ဆက်ပြောရအုန်းမယ် ။ အိုဂျီပို့စ်တင် ဆင်းတုန်းကအလွဲတွေကို .. ။အမျိုးသမီးတွေမှာ တစ်ချို့က အနာခံနိုင်မှုစွမ်းရည် (Pain Threshold ) အရမ်းနိမ့် ကြတယ် ။ နဲနဲလေးနာတာကို ( အမှန်တော့အတော့ကို နာတာပါ ) တချို့က အော်ကြတာဆူညံပွက်လောကို ညံလို့ ... ကမ္ဘာပျက်မတတ်ပဲ ။ အဲဒီလို ဗိုက်တွေကို အနာခံနိုင်ရည်ရှိတဲ့ ဆေးတစ်မျိုးကို အသားဆေးထိုးပေးလေ့ ရှိပါတယ် ။ အဲဒီမှာဇတ်လမ်းက စတာပါပဲ ။ ထုံးစံအတိုင်း ကျွန်တော် ကလေးမွေးတဲ့စင်မှာ ဗိုက်ကြီးတစ်လုံးနဲ့ အလုပ်ရှုပ်နေပါတယ် ။ အဲဒီအချိန်မှာပဲ အထဲမှာ ကုလားမကြီးတစ်ယောက်က ထအော်ပါလေရော ။ ဟိုသကောင့်သားလေ ကျော်မင်းထက် သိတယ်မဟုတ်လား .. ဂျပု ဒင်းကသူမွေးမယ်ဆိုပြီး ၀င်လာပါရော... ။ ဖြစ်ချင်တော့ လူနကအော်သာ အော်နေတာ .. သားအိမ်ဝက အပြည့်မပွင့်သေးဘူး OS FULL မဟုတ်သေးဘူးပေါ့ ။အဲဒီတော့ သူလည်းမွေးလို့ မရသေးဘူး ။ လူနာအနာသက်သာအောင် အသားဆေးထိုးပေးဖို့ AS ကသူ့ကိုညွှန်ကြားသွားပါတယ် ။ ဒါကိုသကောင့်သားက အဖွဲ့ထဲက ကောင်မလေးတစ် ယောက်ကို အဲဒီဆေးကိုလှမ်းယူခိုင်းပါတယ် ။ ဟိုကောင်မလေးကလည်း ဘုမသိဘမသိနဲ့ နို့ခမ်းဆေးတွေ မှားယူလာပါလေရော ။ အရောင်ချင်းကလည်း ဆင်တူတယ်ဆိုပဲ ။ နို့ခမ်းဆေးကို အသဲရောင်အသားဝါ ဘီပိုးရှိသူတွေ HIV လူနာတွေကို ထိုးပေးလေ့ရှိပါတယ် ။ မွေးပြီးတာနဲ့ Bottle Feeding ပေးလို့ရအောင်ပေါ့ ။ ဟိုကောင်မလေးကလည်း အသေအချာကို ဆေးထိုးအပ်နဲ့ စုပ်ယူလာပေးတယ် ။ ဟိုသကောင့်သားကလည်း ဆေးထိုးအပ်မှာ ကပ်ထားတဲ့ လေဘယ်ကို မကြည့်ပဲထိုးပေးလိုက်တယ် ။ ကံကောင်းလွန်းလို့ ဟိုမိန်းမက အန္တရာယ် မဖြစ်တာ ။ဒါပေမယ့် နို့တော့ သိပ်မထွက်တော့ဘူး ။ ဒါတောင်ဟို သကောင့်သား အမှတ်မရှိဘူး ခပ်တည်တည်နဲ့ ဟိုမိန်းမဆီသွားပြီး နွားမြီးပြုတ်သောက်ပါ ဘာညာနဲ့ သွားဖြီးနေသေးတယ် ။ ဟဟဟ .. ။...အဲဒီလို......။
နောက်တခါရှိသေးတယ် .. ။အင်းစိန်ဆေးရုံမှာ မထမအကြိမ်ဗိုက်ခွဲမွေးဖူးသူတွေ (LSCS ) လုပ်ဖူးသူတွေကို One Scar လို့ခေါ်ပါတယ် ။ အဲဒီ One Scar ကို ရိုးရိုးမွေးလမ်းကြောင်းကနေ မွေးပေးခြင်းကို Scar Trial လုပ်တယ်လို့ခေါ်တယ် ။ အင်းစိန်ဆေးရုံမှာတော့ Scar Trial လုပ်ခြင်းဟာ အန္တရာယ်များလွန်း Risk များလွန်းတဲ့အတွက် LSCS ပဲနောက်တစ်ကြိမ် လုပ်လေ့ရှိပါတယ် ။ ဖြစ်ချင်တော့ .. ညတစ်ည..... ။ အဲဒီညကမိုးကလည်း သည်းမှသည်း.. ။ လူတွေ အကုန်လုံးကလည်း ရှေ့မှာ လေးငါးယောက်လောက်မွေးထားကြတော့ ပင်ပန်းနေကြပြီ ။ မဲခွဲလိုက်တော့ ညဖက်ဗိုက်လာရင် ထကြည့်ရမယ့်သူက ဟို သကောင့်သား ... ။ တိုက်ဆိုင်လွန်းတော့ အဲဒီညက အကြီးပိုင်း ပထမလက်ထောက်ဆရာဝန် ( First Assistant- FA ) က လည်း အသစ်ဖြစ်နေတယ် ။ ည ၂နာရီလောက်ကျတော့ ဗိုက်ကရောက်လာပါရော... ။ သူက One Scar ကြီးနဲ့ ... စမ်းကြည့်လိုက်တော့ တင်ပဆုံဖွား ( Breech Presentation ) ကျိန်းသေကို LSCS လုပ်ရတော့မှာ ။ ဒါပေမယ့် သားအိမ်ဝ OS မပွင့်သေးဘူး ။ ဒါကိုဟိုကောင်က FA ကို Inform လုပ်ရမှာ မလုပ်ပဲ History ယူ Examination လုပ်ပြီး ကလေးမမွေးမီနားသောအခန်း Ante Natal - AN ထဲကိုပို့ထားလိုက်တယ် ။ ဖြစ်ချင်တော့ ဒီမိန်းမက မနက်၅ နာရီကျတော့ ဗိုက်နာလာပါလေရော ။ FA ကို ဒီအချိန်ကျမှ ဟိုကောင်ကထပြီး Inform လုပ်တယ် ။FA ကသွားစမ်းကြည့်လိုက်တော့ One Scar လည်းဖြစ်တယ် ။ Breech လည်းဖြစ်တယ် ။ဘာလို့သူ့ကို Inform မလုပ်လည်းလို့ကောပါလေရော ... ။ ကောတာမှ ချိုချိုသာသာကြီးကို ကောတာ ဟဟဟ........ ။ မနက်မိုးလင်းတော့အဲဒီမိန်းမကို ခွဲခန်းတက်တော့မှာ အိုဂျီကမမကြီး သိတယ်ဟုတ် ။ Consultant - CS ကိုချိုချိုသာသာလေးနဲ့ ပြောပြလိုက်ပါလေရော ။ ခွဲခန်းလည်းပြီးရော .. CS ကကျွန်တော်တို့အဖွဲ့ကို ကောင်းကောင်းကြီးသယ်ပါလေရော... ။ ဟဟဟ .... မုန့်ဟင်းခါးရော...အုန်းနို့ခေါက်ဆွဲရော..အစုံပဲ ဟီးဟီး .... ။
နောက်ကျွန်တော်ကိုယ်တိုင် လွဲခဲ့တာလေးတွေလည်းပြောရအုန်းမယ် ။ အဲဒီညက အင်းစိန်မှာ လေးငါးနှစ်နေမှတစ်ကြိမ်လောက် ဖြစ်ဖူးတဲ့ကိစ္စ ကျွန်တော်နဲ့မှ ဖြစ်သွားခဲ့တယ် ။ မိန်းမတစ်ယောက် ဗိုက်ကြီးနဲ့ တတ်မတတ် ချက်မတတ်ဆနွင်းတွေလူးပြီးရောက်လာပါရော ။ကျွန်တော်သွားကြည့်တော့ သိပ်လည်းမထူးခြားသလိုပဲ အတက်လည်းကြသွားပြီ ပုံမှန်အတိုင်းပေါ့ ရိုးရိုးဗိုက်ဆိုပြီး AN ခန်းထဲ ပို့ထားလိုက်တယ် ။ AS က ညဖက် Ward Round ရော.. အဲဒီမိန်းမကိုစမ်းကြည့်တော့ မေးခိုင်ပိုး ( Tetanus ) ၀င်နေတယ်တဲ့ ။ မေးလည်းခိုင်နေတယ်တဲ့ ။ ခုနကသူ့ကိုစမ်းတာ ဘယ်သူလည်းမေးရော .. ။ ကျန်တဲ့လေးယောက်က ကျွန်တော့ကို ၀ိုင်းပြီးကြည့်ကြပါလေရော.. ။ ကျွန်တော်လည်းကြောင်သွားတယ် ။ AS လည်း အရမ်းစိုးရိမ်ရတဲ့ပုံစံနဲ့ .....
" သက်တန့်ရေ..နင်တော့သွားပြီ မေးခိုင်ကာကွယ်ဆေးမြန်မြန်ထိုးပေတော့ ကျန်တဲ့လူတွေသူနဲ့ ၁၀ ပေအကွာကနေ နေဟေ့ ဒီလူနာကို ရန်ကုန်ဆေးရုံကြီးပို့ ဖို့ အမြန်လုပ် "
လို့ပြောပါရော ..။ကျွန်တော့်ကို ဟို သကောင့်သား လေးယောက်က ရှောင်ဖယ်ရှောင်ဖယ်နဲ့ မကပ်ကြတော့ဘူး ..ဟဟ ။ လူလည်း အပယ်ခံဘ၀ကို ရောက်သွားရော . ။ ဆေးတောင်တစ်လုံးထိုးလိုက်ရသေးတယ် ။ ဒါနဲ့ရန်ကုန်ဆေးရုံကြီးကို ဘယ်သူလိုက်ပို့မလည်းဆိုတော့ .......
" သက်တန့်ရာ မင်းကကူးပြီးသားပဲကွာ မင်းပဲသွားလိုက်ပါကွာ" တဲ့... .....
ကိုယ်လည်းငြင်းလို့ကို မရတော့ဘူး... ။ တော်သေးတာပေါ့ အဖော်တစ်ယောက်လိုက်လာပေးလို့ ။ တညလုံးတမနက်လုံး သကောင့်သားတွေအကုန်လုံး ကျွန်တော့် ကို ရှောင်ဖယ်ရှောင်ဖယ်လုပ်တုန်း ။ နောက်နေ့ကစပြီး ဆေးရုံလည်း ၁ ပါတ်လောက်မွေးလူနာတွေ ပိတ်လိုက်တယ် ။ မေးခိုင်ပိုးသတ်မလို့တဲ့..... ။အဲဒီလို.....။
တစ်ခါတုန်းက ၀မ်းနည်းစရာဖြစ်ရပ်တစ်ခု ပြောပြအုန်းမယ် ။ Medical Ward မှာဆင်းတုန်းကပေါ့ ။ အင်းစိန်ဆေးရုံမှာပဲ ... အဲဒီညက ဂျူတီကျတဲ့ညပေါ့ ။ လူနာတစ်ယောက်က ကုတင်ပေါ်က ပြုတ်ကျလို့ဆိုပြီး ဦးနှောက်ကို ထိသွားတယ် ။အဲဒီတော့ ရန်ကုန်ဆေးရုံကြီးကို ထုံးစံအတိုင်း Refer လုပ်ရတယ်ပေါ့ ။ အင်းစိန်မှာ Refer သွားပို့တဲ့လူနာကို YGH - Yangon General Hospital မှာ အောင်မြင်စွာထားနိုင်ခဲ့ရင် အဲဒီဟောက်ဆာဂျင်က သူရဲကောင်းပဲ ။ ပြန်ခေါ်လာရမယ်အဆင်မပြေဘူးဆိုရင် AS တွေ FA တွေက သိပ်မကြည်ကြတော့ဘူး ။ အမှန်တော့ဟုတ်လည်း ဟုတ်တယ် ။ အင်းစိန်ဆေးရုံဟာ Peripheral Hospital တစ်ခုပါ ။ ဆရာဝန်ကလည်း ၂ ယောက် ၁ ပိုင်း ။ ဦးနှောက် အာရုံကြောကိစ္စတွေကို(ဥပမာ .. ဦးနှောက်သွေးကြောက်ပေါက်ပြီး လေဖြတ် တာ) တို့ကို YGH ကိုပို့ကို ပို့ရပါတယ် ။ YGH ကလည်း လူနာအရမ်းများတော့ သိပ်လက်မခံချင်ဘူး ။ မရရအောင်ပြောမှသာ လက်ခံလေ့ရှိတယ် ။ ဒါကို Refer ပို့ဖူးတဲ့ဟောက်ဆာဂျင်တိုင်းသိတယ် ။ ဒီလိုနဲ့ အဲဒီလူနာကို Refer ပို့ဖို့ အလှည့်ကျသူကတော့ ကျွန်တော်ပေါ့လေ ။ ကိုယ်လည်း မာန်တင်းပြီးသွားရတာပေါ့ ။ သူရဲကောင်းဖြစ်ဖိုပအရေး ။ အမှန်တော့ လူနာကလည်း အသက်က ၇၀ ကျော် သူ့ဟာသူတောင်ဖြုတ်ကနဲကြွေသွားတော့မယ့် လူနာမျိုး။ နွမ်းပါးပုံလည်းပေါ်ပါတယ် ။ သူ့သားကလည်း အရမ်းကိုစိုးရိမ်နေတဲ့ ပုံပါ ။ ကျွန်တော်ရယ် လူနာအဖိုးကြီးရယ် သူ့သားရယ် ကားဆရာရယ် ၄ ယောက် YGH ကို ည ၃နာရီကြီးချီတက်သွားတာပေါ့ ။ ဟိုလည်းရောက်ရော အရေးပေါ် ပြင်ပလူနာဌာနမှာ သက်ဆိုင်ရာ AS နဲ့ သွားတွေ့ပြီး အကျိုးအကြောင်းပြောပြပါတယ် ။ အဲဒီမှာ ဟို AS ကရစ်ပါလေရော ။ သူတို့ဒီလူနာကို မယူရစေရေးပေါ့ ။
ဘာ Indication ( ဒီဆေးရုံကိုလွှဲရ လောက်အောင်အကြောင်းပြချက် ) ရှိလည်းတဲ့ ။
ကျွန်တော်လည်း အတော်ဖုသွားတယ် ။ အင်းစိန်ဆေးရုံက ဒီလိုCase မျိုးလွှဲနေကျဆိုတာ သူတို့ သိပြီးသား ဒါကို သက်သက်ရစ်တာ ။ ဒါနဲ့ ကျွန်တော်လည်း ..............
" အစ်ကိုက AS လုပ်ပြီးဒီIndication ကိုတောင် မသိဘူးလား Neuro Case ကိုအင်းစိန်မှာကုတာ အစ်ကိုကြားဖူးလား "
ဆိုပြီး ဘုပြောလိုက်တယ် ။ ဟို AS လည်း ရှူးရှုးရှဲရှဲနဲ့ စကားအခြေအတင်ပြော ကြပါလေရော ။ အဲဒီအချိန်မှာ တစ်ချိန်လုံးငြိမ်နေတဲ့ လူနာရဲ့သားက
" တော်ပါတော့ ဆရာတို့ရယ် ကျွန်တော့်အဖေကို ကျွန်တော်ပဲပြန်ခေါ်သွားပါတော့မယ် " ကျွန်တော့်ဖက်လှည့်ပြီး " ဆရာလေးကို အရမ်းပဲကျေးဇူးတင်ပါတယ် " ဟို AS ဖက်လှည့်ပြီး “ ခင်ဗျားတို့ဆေးရုံ တစ်သက်လုံးမလာဘူး အိုဗျာ....ကျုပ်သေရင်တောင်အိမ်မှာပဲ သေမယ်... တောက်..”
ဆိုပြီး သူ့အဖေကို Taxi ငှားပြီး ပြန်ခေါ်သွားပါလေရော... ကျွန်တော်လည်း အတော့ကို စိတ်မကောင်းဖြစ်မိသွားတယ် ။ ကဲ... ကျွန်တော်ပဲမှာသလား လူနာအဖိုးကြီးရဲ့သားပဲမှားသလား .. ဟို AS ပဲမှားသလား သူငယ်ချင်းတို့ပဲဖြေပေးသွားကြပါအုန်း ။ ကျွန်တော့်တစ်သက်လုံး စိတ်မကောင်းစရာ ဖြစ်ရပ်တစ်ခုပါ ။ လောကကြီးမှာ မဖြစ်သင့်တာ တွေ ဖြစ်နေခဲ့တာ ။အဲဒါတွေနဲ့ပဲ သမားရိုးကျ ဖြစ်နေပြီထင်ပါရဲ့........။
ဆက်လက်ရေးသားပါဦးမည် ။
စာရေးသူ.....သက်တန့်ချို......( ၁၀း၄၅ ည ၁၇.၉.၀၉ )

အမှတ်တရလေးများကိုဖတ်သွားပါတယ်ဗျ...
ReplyDeleteဒီမေးခွန်းကို ဖြေရရင်တော့ လူနာရဲ့သား အမှားဘူး As နဲ့ သက်တန့်ချို နှစ်ယောက်စလုံး မှားတယ်လို့ ထင်တယ်။ လူနာကို Communication မလုပ်ဘူး။ အချင်းချင်း Communication လုပ်တဲ့နေရာမှာလည်း ပညာရှင်ဆန်ဆန် အကျိုးသင့်အကြောင်းသင့် မရှိဘူး။ လူနာတယောက်ကို သားရဲ့ဆန္ဒနဲ့ မိမိတို့ဘက်က ဘာ Discharge Plan မှ မရှိပဲနဲ့ အိမ်ပြန်ခွင့် ပြုလိုက်လို့ ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ ဆိုးကျိုးဟာ Health Care Team တခုလုံးမှာ တာဝန်ရှိပါတယ်။ ဒိလို ပေးဆင်းပိုင်ခွင့် မရှိပါဘူး။ လူနာကိုယ်တိုင် က အသိတရား ရှိနေလို့ Refuse လုပ်ရင်တော့ အကြောင်းမဟုတ်ပါဘူး။ ဒါတောင်မှ လက်မှတ်တွေ ဘာတွေ ပေးထိုးပြီးမှ ဆင်းလို့ရတာ ဖြစ်တယ်။ ဆရာဝန်နှစ်ယောက်က ဒီအတိုင်းပဲ ဘာမှ ၀င်ပြီး ဖြန်ဖြေတာ မလုပ်ပဲနဲ့ လွတ်လိုက်တာဟာ Competency လုံးဝ မရှိလို့ နှစ်ယောက်စလုံးမှားပါတယ်။.
ReplyDeleteကိုသက်တန့် ရေ..
ReplyDeleteအတွေ့အကြုံလေးတွေ ကို ဝေမျှလို့ ကျေးဇူးပါ။ ကျနော် က ဆရာဝန် တစ်ယောက်မဟုတ်လို့ အထွေ အထူးတော့ မပြောတတ်ဘူး။ ဒါပေမယ့် အသွားအလာ ကို ဖတ်ပြီးတော့ Health Care အတွက် တစ်ခုခု လိုနေ သလို ခံစားရတယ်။
ခင်မင်စွာဖြင့်
အကြံတစ်ခုပေးပါရစေ။
ReplyDeleteကျွန်တော်နှင့်ဟောက်ဆာဂျင်ဘဝ(အပိုင်း ၃)လို့ ခေါင်းစဉ်တပ်ထားလို့ ဒီပို့ စ်ရဲ့အောက်မှာ အပိုင်း ၁ နဲ့ အပိုင်း ၂ ရဲ့လင့်လေးတွေထည့်ထားရင် ပိုကောင်းမလားလို့ ပါ။
ကိုသက်တန့် ရေ..
ReplyDeleteအတွေ့အကြုံလေးတွေ ကို ဝေမျှလို့ ကျေးဇူးပါရှင်။
ဆေးပညာအကြောင်းဘာမှမသိ၍ (ပြောချင်ပါသော်လည်း)ဘာမှပြော၍မရပါ။
This comment has been removed by the author.
ReplyDeleteဟုတ်တယ်ခင်ဗျ...လက်မှတ်တွေဘာတွေထိုးပြီး ပေးဆင်းရတာပေါ့ဗျာ..ဒီတိုင်းကြီးတော့ဘယ်ဟုတ်မ
ReplyDeleteလည်း ထည့်မရေးထားတာပါ..လူနာတွေက လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်ရှိတယ်ဗျ....Patient is always right တဲ့ သူတို့က ကိုယ်ကုသမယ့်ဆရာဝန်ကိုတောင်ရွေးချယ်ပိုင်ခွင
့်ရှိပါတယ် နောက်ဆက်တွဲဆိုးကျိုးလား...ဘယ်လိုမှကို ဖြောင့်ဖျလို့မရတာပါ...အိမ်ပြန်ခေါ်သွားရင်သေမယ်
မှန်းသိတာတောင်ပြန်ခေါ်သွားခဲ့တာပါ...ကျွန်တော်
ကလူနာဘက်ကနာပြီးတော့ ဟို AS ကိုအတိုက်အခံပြောခဲ့ယုံပါ...ဒီတိုင်းပေးဆင်းလိုက
်တယ်လို့ထင်သွားတဲ့အတွက်စိတ်မကောင်းပါဘူး ကျွန်တော်စာရေးတာလိုသွား ..ကျန်သွားတဲ့အတွက်
ပါ....(discharge signature ) မထိုးလို့မရပါဘူး...တောင်းပန်ပါတယ်....
.စာရေးညံ့တာလိုသွားတဲ့အတွက်......ဟုတ်ကဲ့တကယ့်
လက်ရှိနေရာမှာ communication မှာ ပညာရှင်ဆန်လို့
မရပါဘူး...နှလုံးသားတွေနဲ့ရင်းပြီးဆက်ဆံရတာ..ဒါကို
ဆရာဝန်တွေအသိဆုံးပါ..အမှန်တရားဆိုတာဒီလိုမျိုး
တွေလည်းဖြစ်တတ်ပါလားလို့ ချပြယုံလေးသက်သက်ပါ။
This comment has been removed by the author.
ReplyDeleteဟောက်ဆာဂျင်ဘဝလေးဖတ်သွားတယ် ကိုသက်တန့် ရေ .... ethical issues ပြဿနာ တွေ ဖြေရှင်းရတော့ အခက်သားနော် :)
ReplyDeleteခင်တဲ့
ရန်ကုန်သား
ဟောက်ဆာဂျင်ဘဝလေးကို ဖတ်သွားတယ်။ ဒါမျိုးက မပြောတတ်ပေမယ့် ပြောကြည့်မယ်။ ကိုယ်တွေနေ့စဉ်လူမှုဘဝမှာလည်း တွေ့နေရသလိုပဲ။ အလုပ်ရှင်က လိုတာလား။ အလုပ်သမားကြောင့်လား။ အစိုးရက ချွတ်ယွင်းချက်ကြောင့်လား။ ငွေလား ။ အချိန်လား။ health care team မှ မဟုတ်ဘူးနော်။ ကြုံနေရတာက တခြား team တွေမှာလည်း ရှိတယ်။ ဘယ်သူမှ လိုက်မမီတဲ့ အမှန်တရားပေါ့။
ReplyDeleteသက်တန့်ချိုရေ စာဖတ်ပရိတ်သတ် တယောက်အနေနဲ့ ဖြေပေးပါ ဆိုလို့ နားလည်သလို ဖြေပေးတာပါ။ ကျွန်မ မှတ်ချက်နဲ့ ပတ်သက်ပြီး စိတ်မသက်သာ ဖြစ်သွားတယ် ထင်လို့ အပြုသဘောသက်သက်နဲ့ ပြန်ဆွေးနွေးပါရစေ။ မှားရင်လည်း တောင်းပန်ပါတယ်။
ReplyDelete"ဟုတ်ကဲ့တကယ့်
လက်ရှိနေရာမှာ communication မှာ ပညာရှင်ဆန်လို့
မရပါဘူး...နှလုံးသားတွေနဲ့ ရင်းပြီးဆက်ဆံရတာ..ဒါကို
ဆရာဝန်တွေအသိဆုံးပါ" ဆိုတဲ့စကားမှာ ဆရာဝန်တယောက်ရဲ့ ပညာမာနကို ထင်ထင်ရှားရှားတွေ့ရပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ပြန်ဆွေးနွေးရရင်တော့ ဆရာဝန်ဆိုတာ တခြား Health Care Professional တွေထက် နှစ်တွေ ပိုကြာပြီး လေ့လာထားတဲ့သူတွေ ဖြစ်လို့ အမြင့်မားဆုံး ပညာရှင်တွေ ဖြစ်တယ်ဆိုတာ နိုင်ငံတိုင်းမှာ လက်ခံပြီးသား ဖြစ်ပါတယ်။ အဲဒီလို မြင့်မားတဲ့ ပညာနဲ့အတူ Critical thinking မှာလည်း တခြား Health Care Professional တွေနဲ့ နှိုင်းယှဉ်ရင် စံပြဖြစ်နေရမှာဖြစ်ပြီး Communication မှာလည်း ပညာရှင် မဆန်လို့ကို မရပါဘူး။ အခုဖြစ်တဲ့ ပြဿနာမှာ အဲသည်လို ပညာရှင်မဆန်ခဲ့ပဲ လူနာနဲ့ လူနာရဲ့ Family ရှေ့မှာ အမြင့်မားဆုံး ပညာရှင်နှစ်ယောက်က အချေအတင် သွားဖြစ်ပြလို့ ဖြစ်လာတဲ့ နောက်ဆက်တွဲလို့ ပြောရင် သက်တန့်ချို ငြင်းလို့ရမယ် မထင်ဘူး။ နောက်တချက်က Health Care team တခုမှာ ဆရာဝန်နှစ်ယောက်တည်းက လူနာရဲ့ Discharge Plan ကို ဆုံးဖြတ်လို့မရသလို Health Care Competency အရ Communication ဟာလည်း အရေးကြီးဆုံး ဖြစ်ပါတယ်။ Communication ကို လက်လျူရှုလိုက်တာနဲ့ မလိုလားအပ်တဲ့ ဆိုးကျိုးတွေဖြစ်လာခဲ့တာ Reserarch တွေက ထောက်ပြထားတာ အများကြီး ရှိပါတယ်။ လူနာနဲ့ လူနာမိသားစုက သိပ်ပြီး Restless ဖြစ်လာရင် သူတို့ကို Social and emotional Support အတွက်ပါ တာဝန်ယူဖို့ Health Care Professionals တွေမှာ တာဝန်ရှိပါတယ်။ တခြား Team member တယောက်ယောက်နဲ့ သူတို့ရဲ့ ပေးတွေ့ထားပြီး Social emotional support နဲ့ ထိန်းထားပေးပြီး လူနာရဲ့ Safety တခုတည်းကို ပထမဦးစားပေး အဖြစ်သဘောထားကာ ဆရာဝန်နှစ်ယောက် အကျေအလည် ဆွေးနွေးရင် အဲသည်လို မဖြစ်လာနိုင်ဘူးလို့ ကျွန်မထင်တယ်။ အခုဖြစ်သွားတာ လူနာနဲ့ မိသားစုမှာ အဲသလို support မျိုးမရတဲ့အပြင် အမြင့်မားဆုံး ပညာရှင်နှစ်ယောက မိမိတို့ရဲ့ ပညာရှင်မဆန်တဲ့ Emotion ကို လူနာရှေ့မှာ ပြကြတော့ လူနာနဲ့ လူနာမိသားစုကို စိတ်ဖိစီးမှု Stress အကြီးအကျယ် သွားဖြစ်စေပါတယ်။ ကုသမှုကို Refuse လုပ်ပိုင်ခွင့် လူနာမှာ ရှိတယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့် အခုကိစ္စမှာ မိမိတာဝန်မကင်းလို့ ပုံမှန်ဆင်ခြင်တုံတရားနဲ့ မဟုတ်ပဲ စိတ်ဖိစီးပြီး ဆုံးဖြတ်တာ ဖြစ်တဲ့အတွက် မိမိမှာ တာဝန်ရှိပါတယ်။ Refuse လုပ်တာတောင်မှ လူနာရှင်ရဲ့ ဆုံးဖြတ်ချက်နဲ့ လုပ်လို့မရပါဘူး။ Health Care Team တခုမှာ ဘယ်သူက ဘာလုပ်ရတယ်ဆိုတဲ့ တာဝန်ပဲ ကွာပြီးဘယ်သူ ဘယ်အခန်းကဏ္ဍမှာ တာဝန်ရှိတယ်ဆိုတာ အဖွဲ့တဖွဲ့လုံး ( Nurses, Social workers, physiotherapists, occupatioinal therapists, Speech patholpogists, psychologist စတဲ့) မှာပါတဲ့ပသူတွေ အကုန်သိရပါတယ်။ ဆရာဝန်တွေသာ အသိဆုံးမို့ ဆရာဝန်တွေ ကြိုက်သလို ဆုံးဖြတ်လို့ မရပါဘူး ဥပမာ Communication မှာ ဆရာဝန်ဟာ Social Worker လောက်မကျွမ်းကျင်ပါဘူး ကိုယ်မနိုင်ရင် Social Worker နဲ့ လွဲပေးရပါတယ်။ Health Care coad of ethnic တွေ coad of conduct တွေနဲ့ Evidence Base Practice ဘောင်ထဲက အတိုင်း ဆွေးနွေးတာ ဖြစ်တယ်။ အခုဖြစ်သွားတဲ့ ပြဿနာမှာ မြန်မာပြည်က လူနာကို Biomedical health, psycho-social Health တွေအတွက် လုံလောက်တဲ့ အထောက်အပံ့မပေးနိုင်လို့ ဒီလိုပေးဆင်းလို့ ရတယ်ဆိုတာ ကျွန်မသဘောပေါက်ပါတယ်။ ဒါပေမယ့် Code of ethnic, Coad of conduct, တွေ Competency တွေကို အလေးထားရင် မိမိ (Health Care Team) မှာ တာဝန်လုံးဝရှိ ရှိပါတယ်။ အတွေ့အကြုံလေး မျှဝေလိုတဲ့ စေတနာနဲ့ ရေးတဲ့ပို့စ်မှာ မဆီမဆိုင် မလိုလားအပ်တဲ့ မှတ်ချက်တွေ လာရေးတယ်လို့ ထင်ရင်လည်း သက်တန့်ချိုကို ကျွန်မ တောင်းပန်ပါတယ်။ ဒီလို ကိစ္စမျိုးကို Health Care Professional ဖြစ်ဖို့ ကျောင်းတက်နေတဲ့ တက္ကသိုလ် ကျောင်းသားတွေ online discussion တွေမှာ နေ့တဓူဝ ဆွေးနွေးရာမှာ ပါနေတဲ့ အကြောင်းအရာမို့ ကျွန်မက အခွင့်အခါ ကြုံလို့ ပြီးတော့ ဆွေးနွေးသင့်တယ်ထင်လို့ မျှဝေတာ ဖြစ်ပါတယ်။ မကြိုက်ရင် နောက် ဆွေးနွေးတော့မှာ မဟုတ်ပါဘူး။ ကျွန်မ စေတနာကို နားလည်လိမ့်မယ်လို့ ထင်ပါတယ်။
သိတော့ပါဘူးဂျာ....လာပြီးတော့ဆွေးနွေးပေးပါအုန်း..(ဆိုတဲ့စကားမှာ ဆရာဝန်တယောက်ရဲ့ ပညာမာနကို ထင်ထင်ရှားရှားတွေ့ရပါတယ်)..ထင်လို့ပါ ညလေးရယ်..နာ့မှာဘာမာနမှမရှိပါဘူး..အရင်ထဲကမာနတွေသိက္ခာတွေ ဂုဏ်တွေကို ရွံ့လွန်းလို့လေ..စွန့်ထားတာကြာ
ReplyDeleteပြီ..ဟီးဟီး..လာပြီးဆွေးနွေးတာသိုင်းကျူးငယ်နိုင်လေးရေ..........ဟိဟိ(အမှန်တော့ ငယ်နိုင်ရဲ့စကားတွေထဲမှာလေးနက်
မှုတွေအများကြီးတွေ့ရတယ်ဟ..တကယ်...)
သြော်... ဒီလိုအဖြစ်မျိုးတွေရှိသကိုး...
ReplyDeleteသိသွားပြီ... :)
ဘယ်သူမှားတယ် မှန်တယ်ဆိုတာထက်... အဲဒီလို လူနာတွေ အများကြီး လက်ခံနိုင်တဲ့ ဆရာဝန် လုံလောက်တဲ့ ဆေးဝါးပြည့်စုံတဲ့ နိုင်ငံပိုင် ပြည်သူ့ဆေးရုံကြီးတွေ ရှိနေရင် ပိုများ ကောင်းမလားပဲဗျာ။
ReplyDeleteဒီပို့ စ်ကို ဖတ်ရတော့ မအယ် အလုပ်သင်ဆင်းခဲ့တုန်းက အဖြစ်အပျက်တွေကို တကယ်ပဲ သတိရစေပါတယ်။
ReplyDeleteဒီလို လူနာတွေကို neuro ပို့ တာတို့  ercp အတွက် ပို့ ရတာတို့ ဓါတ်ရောင်ခြည်ဌာန လိုက်ပို့ ရတာတို့  တကယ်ပဲ စိတ်မော လူမော ခဲ့ရတာပါပဲ။
ဂျူတီထွက်မဲ့ အလုပ်သင်က တညလုံး ပင်ပန်းခဲ့ရတဲ့ထဲ မနက်ကျတော့ ဂျုတီမထွက်ပဲ ဆေးရုံကားနဲ့ လူနာမျိုးစုံ ဆေးရုံပေါင်းစုံကို အိပဲ့အိပဲ့ လိုက်ပို့ ရတယ်။
အမှန်တော့ လက်ထောက်ဆရာဝန် လိုက်ပို့ ရတာလို့ အဲ့တုန်းက သိခဲ့ဘူးပါတယ်။
မအယ်တို့ တုန်းကတော့ လူနာတွေ လွှဲတော့မယ်ဆို သက်ဆိုင်ရာ ဆေးရုံ ၂ခုက တာဝန်ရှိ ဆရာဝန်၂ ယောက် ပုံမှန်မှာတော့ ကြိုပြီး ဖုန်းနဲ့ ပြောလေ့ရှိပါတယ်။
ဖုန်းဆက်ခဲ့တာ တယောက် လိုက်ပို့ တာတယောက် ဟိုဘက်ကလည်း ဒီလိုပါပဲ။
ဘာတွေပဲ ကြိုလုပ်လုပ် သက်တန့် ချို ကြုံသလိုပဲ အစဉ်ပြေလေ့မရှိတတ်ပါဘူး။
ဆေးရုံကြီးမှာဆို အလုပ်သမားကစ ကိုယ့်ကို စဟောက်လိုက်တာ ဆရာဝန်ချင်းချင်းလည်း အော်ဟောက်ကြတာပါပဲ။
နောက်ပိုင်းတော့ ကိုယ့်ဆေးရုံကားဒရိုင်ဘာကို လက်ဘက်ရည်ဖိုး ကိုယ်က ပေး ဟိုဆေးရုံက အလုပ်သမားတွေကိုလည်း ကိုယ်ကပေး ဒါဆို နည်းနည်း အစဉ်ပြေတယ်။
တာဝန်ကျ ဆရာဝန်က ဆရာဝန်ချင်း ပြောလို့ အစဉ်မပြေတတ်ပေမဲ့ လူနာတွန်းတဲ့ အလုပ်သမားက ကြားပွဲစားဝင်လိုက်ရင် လေသံပြောင်းသွားရော အံ့သြစရာတွေပါပဲ။
သက်တန့် ချို ကိစ္စမှာတော့ လူနာက သနားစရာပါ။
သူ့ ကိုဆေးကုမဲ့ ဆရာဝန်တွေ သူရှေ့ မှာ ခွန်းကြီးခွန်းငယ်ဖြစ်နေတော့ တော်တော် အားငယ်မယ်။
မအယ်တို့ တိုင်းပြည်မှာက ဘယ်အကြောင်းကိစ္စမှာမဆို နည်းစနစ်ကျမှု့ မရှိတဲ့ ခါ လူတွေကလည်း အဓိပ္ပါယ်မရှိတဲ့ ကိစ္စတွေနဲ့ အချိန်ကုန် လူပန်းကြရတယ်။
လူမှု့ ဘ၀ လုံခြုံမှု့ မရှိတဲ့ စနစ်က အဓိက တရားခံပါပဲ။
ဆက်ရေးပါ။
မအယ်
ဒါကသုံးယောက်လုံးမမှားပါဘူး.. ကိုဂျူလိုင်ဒရင်းပြောသလိုပဲ ဆေးရုံမလုံလောက်မှုလို့ထင်တာပဲ..
ReplyDeleteဒါနဲ့ ဆေးပညာအကြောင်းပြောရင် ပညာရပ်ဆိုင်ရာဝေါဟာရမဟုတ်တဲ့ဟာတွေကို မြန်မာလိုသုံးလို့မရဘူးလားဟင်.. အပေါ်ကမငယ်နိုင်ရဲ့ မှတ်ချက်မှာ မြန်မာလိုပြောလို့ရတဲ့ စာလုံးတစ်ပုံကြီးကို အင်္ဂလိပ်လို့ဖတ်လိုက်ရလို့ ခေါင်းတောင်မူးချင်ချင်ဖြစ်သွားတယ်
သက်တန့်ချိုရဲ့ လူနာအပေါ်ထားတဲ့ စေတနာကိုတော့ လေးစားသွားပါတယ်။
ReplyDeleteမအယ်ပြောသွားသလိုပဲ ထင်မိပါတယ်
မအယ်တို့ တိုင်းပြည်မှာက ဘယ်အကြောင်းကိစ္စမှာမဆို နည်းစနစ်ကျမှု့ မရှိတဲ့ ခါ လူတွေကလည်း အဓိပ္ပါယ်မရှိတဲ့ ကိစ္စတွေနဲ့ အချိန်ကုန် လူပန်းကြရတယ်။
လူမှု့ ဘ၀ လုံခြုံမှု့ မရှိတဲ့ စနစ်က အဓိက တရားခံပါပဲ။
အားလုံးဖတ်သွားပါတယ်
ReplyDeleteဒီမှာပဲ မန့်ဖြစ်ခဲ့တယ်
ဖြစ်တက်ပါတယ်
ကိုယ်တိုင်လည်း ကြုံခဲ့ဖူးတယ်
ဒီလိုပါပဲ
မင်းအိမ်ဖြူ
ကိုသက်တန့်ချို မမှားပါဘူး။
ReplyDeleteစေတနာထားပြီး ညကြီးအချိန်မတော် လူနာနဲ့ လိုက်လာတယ်။ ပြောဆိုပေးတယ်။ ဒါကို ရစ်တော့ မကျေနပ်ဘဲ ပြန်မေးခွန်းထုတ်မိတယ် ဆိုတာ ဖြစ်တတ်ပါတယ်။ ကျွန်တော်တို့ဆိုလဲ ဖြစ်မိနိုင်ပါတယ်။
ဦးနှောက်ထိခိုက်သွားတဲ့ အရေးကြီးတဲ့ လူနာကို ဆေးရုံမှာ ကုသခံစေချင်တဲ့ စေတနာကို လူနာမိသားစုကိုယ်စား ကျေးဇူးတင်ပါတယ်။
လူနာ့သားလဲ မှားတယ် ပြောရခက်တယ်။ လူနာနဲ့ လူနာရှင် ရှေ့ထားပြီး AS က ဒီလို အားမနာတမ်း ပြောဆိုနေတာ သူ စိတ်ဆိုးမိတယ်ဆိုတာ စာနာပါတယ်။ ဒါပေမယ့်ဗျာ။ မြန်မာပြည်က မြန်မာပြည်ဖြစ်နေတော့ အဖေ့အသက် ငဲ့ပြီး သည်းသာခံလိုက် မိတ်ဆွေရာလို့ ပြောမိမှာပဲ။ သူ လက်မခံရင် ကူိုယ့်အဖေ သေရမှာဗျာ။ လူနာ့သား မမှားဘူး။ နားလည်တယ်။ ဒါပေမယ့် ...
သနားတယ် ဗမာပြည်က လူနာတွေကို
ReplyDeleteကျနော့် အဖေ သာဖြစ်နေရင် ဒုက္ခဘဲ
ဒီအပိုင်း ၃ ကို ဖတ်ရတာ
ReplyDeleteခေါင်းတောင် မူးသွားတယ် ..
စာတွေ အရမ်းကျပ်နေတယ် ..
ရေးကောင်းကောင်းနဲ့ ရေးရင်း
အပိုဒ် ခွဲဖို့ မေ့နေတယ် နဲ့ တူတယ် ..
နောက် တစ်ခါ
အဲ့လို ဆေး မမှားမိစေဖို့
သက်တန့် သူငယ်ချင်းကို
ပြောချင်ပါတယ် ..
တခြား တစ်ခုခု ဆေး သာဆို
လူနာ အသက်ထွက်သွားနိုင်တယ် နော် ...
ဖလားးးဖလားးးး
နောက်တစ်ခုက
အောက်ဆုံးက ဖြစ်သွားတဲ့
အဖြစ်အပျက်လေးမှာ
သက်တန့်နဲ့ AS မှားတယ် လို့ မြင်မိတယ် ..
ဘယ်လို အခြေအနေမှာပဲ
ဖြစ်ဖြစ် ဆရာဝန် တစ်ယောက် အနေနဲ့
ကိုယ့်ရဲ့ လူနာ အတွက်
အများကြီး စာနာကြည့်ရှု့သင့်ပါတယ် ..
ကျန်တာ ဖေးချိတ်ထားလေ ..
ဆရာ လုပ် တာ မဟုတ်ပါဘူးးးး ....
အကြံပေးရုံ သက်သက်ပါ ...
ဆက်ဖတ်မယ် ..
အပိုင်း ၄ ..
Hi Ko TTC,
ReplyDeleteTo me, there are not the funny incidents. Encounter so many "Lack" in our motherland suffering due to selfishness of Military Government.
I in truth, pity everyone including staffs (workers, nurses and doctors, etc) and of course poor patients attending in every government hospital around Myanmar.
Anyway, appreciate ur contribution to our homeland full with plights.
ွှThanks for ur comment ,anonymous . I also think as u say .A day we want will come to us ....
ReplyDeleteKTTC ရဲ့အတွေ့ အကြုံတွေကို ဖလှယ်ပေးတာကျေးဇူးပါ။
ReplyDeleteစိတ်မကောင်းတာတွေလဲဖြစ်မိတယ်။
a ko ma mhar par buu... AS mhar tal... bae lo a chay a nay myo mhar pal phyit phyit thu ga doctor sate dat a pyae a wa shi thint tal lu nar ko lat ma khan chin tae sate myo bar a kyaung pya chat nat mha ma shi buu.....
ReplyDeletelu nar shin ga sate soe thwar tae a twat AS mhar po a phyit kyi tal...a chay a nay ga AS gyout po soe thwar tal lo myin mi par tal
ခေါင်းလည်ထွက်သွားတာဘဲ!
ReplyDeleteကိုသက်တံ့ရေ ...ကိုသက်တံ့ရေးတာတွေဖတ်ရတာ ကိုယ်တောင် house surgeon ဘ၀ကိုရောက်သွားသလိုပဲ..အရမ်းကောင်းပါတယ်ညီမက ဆေး ၁ ကအောင်တော့ medicine နဲ့ surgery ကို YGH မှာ house ဆင်းရပါတယ်...အရေးပေါ် ပြင်ပလူနာဌာနမှာ duty ကျတဲ့နေ့ဆို တော်တော်ပင်ပန်းပါတယ်...ဆေးကုသဆောင်လူနာစောင့် ကြည့်ခန်း (medical observation )မှာတင် တနေ့ လူနာ ၁၀၀ ကျော် ရှိပါတယ်..angina,infarct,stroke,asthma,DKA,snake bite...အစုံပါပဲ..အကုန်လုံးနီးပါး ပြင်းထန်အခြေအနေ( severe case) တွေပါပဲ...အရေးပေါ် ပြင်ပလူနာဌာနမှာ ဆိုရင်တော့ တစ်နေ့ကို လူနာ 300 လောက်ရှိပါတယ်...duty ကျတဲ့နေ့ဆို တော်တော်ပင်ပန်းပါတယ်...၂၄ နာရီ duty ပါ...ဘယ်နိုင်ငံမှာမှ လူတစ်ယောက်ကို ၂၄ နာရီ အလုပ်မလုပ်ခိုင်းပါဘူး..ဆရာဝန်တွေက သွေးသားနဲ့ တည်ဆောက်ထားတဲ့ လူတွေပါ..စက်ရုပ်တွေမဟုတ်ပါဘူး...အရေးပေါ် ပြင်ပလူနာဌာနမှာ၂၄ နာရီ dutyဆင်းရတဲ့နေ့ တွေဆို စိတ်နဲ့လူနဲ့မကပ်ပဲ ကြောင်တောင်တောင် တောင်ဖြစ်ပါတယ်..အလုပ်မှာ အမှားအယွင်းမရှိအောင် တော်တော် ဂရုစိုက်ရပါတယ်.. "YGH ကလည်း လူနာအရမ်းများတော့ သိပ်လက်မခံချင်ဘူး ။ မရရအောင်ပြောမှသာ လက်ခံလေ့ရှိတယ် ။ဟိုလည်းရောက်ရော အရေးပေါ် ပြင်ပလူနာဌာနမှာ သက်ဆိုင်ရာ AS နဲ့ သွားတွေ့ပြီး အကျိုးအကြောင်းပြောပြပါတယ် ။ အဲဒီမှာ ဟို AS ကရစ်ပါလေရော ။ သူတို့ဒီလူနာကို မယူရစေရေးပေါ့ " YGH က AS တွေလဲ တော်တော်များများသဘောကောင်းကြပါတယ်..ကိုသက်တံ့ပြောတဲ့ အခြေအနေမှာ အဲဒီ ASလည်းအရမ်းပင်ပန်းပြီး burn out ဖြစ်နေတဲ့ အချိန်လည်းဖြစ်နိုင်ပါတယ်..တကယ်တော့ စနစ်မှာပြုပြင်ရမယ့် အပိုင်းတွေအများကြီးရှိနေပါတယ်..အခုလည်း house ပြီးကတည်းက posting မခေါ်တာ ၃နှစ်နီးပါးရှိနေပါပြီ။ အခုမှခေါ်တယ်..ခေါ်တာတောင် ၄ ကျောင်းပေါင်း ၅၀၀ တဲ့...တကယ်တော့ ခုလို ရန်ကုန်မှာရော နယ်တွေမှာရော ဆေးရုံတွေ တိုးချဲ့နေတဲ့အချိန်မှာ ဆမ ရပြီးသားဆရာဝန်တွေ များများခေါ်ဖို့လိုပ်တယ်...ဆရာဝန်တွေခဗျာ လူတစ်ယောက်တည်းကို ၅ ယောက်စာလောက်လုပ်နေရတယ်...စနစ်သာကောင်းရင် ခုလိုပြသနာတွေ ပြေလည်သွားမှာ...
ReplyDeleteကိုသက်တန့် ချိုရေ
ReplyDeleteအင်းစိန်ဆေးရုံမှာ ဆရာဝန်တင်မဟုတ် ၊ သူနာပြုဆရာမတွေလည်း ၂ ယောက်နဲ့ ၁ပိုင်းဆိုတာပါ
ထည့်ပြောဦးလေ ၊ အင်းစိန်ဆေးရုံကို ၃ ခေါက် ရောက်ဘူးတယ် ။ ဆရာဝန်ကို မနက်ပိုင်း round လှည့်တဲ့အချိန်ကလွဲလို့  မမြင်ရဘူး ။ အာယားမတွေကတော့ တလွှားလွှားပဲ ။
ဆရာဝန် တစ်ယောက် ရဲ့ အတွင်းစိတ် အမှန် ရှိနေမယ် ဆို ရင် အဲလို ဖြစ်လာလိမ့်မယ် မထင်ဘူး...ဆရာဝန် ဆို တာ လူနာကို ကယ်ဖို့ ဆိုသလို မသေခင် အသက်သာ ဆုံး အားအကိုးခံရဆုံး လူအဖြစ် ရပ်တည်နေချင်သူတွေ ဖြစ်တာဆို တာ မိမိ ကိုယ်တိုင်ကလွဲလို့ ဘယ်သူသိမှာလဲ... မဆိုင်မာနတွေ ကြောင့် မပြောသင့်တာပြောမိပြီးမဖြစ်သင့်တာတွေ ဖြစ်တာထင်တာပဲ...အင်ဂျင်နီယာတစ်ယောက် မှာ safety factor အရေးကြီးသလို သင်္ဘောံတစ်စီး မြုပ်မယ်ဆိုရင် ကပ္ပတိန်က နောက်ဆုံးမှ ခွာရတာပါ...ဆရာဝန် တစ်ယောက်မှာ လည်း လူနာ အတွက် အကောင်းဆုံးပေးဆပ်ခြင်း ဆေး နဲ့ မရရင် တောင် စိတ်ခွန်အား ပေးနိုင်မယ့်သူတွေ လို့ ပဲထင်ပါတယ်..
ReplyDeleteအဒေါ်ဆရာဝန် မ ကတော့ ကင်ဆာဖြစ်နေတာတောင် သူအသက်ရှင်နေလို့ ရနေသလောက် လုပ်လို့ ရနေသလောက် သူလုပ်မရချိန်မှာတောင် ပါးစပ်နဲ့ ပြောပြီး ဆေးကုသွားတာပါ...
ကောင်းပါတယ်
ReplyDelete