Thursday, September 3, 2009

ဖောက်ထွင်းမြင်ရသော သတ္တ၀ါ ၁၀ မျိုး

ဖောက်ထွင်းမြင်ရသော သတ္တ၀ါ ၁၀ မျိုး


၁ ။ ဖောက်ထွင်းမြင်နိုင်သော ဖား ( Transparent Frog )



ဒီကုန်းနေ ရေနေသတ္တ၀ါ ဖြစ်တဲ့ ဖောက်ထွင်းမြင်နိုင်တဲ့ ဖားဟာ Venezuela နိုင်ငံမှာ တည်ရှိပြီး Centrolenidae ( Anura )အုပ်စုဝင် ဖြစ်ပါတယ် ။ သူ့ရဲ့ သဘာဝ ကြည်လင်နေတဲ့နောက်ခံ အရောင်ဟာ အစိမ်းရောင် ဖြစ်ပါတယ်။ ဒီမျိုးစိတ်တွေရဲ့ အချို့သော အုပ်စုဝင်ဖားတွေရဲ့ ၀မ်းဗိုက်ပိုင်း အရေပြားဟာဖောက်ထွင်းမြင်ရပြီး အရေပြားမှတဆင့် နှလုံး ၊ အသဲ၊ အစာခြေလမ်းကြောင်းတို့ကို မြင်နိုင်ပါတယ် ။ ( Heidi နှင့် Hans-Jurgen Koch ) တို့က ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။


၂ ။ ဖောက်ထွင်းမြင်ရတဲ့ ငါးခေါင်း ( Transparent Head Fish )


ဒီကိုးရိုးကားယားနိုင်တဲ့ ရေနက်ပိုင်းငါးကို Barreleye ( Macropinna microstoma ) လို့ခေါ်ပါတယ်။ သူ့မှာ ဖောက်ထွင်းမြင်နိုင်တဲ့ဦးခေါင်းပါရှိပြီး tubular ပုံစံ မျက်လုံးတစ်စုံကို ပိုင်ဆိုင်ပါတယ် ။ သူရဲ့ဦးခေါင်းမှာ အရည်တွေက အကာအရံတွေတစ်ခုသဖွယ် ပြည့်နေပြီး သူ့ရဲ့မျက်လုံးတွေက အလင်းရောင်ကို အရမ်းပဲ sensitive ဖြစ်ပြီး ကြည်လင်နေတဲ့ ဦးခေါင်းထဲမှာ မျက်လုံးတွေဟာ လည်ပတ်နိုင်ပါတယ်။ မျက်ကြည်လွှာကတော့ အစိမ်းရောင်ဖြစ်ပြီး ဦးခေါင်းထမှာ တည်ရှိပါတယ် ။ မျက်လုံးတွေဟာ အပေါ်ဘက်ကို လှန်ကြည့်နိုင်ပြီး (ဖောက်ထွင်းမြင်ရတဲ့အတွက် ) အစာဘယ်နေရာမှာရှိတယ်ဆိုတာကို ကြည့်နိုင်ပါတယ်။ အရှေ့စူးစူးကိုလည်း စူးစိုက်ပြီးကြည့်နိုင်ပါတယ် ။ ဒီငါးရဲ့ပါးစပ်ပေါ်က အစက်နှစ်စက်က မျက်လုံးမဟုတ်ပါဘူး ။ သူတို့ဟာ အနံ့ခံနိုင်တဲ့ အာရုံခံအစိတ်အပိုင်း နှာယောင်( nares ) ပဲဖြစ်ပါတယ်။ ဒါဟာ လူတွေရဲ့ နှာယောင် ( nostrils ) နဲ့လည်း ဆင်တူပါတယ် ။ ( Mbar ကရိုက်ကူးခဲ့တာ ဖြစ်ပါတယ် )


၃။ ဖောက်ထွင်းမြင်ရတဲ့ လိပ်ပြာ



ဒီလိပ်ပြာတွေကို Central America မှာတွေ့ရှိနိုင်ပြီး Mexico နဲ့ Panama တလျှောက်မှာလည်း တွေ့နိုင်ပါတယ်။ ကြည်လင်နေတဲ့လိပ်ပြာတောင်ပံတွေ ( Greta Oto ) ဟာ bursh-footed လိပ်ပြာမျိုး ဖြစ်ပြီး သူတို့ရဲ့ တောင်ပံတွေဟာ ဖောက်ထွင်းမြင်နိုင်ပါတယ် ။ သူတို့ရဲ့တောင်ပံတွေမှာ ရှိတဲ့ သွေးပြန်ကြောတွေကြားက တစ်ရှူးတွေဟာ ဖန်သားနဲ့ တူလှပါတယ်။ ( Hemmy က ရိုက်ကူးခဲ့တာ ဖြစ်ပါတယ် )


၎။ ဖောက်ထွင်းမြင်ရတဲ့ ကင်းမွန် ( Transparent Squid )



ဒီကင်းမွန်ကို Southern hemisphere's oceans မှာတွေ့နိုင်ပါတယ်။ ဒီဖန်ကင်းမွန် ဟာ Teuthowenia pellucida အုပ်စုဝင်ဖြစ်ပြီး တောက်ပတဲ့ အင်္ဂါအစိတ်အပိုင်းတွေ နဲ့ ဘောလုံးကဲ့သို့ လည်နိုင်သော မျက်လုံးတစ်စုံကိုလည်း ပိုင်ဆိုင်ပါတယ် ။ ရေနေဖြူကောင်နဲ့လည်း ဆင်တူပါတယ် ။ ဒီကင်းမွန်တွေဟာ ရေနက်ပိုင်းငါးတွေ ( ဥပမာ goblin shark ) ရဲ့ သားကောင်ဖြစ်ပြီး ဝေလငါးတွေနဲ့ ပင်လယ်ပြင်ကျက်စားတဲ့ငှက်ကြီးတွေရဲ့ အစာလည်းဖြစ်ပါတယ် ။


၅။Scientist တွေတီထွင်ထားတဲ့ ဖောက်ထွင်းမြင်နိုင်တဲ့ ( Transparent Zebrafish )



ပင်လယ်ပြင် တလျှောက်မှာ တွေ့နိုင်တဲ့ ဒီ zebrafish တွေကို ပညာရှင်တွေက ၂၀၀၈ ခုနှစ်မှာ ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ရောဂါတွေ ကင်ဆာဆဲလ်တွေ ပြန့်နှံ့ပုံကို လေ့လာဖို့ပဲ ဖြစ်ပါတယ်။ ဒီငါးရဲ့ ကိုယ်တွင်းအင်္ဂါတွေကို တိုက်ရိုက်ကြည့်ရှုလေ့လာ ဖို့အတွက် Bostonမှာရှိတဲ့ ကလေးဆေးရုံမှ researher တွေကို ခွင့်ပြုခဲ့ပါတယ် ။ သက်ရှိသတ္တ၀ါတွေမှာ ကင်ဆာပျံ့နှံ့ကြီးထွားပုံကို လေ့လာဖို့အတွက် ပဲဖြစ်ပါတယ်။( LS ကနေရိုက်ကူးခဲ့တာဖြစ်ပါတယ် )


၆ ။ ဖောက်ထွင်းမြင်နိုင်တဲ့ ရေခဲငါး ( Transparent icefish )



ရေခဲတမျှအေးမြနေတဲ့ Antarctica နဲ့ Southern America မှာရှိတဲ့ ပင်လယ်ပြင်တွေမှာ တွေ့မြင်နိုင်ပါတယ် ။ ဒီမိချောင်းအနွယ်ဝင် ရေခဲငါးတွေဟာChannichthyidae အုပ်စုကိုပိုင်ဆိုင်ပြီး သူတို့ဟာ ပုဇွန်ဆိတ်လေးတွေ ၊ copepod နဲ့ အခြားငါးတွေကို စားသုံးပါတယ် ။သူတို့ရဲ့ သွေးဟာ ကြည်လင်နေပါတယ် ။ သူတို့မှာ သွေးနီဥ ( haemoglobin ) မရှိပဲ ထုတ်လုပ်တဲ ဆဲလ် ( erythrocytes ) အနည်းငယ်သာ ရှိပါတယ် ။ဇီဝကမ္မဖြစ်စဉ်အရဆိုရင် အောက်ဆီဂျင်ဟာ သွေးရည်ထဲမှာ ပျော်ဝင်သွားပြီး အဲဒီအောက်ဆီဂျင်ကို အရေပြားမှ တဆင့် ရေထဲမှ တိုက်ရိုက်စုပ်ယူတယ်လို့ သိရပါတယ်။ဘာကြောင့်လည်းဆိုတော့ ရေမှာ အောက်ဆီဂျင်ဟာ အအေးဆုံးအချိန်မှာ ပျော်ဝင်နိုင်လို့ပါပဲ ။ သူတို့ရဲ့ ကြွက်သားထဲမှာ ရှိတဲ့ ကြွက်သားဆဲလ် ( myoglobin )ဟာ တောက်ပြောင်နေပြီး ပန်းရောင်နှလုံးသားအစား အဖြူရောင်ကိုသာ တွေ့မြင်နိုင်မှာဖြစ်ပါတယ် ။ ( Uwe kils ကရိုက်ကူးခဲ့တာဖြစ်ပါတယ် )


၇ ။ ဖောက်ထွင်းမြင်ရသော ကုန်းနေရေနေသတ္တ၀ါ ( Transparent Amphipod )


သူတို့ကို Phronima လို့ခေါ်ပြီး လတ်တလောရှာဖွေတွေ့ရှိထားတဲ့ မျိုးစိတ်တွေထဲမှာ အထူးဆန်းဆုံး သတ္တ၀ါလည်းဖြစ်ပါတယ် ။ ဒီကောင်တွေကို တောင်တွေဝန်းရံထားတဲ့ North Atlantic ပင်လယ်နက်ပိုင်းတွေမှာ တွေ့နိုင်ပါတယ် ။ ပုဇွန်ဆိတ်နဲ့ဆင်တူတဲ့ ဒီကောင်က သူရဲ့ အသက်ရှင်လွတ်မြောက်ဖို့ အ တွက်ကျုံ့နိုင်ဆန့်နိုင်ပြီး ရုတ်တရက်ပျောက်ကွယ် သွားအောင်လည်း ပြုလုပ်နိုင်ပါတယ် ။ သူ့လိုပဲ ပင်လယ်ရေနက်ပိုင်း အကောင်တွေဟာ ဖောက်ထွင်းမြင်နိုင်ပြီး ပတ်ဝန်းကျင်မှာ ရုတ်တရက် မမြင်ရအောင်ကြည်လင်နေပြီး အန္တရာယ်တွေကနေ လွတ်မြောက်အောင်ပြု လုပ်နိုင်ပါတယ် ။( David Shale က ရိုက်ကူးခဲ့တာ ဖြစ်ပါတယ် )


၈။ဖောက်ထွင်း မြင်နိုင်တဲ့ ပုဇွန်ဆိတ် ( Transparent Larval Shrimp )


Hawaii ပင်လယ်ပြင်မှာ တွေ့နိုင်ပြီး Jellyfish ကဲ့သို့ သူ့ကိုလည်း ဖောက်ထွင်းပြီးမြင်နိုင်ပါတယ် ။ ( Chris Newbert/Minden ကရိုက်ကူးခဲ့တာ ဖြစ်ပါတယ် )


၉ ။ ဖောက်ထွင်းမြင်နိုင်တဲ့ ( Transparent Salp )


Jellyfish နဲ့တူတဲ့ ဒီသတ္တ၀ါကို Salps လို့ခေါ်ပါတယ် ။ သူတို့ဟာ ရေထဲမှာရှိတဲ့ အပင်ငယ် ၊ ရေမှော်ပင် ( phytoplankton - marine algae ) တွေကိုစားသုံးပါတယ် ။ သူတို့ဟာ ဖောက်ထွင်းမြင်ရပြီး သေနတ်ပြောင်းပုံစံအကောင်ဟာ အရှည်အားဖြင့် ၁ မှ ၁၀ စင်တီမီတာ ထိရှိတယ်လို့ သိရပါတယ် ။ ( DM ကရိုက်ကူးခဲ့တာ ဖြစ်ပါတယ် )


၁၀ ။ ဖောက်ထွင်းမြင်နိုင်တဲ့ ဂျယ်လီငါး ( Transparent Jellyfish )



Jellyfish တွေဟာ Phylum Cnidaria အနွယ်ဝင် ဖြစ်ပြီး သမုဒ္ဒယာ တိုင်းမှာ နက်ရှိုင်းတဲ့ပင်လယ် ပြင်တွေရဲ့ မျက်နာပြင်တွေမှာ တွေ့နိုင်ပါတယ် ။ ဒီဂျယ်လီတွေဟာ ဖောက်ထွင်းမြင်နိုင်ပြီး သူတို့ကို တွေ့မြင်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး ။ အပေါ်မှာ ပြထားတဲ့အကောင်ကတော့ Arctapodema genus ဖြစ်ပြီး အရှည်ကတော့၂.၅ စင်တီမီတာ ရှည်ပါတယ် ။ ( Bill Curtsinger ကရိုက်ကူးခဲ့တာ ဖြစ်ပါတယ် )


စာရေးသူ......သက်တန့်ချို.....( ၁း၁၁ မနက် ၃.၉.၀၉ )

9 comments:

  1. အင်းးးလှတယ်နော် သူတို့တွေက ။ ထိုးဖောက်မြင်နေရတော့ ဟီးးးအူယားတယ် သွေးကြောတွေကို လှုပ်စိလှုပ်စိနဲ့ တွေ့ရင် ပေါ့။ ကြွက်ပေါက်စကို တွေ့ရင်လည်း အဲလိုပဲ ကိုင်ကြည့်ပြီး အသည်းယားနေရော အဲဒီသတ္တဝါလေးတွေ ကိုင်ကြည့်ချင်လိုက်တာ ကျေးဇူး သက်တန့်ရေ နော်။ မမြင်ဖူးတာ မြင်ရတာမို့ပါ။

    ReplyDelete
  2. မှတ်သားစရာ ကောင်းလို့ မေးလ်အဖြစ်ယူသွားတယ်နော်...။ :P

    ReplyDelete
  3. ကျော်ကျော်အောင်September 3, 2009 at 1:25 PM

    အဲ့ဒီအကောင်လေးတွေသူတို့
    ဗိုက်ထဲသူတို့ကြည့်ပြီးအူမယား
    ဘူးလားမသိဘူးနော်

    ReplyDelete
  4. ဗဟုသုတ ဟင်းလေးအိုးကြီးပါလား
    ကောင်းလိုက်တာ ဗျာ
    ပျော်ရွှင်ပါစေ
    ခင်တဲ့ ရန်ကုန်သား :D

    ReplyDelete
  5. ထူးထူးဆန်းဆန်းတွေရှာဖွေတင်ပြပေးတာ
    ကျေးဇူးပါ
    အပေါ်ဆုံးက ဖားပုံကတော့ အသည်းယားစရာကြီး

    ReplyDelete
  6. ထူးထူးဆန်းဆန်း ဖေါက်ထွင်းမြင်ရတဲ့ သတ္တဝါတွေ တွေ့ လိုက်ရတာ အူယားသွားတယ် ..

    အဲ့လိုမျိုး ဖေါက်ထွင်းမြင်လို့ ရတဲ့ လူသတ္တဝါ တွေရော.. ရှိလား ။ မြင်ချင် ကြည့် ချင် ပါတယ် ...
    အထူးသဖြင့် ဦးခေါင်းပိုင်းနဲ့  ဝမ်းဗိုက် ပိုင်း ပေါ့ ။
    ဒါမှ ဒီလူကြီး ဘာ မဟုတ်တာတွေတွေးနေ လဲ ၊ ဘာတွေ မတရားစားထားသလဲ ဆိုတာ အားလုံး သိရအောင်လေ .. :)

    ရှာ ပြီး တင်ပေးနော် ..

    ခင်တဲ့
    မကိ

    ReplyDelete
  7. ထူးထူးဆန်းဆန်းပဲ . ..

    ReplyDelete
  8. -ကြိုက်လို့ ကော်ပီကူးထားလိုက်တယ်၊Rar fileလုပ်ပြီးသိမ်းထားတယ်၊အထူးတင်တယ်နော..ကျေးဇူး...-

    ReplyDelete
  9. အံ့သြဖို့တော်တော်ကောင်းတယ်နော်

    ReplyDelete