပုံပြင်လေးကတော့ ဒါပါပဲကွယ်.. :P

    ReplyDelete
  3. :)
    ကဗျာလေး သဘောကျတယ် ..း)

    ReplyDelete
  4. အေးဆေးလွမ်းနေတာပဲ ကောင်းပါတယ်ဗျာ။ အဲလိုလေးပဲ ကောင်းပါတယ်

    ReplyDelete
  5. ကိုသက်တန့်ချိုရေ..
    တော်သေးတာပေါ့
    အလွမ်းငစာလေးမြင်လိုက်တာ
    ငမြှားချိတ်ကဝေနဲ့ မိသွားမလို့ဗျာ..

    ပျော်ပျော်ရွှင်ရွှင်လေး လွမ်းနိုင်ပါစေဗျာ

    ခင်မင်စွာဖြင့်
    စည်သူ။

    ReplyDelete
  6. ငါးစာက အလွမ်းတွေပေါ့ ဟုတ်လား ဒါတောင် တမ်းတနေသေးတယ်။ အေးဆေးပဲ လွမ်းပါကွယ်။ ဆယ့်နှစ်ကြိုးကဝေနဲ့ မဟပ်မိတာ တော်သေးတယ်။ အေးအေးဆေးဆေး လွမ်းနိုင်ပါစေရှင်

    ReplyDelete
  7. လွမ်းနေရတာ ..... မလွမ်းချင်ဘူးဗျာ လွမ်းရ တာ မောလွန်းလို့  ..... :)))

    ReplyDelete
  8. aye ဖတ်သွားတယ် သက်ရေ ဘိုင် ဘိုင်

    ReplyDelete
  9. နဂါးမျက်စောင်းကို သူမို့လိုချင်တယ်... :P
    ကဗျာလေး ကောင်းတယ်...

    ReplyDelete
  10. တခုခုရေးချင်တယ် ဒါပေမဲ့မရေးတော့ဘူး...

    ReplyDelete
  11. ဟုတ်တယ် ဟုတ်တယ် အေးအေးချမ်းချမ်းလေးပဲ လွမ်းတာကောင်းပါတယ်. လွမ်းပိုင်ခွင့်ရှိတာကိုပဲ ကျေးဇူးတင်လိုက်ပါနော့

    ReplyDelete
  12. တမ်းတတေး လေးကလည်း လွမ်းတာပဲနော်...။

    ReplyDelete
  13. ကဗျာလေးနဲ့ တိုက်ဆိုင်တယ်

    ReplyDelete